ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်

ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်
ဂရင်းကင်ညွန်အား မြောက်ဘက်ကမ်းပါးစွန်းမှ မြင်ရပုံ
တည်နေရာကိုကိုနီနို ကောင်တီ နှင့် မိုဟေ့ဗ်ကောင်တီ ၊ အရီဇိုးနား
အမေရိကန်ပြည်ထောင်စု
မြောက်အမေရိက
အနီးဆုံး မြို့ဖရီဒိုးနီးယား ၊ အရီဇိုးနားပြည်နယ် (မြောက်ဘက် ကမ်းပါးစွန်း)
တူဆာယန်း၊ အရီဇိုးနားပြည်နယ် (တောင်ဘက် ကမ်းပါးစွန်း)
ကိုဩဒိနိတ်36°03′19″N 112°07′19″W / 36.0552608°N 112.1218355°W / 36.0552608; -112.1218355ကိုဩဒိနိတ်: 36°03′19″N 112°07′19″W / 36.0552608°N 112.1218355°W / 36.0552608; -112.1218355
ဧရိယာ၁,၂၁၇,၂၆၂ ဧက (၄,၉၂၆.၀၈ km2)
ဖွဲ့စည်းဖေဖော်ဝါရီ ၂၆၊ ၁၉၁၉ (၁၉၁၉-၀၂-၂၆)
လည်ပတ်သူများ၅,၉၆၉,၈၁၁ (၂၀၁၆ ခုနှစ်အတွင်း)
အုပ်ချုပ်ရေးအမျိုးသားဥယျာဉ် ဝန်ဆောင်မှု ဌာန
ဝဘ်ဆိုဒ်Grand Canyon National Park
ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  အမေရိကန်
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii,viii, ix, x
ကိုးကား ၇၅
ဒေသ** ဥရောပ နှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်သည် အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားဥယျာဉ် အဖြစ် သတ်မှတ်ခြင်းခံရသော နေရာများတွင် ၁၅ ခုမြောက် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်း ခံရပြီး အရီဇိုးနားပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် ရှိသည်။ ၎င်းဥယျာဉ်၏ အဓိက နေရာမှာ ကော်လိုရာဒိုမြစ်၏ ချောက်ကမ်းပါးတစ်ခု ဖြစ်သော ဂရင်းကင်ညွန် ချောက်ကမ်းပါး ဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်များ တွင် အပါအဝင် အဖြစ် သတ်မှတ်လေ့ရှိသော နေရာ ဖြစ်သည်။ ထိုဥယျာဉ်သည် ၁,၂၁၇,၂၆၂ ဧက (၁,၉၀၁.၉၇၂ စတုရန်းမိုင် ၊ ၄၉၂,၆၀၈ ဟက်တာ၊ ၄၉၂၆.၀၈ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းပြီး ကိုကိုနီနို ကောင်တီ နှင့် မိုဟေ့ဗ်ကောင်တီတို့၏ အုပ်ချုပ်ရေးဒေသ မဟုတ်သော နယ်မြေများပါဝင်သည်။ ၂၀၁၆ ခုနှစ်တွင် အပန်းဖြေ လာရောက်သူ ၆ သန်းခန့် ရှိခဲ့ပြီး အမေရိကန် အမျိုးသားဥယျာဉ်များတွင် ဂရိတ်စမုတ်ကီတောင် အမျိုးသားဥယျာဉ်ပြီးလျှင် ဒုတိယမြောက် လာရောက်သူ အများဆုံး ဖြစ်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya