ချစ်အဏုမြူ (ရုပ်ရှင်)

ချစ်အဏုမြူ သည် ရှက်လွန်းလို့အမည်ရှိ ဝတ္ထုကို စာရေးဆရာ ဒါရိုက်တာဦးသုခကိုယ်တိုင် ဇာတ်ညွှန်းရေးရိုက်ကူးခဲ့သော အသံတိတ်ရုပ်ရှင်တစ်ကားဖြစ်သည်။ ယင်းရုပ်ရှင်ကို သစ်ဆန်းရုပ်ရှင်မှ စစ်ပြီးခေတ် ၁၉၄၈ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ဘချစ်၊ မျိုးချစ်၊ ခင်အုန်းမြင့်၊ ခင်ခင်တင့်တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ ထိုးခန်း နှိပ်စက်ခန်း မပါ၊ သဘာဝကျသော အချစ်ဇာတ်ကား ဖြစ်၍ ကားကောင်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ မြို့မမောင်မှ စာရေးဆရာသုခအား ဤဇာတ်ကားအတွက် ရွှေတံဆိပ်ဆုချီးမြှင့်ခဲ့သည်။

ကိုးကား


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya