ခင်ညွန့် (ဗိုလ်ချုပ်ကြီး)
ဗိုလ်ချုပ်ကြီး ဦးခင်ညွန့် (၂၃ အောက်တိုဘာ ၁၉၃၉ မွေးဖွား) သည် မြန်မာ တပ်မတော်အရာရှိဟောင်းနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ်လည်းကောင်း၊ ၂၅ ဩဂုတ် ၂၀၀၃ မှ ၁၈ အောက်တိုဘာ ၂၀၀၄ အထိ မြန်မာနိုင်ငံ၏ နဝမမြောက် ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နေအိမ်အကျယ်ချုပ်ဖြင့် ၇ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ဦးခင်ညွန့်သည် မြန်မာတရုတ် တစ်ဦး ဖြစ်သည်။[၁] ငယ်စဉ်ဘဝဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင်[၂][၃] ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုတ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိ သဘောကျသွားသဖြင့် အနားသို့ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲ တပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၂၅ ကိုတက်ရောက်ကာ ရာထူးအလွန် အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိခဲ့ကြသည်။ နိုင်ငံရေးမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလအမှတ် ၁ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အရေးအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။ နိုင်ငံခေါင်းဆောင်ကာလ၁၉၈၈ အရေးအခင်းနောက် ၁၈-၀၉-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၎င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်။ ၎င်းနောက် ၁၉၉၁ တွင် ဗိုလ်ချုပ်အဆင့်၊ ၁၉၉၃ တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဖြစ်လာပြီး ၎င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို တိုးချဲ့လာခဲ့သည်။ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင် ပါဝင်ခဲ့သည်။ ၁၉၉၇ တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေး မှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ တပ်မတော်ထောက်လှမ်းရေး အကြီးအကဲ အပြင် (၂၅-၈-၂၀၀၃) ရက်နေ့မှ (၁၈-၉-၂၀၀၄) ရက်နေ့အထိ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့ပုံမှာ အောက်ပါအတိုင်းဖြစ်သည်- စစ်ဘက်
ထူးခြားသောစွမ်းဆောင်ရည်၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှ ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၉၀-ခုနှစ်ကျော် နှစ်များ နောက်ပိုင်းအထိ ခင်ညွန့်အား ဗိုလ်ချုပ်နေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။ ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးကြားတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့် အခြားအာဏာ သိမ်းခေါင်းဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ -
အိမ်ထောင်ရေးဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေ နှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် Bagan Cybertech တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း တို့ကို ထွန်းကားခဲ့သည်။ ဒေါက်တာခင်ဝင်းရွှေရဲ့ အကိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တွင် ၂၀၁၀ ပြည့်အထိ ဗဟို အလုပ်အမှုဆောင်တာဝန်ထမ်း ဆောင်ခဲ့သူ ဒေါက်တာသန်းငြိမ်း ဖြစ်သည်။[၄][၅] ဖမ်းဆီးထိန်းသိမ်းခံရခြင်းဒေါ်အောင်ဆန်းစုကြည် လုပ်ကြံရန်ကြိုးစားခဲ့သည့် ဒီပဲယင်းအရေးအခင်းအပြီး ၂၀၀၃ ခု ဩဂုတ်လတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်း ခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့် ကို ကြေညာခဲ့သည်။ အာဆီယံ နိုင်ငံများနှင့် အနောက်နိုင်ငံများအကြား မြန်မာနိုင်ငံနှင့် ၎င်း၏ စစ်အစိုးရ ဝင်ဆံ့နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆို ခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်း၍ ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ်ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ်မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီးစန်းပွင့်၊ ဗိုလ်မှူးကြီးမြင့်အောင်ကျော်တို့ကို ဖမ်းဆီး အရေးယူခဲ့သည်။ ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ဗိုလ်မှူးကြီး ခင်အောင်အပါအဝင် ၎င်းထောက်လှမ်းရေးအရာရှိကြီး ၃၈ ဦးကို အကျင့်ပျက်ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော်အထိ ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။ ပြန်လွတ်လာခြင်း![]() ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂၀၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွှတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်းနေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့် ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့ပြီး နိုင်ငံရေး မလုပ်တော့ကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့သည်။ ရေးသားခဲ့သော စာအုပ်များအကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် အောက်ပါစာအုပ်များ ရေးသားခဲ့သည် -
ဦးခင်ညွန့်အကြောင်းရေးထားသောစာအုပ်များ
လက်ရှိအခြေအနေ၂၀၂၁စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေဆုံခဲ့ရာတွင် အသက် ၈၂နှစ် ထောက်လှမ်းရေး အရာရှိဟောင်းကြီး ဦးခင်ညွန့်သည် အယ်ဇိုင်းမား ရောဂါခံစားနေရသည် ဟုလည်း သိရသည်။[၆] ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်သားများသည် ၎င်း၏ အိမ်သို့သွား၍ အကူအညီလိုပါက ပေးမည် ဟု ပြောရာ ဦးခင်ညွန့်သည် ၎င်း၏ ပင်စင်နှင့် အခြားသောအကျိုးခံစားခွင့်များကို တောင်းဆိုခဲ့ရာ စစ်ကောင်စီက ကရုဏာကြေး အများအပြားပေးခဲ့သည် ဟုလည်း သိရသည်။[၆] ကိုးကား
|
Portal di Ensiklopedia Dunia