ဝီကီပီးဒီးယား:ရင်းမြစ်များကို ကိုးကားခြင်း

အကိုးအကား သို့မဟုတ် ကိုးကား ဆိုသည်မှာ အချက်အလက်များ၏ ရင်းမြစ် တစ်ခုဖြစ်ကာ နမူနာအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။

Ritter၊ R. M. (2003)။ The Oxford Style Manual။ Oxford University Press။ p. 1။ ISBN 978-0-19-860564-5

ဝီကီပီးဒီးယား၏ စိစစ်အတည်ပြုခံနိုင်မှု မူဝါဒအရ ဆောင်းပါးများအတွင်းရှိ မေးခွန်းထုတ်ခံထားရသော သို့မဟုတ် မေးခွန်းထုတ်ခံရနိုင်သော မည်သည့် အကြောင်းအရာမဆိုနှင့် အားလုံးသော စာကိုးများအတွက် ကိုးကားချက်များ ထည့်သွင်းရန် လိုအပ်သည်။

ဆောင်းပါးတစ်ခုအတွင်းရှိ ကိုးကားတစ်ခုတွင် နှစ်ပိုင်းပါဝင်သည်။ ပထမတစ်ပိုင်းမှာ ဖော်ပြချက်စာသားအား အခြေတည်ထားသည့်၊ သို့မဟုတ် ရယူထားသည့်၊ ပြင်ပရင်းမြစ်တစ်ခုအား inline citation အနေဖြင့် မှတ်သားထားသည်။ inline citation တွင် အောက်ခြေမှတ်စုအတွက် နံပါတ်ဖြင့် မှတ်သားထားခြင်း၊ သို့မဟုတ် ကိုးကားအတို ဟု ခေါ်သည်။ ဒုတိယ ကိုးကားအပိုင်းမှာ ကိုးကားနှင့်ပတ်သက်သော အချက်အလက်အပြည့်အစုံကို ဖော်ပြထားခြင်းဖြစ်ကာ ဆောင်းပါးဖတ်ရှုသူများအနေဖြင့် ရင်းမြစ်ကို ရှာဖွေနိုင်ကာ အတည်ပြုနိုင်မည် ဖြစ်သည်။

ဤစာမျက်နှာတွင် အဆိုပါ ကိုးကားများအား မည်သို့မည်ပုံ ထားရှိ အသုံးပြုရမည်နှင့် ပတ်သက်၍ လမ်းညွှန်ရှင်းလင်းပြသသွားမည် ဖြစ်သည်။ ဆောင်းပါးတစ်ခုခြင်းစီသည် ကိုးကားနည်းလမ်းတစ်ခု သို့မဟုတ် ဆီလျော်သော ကိုးကားကို အသုံးပြုရမည် ဖြစ်သည်။ အကယ်၍ ဆောင်းပါးတစ်ခုတွင် ကိုးကားများ ပါဝင်ပြီး ဖြစ်ပါက အဆိုပါကိုးကားနည်းလမ်းအား အသုံးပြုခြင်းဖြင့် တပြေးညီဖြစ်စေမည်ဖြစ်ပြီး ပြောင်းလဲမှုများ ပြုလုပ်လိုပါက ဆွေးနွေးချက် စာမျက်နှာတွင် အများဆန္ဒရယူနိုင်သည်။ သင့်အနေဖြင့် ကိုးကားအား နည်းလမ်းတကျ ရေးသားနိုင်ရန် ကြိုးစာခြင်းထက် ရင်းမြစ်အား အတည်ပြုနိုင်ရန် အချက်အလက်များ အလုံအလောက်ပေးခြင်းကို ပိုမိုကြိုးစားသင့်သည်။ လိုအပ်ပါက ပုံစံချခြင်းကို ပိုမိုကောင်းမွန်အောင် အခြားသူများက ဆောင်ရွက်ပေးပါလိမ့်မည်။ ဝီကီပီးဒီးယား ဆောင်းပါးများအတွင်း ကိုးကားများ ထည့်သွင်းပုံ အတိုချုပ်အတွက် "အကူအညီ:လူသစ်များအတွက် ကိုးကားခြင်း"နှင့် တွင် ကြည့်ရှုနိုင်ပါသည်။





ပြင်ပလင့်ခ်များ

တမ်းပလိတ်:ဝီကီပီးဒီးယား ကိုးကားခြင်း

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya