ခင်သီရိသက်မွန်
ခင်သီရိသက်မွန် (၁၉၈၁ ဒီဇင်ဘာ ၅ မွေးဖွား) သည် မြန်မာနိုင်ငံသား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ သူမသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သည်။ အမှတ်မထင်လုပ်ငန်းရှင်ဘဝEverfit အားကစားရုံများကို ထောင်ကာ လူမြင်ကွင်းမှ ရှောင်နေသည်။ နောက် သူအရင်းထည့်ထားသော ခင်ပွန်းဖြစ်သူ၏လုပ်ငန်း သတ္တမမြောက်အာရုံ (7th Sense Creation) ကို ရှယ်ယာများ လွှဲယူလိုက်ပြီးနောက် အနုပညာရှင်များနှင့်တွဲ၍ လူသိများလာသည်။[၁][၂][၃][၄] မိုင်တဲအတွက် တာဝါတိုင်များဆောက်ပေးသည့် ပင်နီကယ်အေးရှားကုမ္ပဏီ၌လည်း ရှယ်ယာရှင်ဖြစ်သည်။ မိသားစုဘဝဒီဂျေစွမ်းမိုက် ခေါ် လင်းမြင့်ဖွယ်နှင့်လက်ထပ်ရာ ဧကရီလင်းသက်လှိုင် (၂၀၁၂ ဩဂုတ် ၁၂ ဖွား) နှင့် ဧကရီသက်မွန်လှိုင် (၂၀၁၆ ဇွန် ၉ ဖွား) ဟူသော သမီး ၂ ယောက်ရသည်။ ၂၀၁၈ ခု၌ ကွာရှင်းကြသည်။ နိုင်ငံတကာမှ ပိတ်ဆို့မှုများ၂၀၁၉ ခုနှစ်တွင် သူမအား အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ၂၀၂၁ မတ်လ ၁၀ တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးနှစ်ဦးဖြစ်သော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့ခြင်းခံရသူများဖြစ်လာခဲ့ကြသည်။ ထိုသို့အရေးယူပိတ်ဆို့မှု၌ ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီ (၆) ခုလည်းပါဝင်ခဲ့၏ ။[၅][၆] ကိုးကား
|
Portal di Ensiklopedia Dunia