ချစ်ဆွေ (သံအမတ်ကြီး)

H.E

ချစ်ဆွေ
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇန်နဝါရီ ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်
ယခင်လူဦးမြင့်နောင်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၈ ဇွန် ၂၀၂၂ – ၃၀ ဇန်နဝါရီ ၂၀၂၅
ခန့်အပ်သူမင်းအောင်လှိုင်
ယခင်လူဦးမျိုးမြင့်သန်း
ဆက်ခံသူဇော်ဇော်စိုး
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
ကြင်ဖော်နီနီအောင်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်မှူးချုပ်

ချစ်ဆွေ (သံအမတ်ကြီး) သည် မြန်မာ့တပ်မတော်အရာရှိတစ်ဦး နှင့် သံအမတ်ကြီးဟောင်း တစ်ဦးဖြစ်သည်။လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။ယင်းမတိုင်မီက သူသည် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တစ်ဦး ဖြစ်ခဲ့သည်။

စစ်မှုထမ်းဘဝ

သူသည် မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူးအထိ စစ်မှုထမ်း ခဲ့သည်။၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) တာဝန်အပ်နှင်းခံရသည်။ ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံ [] တို့တွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၂၁ နောက်ပိုင်းတွင် အရပ်ဘက်သို့ ကူးပြောင်းလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံအမတ်ကြီး ဖြစ်လာသည်။

သံအမတ်ကြီး

သူ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်တွင် ကြေညာသည်။သံအမတ်ကြီး ဦးချစ်ဆွေသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်တွင် ဗန်ကောက်မြို့၌ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ထံ ပေးအပ်ခြင်းဖြင့် သံတာဝန်ကို စတင်ထမ်းဆောင်သည်။[] နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ၎င်းအား ဝန်ကြီးရုံးအမိန့်ကြော်ငြာစာအမှတ် (၀၃၃/၂၀၂၅) ဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်မှ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့ခန့်ထားသည်။

ဝန်ကြီး

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အလုပ်သမားဝန်ကြီး ဌာန ၏ ပြည်ထောင်စုဝန်ကြီး တာဝန်ပေးအပ်သည်။[]

ကိုးကား

  1. "ရိုဟင်ဂျာ" ဆိုတဲ့ အပေါ် သဘောထား မြန်မာသံအမတ် ရှင်းပြVOA Burmese (၁၈ ဖေဖော်ဝါရီ ၂၀၁၈)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. သံအမတ်ကြီး ဦးချစ်ဆွေ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်MOI Myanmar (၁၉ ဇွန် ၂၀၂၂)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၅)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya