နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းထားသော စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အိမ်စောင့်အစိုးရဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ကောင်စီဥက္ကဋ္ဌမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၁][၂]အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုဖွဲ့စည်းကာ ၎င်းက ဥက္ကဋ္ဌ လုပ်သည်။ သမိုင်းကြောင်း၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် တတိယအကြိမ်လွှတ်တော်များကို စတင်ရန် စီစဉ်ထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်တွင် တပ်မတော်မှ အာဏာကိုသိမ်းယူမှုပြုလုပ်ခဲ့သည်။ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှအပ ကျန်ရှိသော နိုင်ငံတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဗဟို/ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားထင်ရှားသူအချို့ကို မတရားဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်ပိုင် မြဝတီ ရုပ်သံမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုင်ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေကို ယာယီသမ္မတခန့်အပ်ကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် (၁)နှစ်ကြေညာကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ကြောင်း ကြေညာခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။ အခွင့်အာဏာအာဏာသိမ်း စစ်ခေါင်းဆောင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်သဖြင့် နိုင်ငံတော်၏ အာဏာ ၃ ရပ်လုံး ၎င်းထံတွင် ရှိလေသည်။[၃]ရှိသည်ဆိုသော်ငြားလည်း ၎င်း၏ စစ်အစိုးရ အုပ်ချုပ်သည် ကို မခံချင်၍ ပြန်လည်တိုက်ခိုက်နေသူအများအပြား ရှိသောကြောင့် အသုံးချရာတွင် အခက်အခဲ ရှိသည်။ ဥက္ကဋ္ဌများစာရင်း
ဒုတိယ ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည်။ စာရင်း
အခြားကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia