ချစ်မောင် (ဂျာနယ်ကျော်)
ဂျာနယ်ကျော်ဦးချစ်မောင် (၁၂၇၃-၁၃၀၇)သည် စာရေးဆရာ၊အယ်ဒီတာတစ်ဦးဖြစ်ပြီး မြန်မာပြည်တွင်ထင်ရှား ခဲ့သည့် ဂျာနယ်ကျော် ကို ဦးစီးထုတ်ဝေခဲ့သူဖြစ်သည်။ ငယ်ဘဝသာယာဝတီခရိုင် အုတ်ဖိုမြို့တွင် မြန်မာသက္ကရာဇ် ၁၂၇၃-ခု၊ ပြာသိုလဆန်း(၁၃)ရက်၊ တနင်္လာနေ့၌ အဖ ဦးမြ၊ အမိ ဒေါ်စောယုတို့က ဖွားမြင်သည်။ အမည်ရင်းမှာ ဦးချစ်မောင်ဖြစ်သည်။ (အမိ၏ဖခင်ဖြစ်သော ရွှေကျင်ဝန်ကြီးဦးကျင်မှာ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းယူစဉ်က တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသူဖြစ်သည်။) ပညာရေးငယ်စဉ်က လက်ပံတန်းမြို့တွင်ပညာသင်ကြားရသည်။ လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာအို-အောင်ထွန်း က ကျောင်းထားပေးသဖြင့် (၁၀)တန်း အောင်မြင်ကာ ထိုကျောင်း၌ပင် ခေတ္တကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ စာပေလောကသို့ ဝင်ရောက်ခြင်းထို့နောက် ရန်ကုန်မြို့ သို့ စာအုပ်ဝယ်ရန် ခေတ္တရောက်ရာမှ တစ်ခါတည်း မပြန်တော့ဘဲ အနော်ရထာသတင်းစာတိုက်တွင် ဝင်လုပ်သည်။ နောက်ပိုင်းတွင် ဈေးနှုန်းသတင်းစာတိုက်နှင့် မြန်မာ့အလင်းသတင်းစာတိုက်တွင် ဝင်ရောက်လုပ်ကိုင်သည်။ ကြိုးစားလုပ်ကိုင်သဖြင့် ညအယ်ဒီတာချုပ်ဘဝသို့ အဆင့်ဆင့် တိုးမြှင့်ခံရသည်။ မြန်မာ့အလင်းအယ်ဒီတာချုပ်ဘဝ နှင့် နိုင်ငံအတွက် အကျိုးရှိမည့် သတင်းများကို ထက်ထက်မြက်မြက် ရေးသဖြင့် တိုက်ရှင်နှင့် စိတ်သဘောချင်း မတိုက်ဆိုင် ဖြစ်လာသည်။ ဆောင်ရွက်မှုများ
၁၃၀၀ - ပြည့် - ရေနံသပိတ်တပ်ကြီး ချီတက်လာသည့်သတင်း၊ အစိုးရပုလိပ်တပ်များက မြင်းတပ်နှင့် နှိမ် နှင်း၊တုတ်နှင့်သိမ်း ရိုက်၊လူတွေကို ဖမ်းချုပ်သည့် သတင်းများ ကို မှတ်ချက်အမျိုးမျိုးချပေးလျှက် လှုံ့ဆော်ခဲ့၊ ထိ ရောက်လှသည်။
နိုင်ငံရေးဦးချစ်မောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ကာ လွတ်လပ်ရေးအတွက် အရေးဆိုရာတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်ခဲ့။ ဖဆပလ ဖွဲ့ စည်းရန် ဘုရင်ခံထံသို့တင်ပြသော စည်းကမ်းများကို ရေးဆွဲရာတွင် ဦးချစ်မောင် ၏ အကြံဉာဏ် များစွာ ပါဝင်သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့။ ဘဝနိဂုံး(၃ ဧပြီ ၁၉၄၆- ခု) ၁၃ဝ၇ခုနှစ်၊တန်ခူးလဆန်း(၂)ရက် ဗုဒ္ဓဟူးနေ့ တွင် ကွယ်လွန်သည်။[၁] [၂] ဖဆပလ အဖွဲ့ချုပ် မှ ကြီးမှူး၍ ကြံတောသုသာန်တွင် သဂြိုဟ်သည်။ မိသားစုကွယ်လွန်ချိန် တွင် ဇနီး ဒေါ်မမလေး၊ သား(၂)ယောက်နှင့် သမီး(၁)ယောက် ကျန်ရစ်ခဲ့။ ထင်ရှားသောစာအုပ်အချို့
ကိုးကား
|
Portal di Ensiklopedia Dunia