အောင်ပြည့်စုံ
အောင်ပြည့်စုံ (၁၉၈၄ မွေးဖွား) သည် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး လုပ်ငန်းကြီးများဖြစ်သော စကိုင်းဝမ်းဆောက်လုပ်ရေးနှင့် အောင်မြင့်မိုရ်မင်းအာမခံလုပ်ငန်းတို့ကို ပိုင်ဆိုင်သည်။[၁] တယ်လီကွန်းဝန်ဆာင်မှုလုပ်ငန်း မိုင်တဲတွင်လည်း တစ်ဦးချင်းအနေဖြင့် အများဆုံးရှယ်ယာရှင်ဖြစ်ကြောင်း သိရသည်။[၁] မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဖြစ်သောကြောင့် လူမုန်းများသည်။ ၎င်း၏ဖခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့်ကာလ သမ္မတ ဦးသိန်းစိန်လက်ထက်၌ ဈေးကွက်အောက် အလွန်နည်းသော ပမာဏဖြင့် ရန်ကုန်ပြည်သူ့ဥယျာဉ်အတွင်းရှိ တန်ကြေးမြင့်စားသောက်ဆိုင်နှင့် ပန်းချီပြခန်းကို နှစ် ၃၀ ငှားခွင့် ရသည်။[၂] ပို့ခွန်သွင်းခွန်ကင်းလွတ်ခွင့်နှင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေး၌ အလိုအလျောက်ခွင့်ပြုမိန့်ရသော အေအန္နံမဟာ (A&M Mahar) ပို့ကုန်သွင်းကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်နေသည်။[၃][၄] မြန်မာနိုင်ငံ၏ အခွန်ဦးစီးဌာနကို ခေါင်းဆောင်သူမှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာဟောင်း ကျော်ထင်ဖြစ်သည်။[၄] ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှလည်း ထင်မထားနိုင်လောက်အောင်နည်းသော ငွေပမာဏဖြင့် အရက်ရောင်းချခွင့် ရခဲ့သည်။ ကန်သာယာဆေးရုံ၏ ရှယ်ယာရှင်ဖြစ်ပြီး ချောင်းသာ၊ ပုဂံ၊ မန္တလေး၊ အင်းလေး စသော ပြည်ပခရီးသွားများကျက်စားရာတို့၌ ဖွင့်ထားသော အဇူရဟိုတယ်တွဲကြီးကိုလည်း အခြားစီးပွားရေးလုပ်ငန်းရှင်တဦးနှင့်အတူ ပူးတွဲပိုင်ဆိုင်သည်။ ချောင်းသာ၌ အဇူရကမ်းခြေအပန်းဖြေစခန်းသည် အကြီးဆုံးဖြစ်သည်။[၅][၆][၇] မိသားစုဘဝစတယ်လာ(၇) လုပ်ငန်းနှင့်၊ ချမ်းငြိမ်းပြည့်စုံထုတ်လုပ်ရေးလုပ်ငန်း ပိုင်ရှင်ဖြစ်လာမည့် မျိုးရတနာထိုက်နှင့်လက်ထပ်ရာ ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်ဟူသော သမီး ၂ ယောက်ရှိသည်။ နိုင်ငံတကာပိတ်ဆို့မှုများ၂၀၁၉ ခု၌ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က အောင်ပြည့်စုံပိုင်သောလုပ်ငန်းများကို အရေးယူရန် တောင်းဆိုဖူးသည်။[၁] ၂၀၂၁ ခု၊ မတ်လ ၁၀ ရက်နေ့တွင် အမေရိကန်အစိုးရက အောင်ပြည့်စုံနှင့် ညီမ ခင်သီရိသက်မွန်ကို စီးပွားရေးပိတ်ဆို့ရန် သတ်မှတ်ခဲ့သည်။[၈][၉][၁၀][၁၁] ကိုးကား
|
Portal di Ensiklopedia Dunia