ဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီး
General
ရေတပ်ဗိုလ်ချုပ်ကြီး
(ကာကွယ်ရေးဦးစီးချုပ်(ရေ))
လေတပ်ဗိုလ်ချုပ်ကြီး
(ကာကွယ်ရေးဦးစီးချုပ်(လေ))
နိုင်ငံ မြန်မာ
တပ်ဖွဲ့ တပ်မတော်

 တပ်မတော် (ရေ)

 တပ်မတော် (လေ)
ရာထူးအုပ်စုထိပ်တန်းခေါင်းဆောင်ပိုင်းအရာရှိ
အထက်အဆင့်ရာထူးဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး
အောက်အဆင့်ရာထူးဒုတိယဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီး (အင်္ဂလိပ်: General) ဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အဆင့်မြင့်ရာထူးတစ်ခုဖြစ်သည်။ လက်နက်ကိုင်ဆောင်သည့်အဖွဲ့အစည်းများတွင် ခန့်အပ်သည့် ရာထူး ဖြစ်ကာ မြန်မာ့တပ်မတော် တွင် တတိယအဆင့်ရှိ ရာထူးဟု သတ်မှတ်ထားသည်။အဆိုပါရာထူး၏ အထက်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Vice Senior General) အဆင့် နှင့် ဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Senior General) တို့သာ ရှိတော့သည်။

တပ်မတော်

ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ (၁/၂၀၂၁)အရ ဗိုလ်ချုပ်မှူးကြီး ရာထူး နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးတို့အတွက် အသက်ကန့်သတ်ချက်မှာ မရှိတော့သော်လည်း  ဗိုလ်ချုပ်ကြီးအဆင့် ရာထူးကိုမူ  ၄ နှစ်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိကာ လိုအပ်လျှင် ၂ နှစ်ထက်မပိုသော သက်တမ်းအထိ ထပ်တိုးနိုင်သည်။ ဗိုလ်ချုပ်ကြီးအဆင့်အတွက် တာဝန်သတ်မှတ်ချက်အား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) တို့ထံ အပ်နှင်းထားသည်။[]

တစ်ဖက်တွင်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နေရာအချို့၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာ နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာ အပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နေရာတို့အား ဗိုလ်ချုပ်ကြီး အဆင့်ရှိသူများ ထားရှိသည်။

ကိုးကား

  1. ပဟေဠိဆန်တဲ့ စစ်တပ်ထိပ်ပိုင်း အပြောင်းအရွှေ့များBBC Burmese (၁၁ ဇန်နဝါရီ ၂၀၂၂)။ ၁၃ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya