ကမ္ဘာ့အံ့ဖွယ်များ![]() နှစ်ပေါင်းများစွာအတွင်း၌ ကမ္ဘာပေါ်ရှိ လူတို့တည်ဆောက်ခဲ့သော အရာများနှင့် သဘာဝအလျောက် ဖြစ်ပျက်နေသောအရာများကို စုစည်း၍ ကမ္ဘာ့အံ့ဖွယ်များ အဖြစ် စာရင်းအမျိုးမျိုးပြုစုခဲ့ကြသည်။ ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါးသည် အစောဆုံးတွေ့ရသောစာရင်းဖြစ်ပြီး လူသားတို့၏ ထင်ရှားသော ရှေးဟောင်း ဂန္ထဝင် တည်ဆောက်မှုနှင့်ပတ်သက်နေသည်။ ထိုစာရင်းသည် ရှေးခေတ်ဂရိ ရှုခင်းကြည့်သူတို့၏ လမ်းညွှန်စာအုပ်ကို အခြေခံထားခြင်းဖြစ်ပြီး မြေထဲပင်လယ်ဒေသ ပတ်ဝန်းကျင်ရှိ အရာများသာပါဝင်သည်။ ခုနစ် ဂဏန်းကို ရွေးချယ်ထားခြင်းမှာ ဂရိလူမျိုးတို့အနေနှင့် ထူးခြားဆန်းကြယ်သော ဂဏန်းအဖြစ်မှတ်ယူထားသောကြောင့် ဖြစ်သည်။ ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး![]() သမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်(ဘီစီ ၄၈၄- ဘီစီ ၄၂၅) နှင့် အယ်လက်ဇန်းဒရီးယားပြတိုက်ရှိ ဆိုင်းရင်းန်မှပညာရှိ ကယ်လီမာချူး(scholar Callimachus of Cyrene) (ဘီစီ ၃၀၅ -ဘီစီ ၂၀၄) တို့သည် ကမ္ဘာ့အံဖွယ်ခုနစ်ပါးနှင့်ပတ်သက်သော အစောဆုံးစာရင်းကို ပြုစုခဲ့ကြသည်။ သို့သော် သူတို့၏ရေးသားချက်မှာ ကိုးကားချက်မှအပ ကျန်ရစ်ခဲ့ခြင်းမရှိပေ။ ထိုအံဖွယ်များတွင် အောက်ပါအဆောက်အဦးတို့ ပါဝင်သည်။
ဂရိဘာသာဖြင့် ရေးသားချက် theamata မှာ အံ့ဖွယ်ဟု အဓိပ္ပာယ်မရပဲ မကြည့်မဖြစ် ဟု အဓိပ္ပာယ်ထွက်သည်။ ယနေ့ခေတ်တွင် အများသိရှိကြသော စာရင်းမှာ အလယ်ခေတ်တွင် စုစည်းတည်းဖြတ်ခဲ့ကြသည်။ သို့သော် အဆောက်အဦးအများစုမှာ ယနေ့ခေတ်တွင် တည်ရှိခြင်း မရှိတော့ပေ။ ယနေ့ထက်တိုင် ကျန်ရစ်ခဲ့သော အဆောက်အဦးမှာ ဂီဇာရှိ မဟာပိရိမစ်ကြီး တစ်ခုသာဖြစ်သည်။
ဘေဘီလုံဘုရင် နက်ဗျူခတ်နက်ဇာဘုရင်၏ ချစ်လှစွာ သော မိဖုရားမှာ စိမ်းလန်းသာယာသော တောင်ကုန်းဒေသမှ လာသူဖြစ်၍၊ ခြောက်သွေ့၍ အပင်များကင်းမဲ့သော ဘေဘီလုံ နိုင်ငံတွင် မနေတတ်အောင်ဖြစ်နေသဖြင့်၊ မိဖုရားစိတ်လက် ကြည်လင်ရန် ဥယျာဉ်ပျံများကို စီမံဆောက်လုပ်စေသည်။ ထိုဥယျာဉ်ပျံများမှာ ကျောက်အင်္ဂတေများဖြင့် အဆင့်ဆင့် ပြုလုပ်ထား၍ ၇၅ ပေမှ ပေ ၃ဝဝ ခန့်အထိ မြင့်လေသည်။ ထိုအဆင့်များပေါ်တွင် သစ်ပင်ပန်းပင်ပေါင်း စုံလင်စွာကို စိုက်ပျိုးစေ၍၊ ယူဖရေးတီး မြစ်မှရေကို ပိုက်လုံးများဖြင့် သွယ်လျက် သစ်ပင်များအားလောင်းစေ၏။ဤသို့ဖြင့်လှပ ဆန်းကြယ်စွာသောဥယျာဉ်ပျံများဖြစ်လာ၍ထင်ရှားကျော်ကြား လှ၏။ ယခုအခါတွင်မူကား အပျက်အစီးများကိုသာတွေ့မြင်ရ တော့သည်။ အာရှမိုင်းနားနယ်ရှိ ဂရိတို့တည်ဆောက်ခဲ့သော အက်ဖီဆပ် မြို့မှ အားတီမစ်နတ်သမီး၏ နတ်ကွန်းမှာလည်းအံ့ဖွယ်တစ်ပါး ဖြစ်ခဲ့သည်။ ထိုနတ်ကွန်းကို ဘီစီ ၃ဝဝ ခန့်က ဆောက်လုပ် ပြီးစီးခဲ့၏။ အေဒီ ၂၆၂ ခုနှစ်တွင် ဂေါ့သလူမျိုးတို့၏ လက်ချက်ဖြင့် ပျက်စီးသွား၍ ကာလကြာမြင့်လေသော် မြေ အောက်တွင် နစ်မြုပ်နေခဲ့သည်။ ထိုနတ်ကွန်းနေရာကို တူးဖော် ကြည့်ရာမှရရှိသော ပေ ၆ဝ ခန့်ရှိ တိုင်လုံးကြီးတစ်လုံးကို ဗြိတိသျှပြတိုက်တွင် ထားရှိ၏။ ဇုနတ်ရုပ်ကြီးမှာ ယခုအခါ လုံးဝပျက်စီးသွားချေပြီ။ ထို နတ်ရုပ်ကြီး၏ ပုံပန်းသဏ္ဌာန်ကို ကျွန်ုပ်တို့သည် အီးလစ် ဒင်္ဂါးပြားများတွင်ပါသော ပုံများမှ သိရှိကြရ၏။ ထိုနတ်ရုပ်ကြီး မှာ ဂရိနိုင်ငံ ပယ်လိုပွန်နီးဆပ်ကျွန်းဆွယ်၊ အိုလံပီယာမြို့တွင် ဘီစီ ၅၇၈ ခုနှစ်ခန့်က ထင်ရှားသော ရုပ်လုံးထုဆရာကြီး ဖီးဒီးယက်က ထုလုပ်ထားခဲ့သည်။ ထိုနတ်ရုပ်ကြီးမှာ ပေ ၆ဝ ခန့် မြင့်၍ ကြီးမားလှပြီးလျှင် ဆင်စွယ်နှင့် ရွှေတို့ဖြင့် ထုလုပ် ထားကြောင်းသိရှိရ၏။ ဘီစီ ၃၇၈ ခုနှစ်လောက်တွင် နတ်ရွာစံသော ကဲရီးယား ပြည့်ရှင် ဘုရင်မောဆိုလပ်အတွက် မိဖုရားကဆောက်လုပ် ခဲ့သော သင်းချိုင်းဂူကြီးမှာ အာရှမိုင်းနားနယ် ဟယ်လီကာနက် ဆပ် မြို့တွင်ရှိ၍ မောဆိုလီယမ်ဟု ခေါ်သည်။ လေးထောင့် လျားလျားပုံရှိသည့် ဂူကြီးပေါ်တွင် လှပသော တိုင်လုံးကြီး များစီကာ ဆောက်လုပ်ထားပြီးလျှင် ထိုအပေါ်မှတစ်ဖန် အမိုး သဏ္ဌာန် ပိရမစ်ဖြင့် မိုးထား၏။ ထိုပိရမစ်အမိုးပေါ်တွင် ဘုရင် နှင့် မိဖုရားတို့ မြင်းလေးကောင်ကသော ရထားကို စီးနေသည့် ပုံကို ထုလုပ်ထားရာ၊ ဘုရင်ကြီး၏ရုပ်တုမှာ ၁ဝ ပေမြင့်လေ သည်။ ထိုအဆောက်အအုံကြီးကား ဂရိပိသုကာ တို့၏လက်ရာ ဖြစ်၏။ ယခုအခါတွင် ပျက်စီးယိုယွင်းသွားပြီဖြစ်ရာ အချို့ အပျက်အစီးများကို ဗြိတိသျှပြတိုက်တွင် ထိန်းသိမ်းထားလေ သည်။ ထိုအဆောက်အအုံကြီးမှာ ခိုင်ခံ့ကြီးမား လှပတင့်တယ် သဖြင့် နောက်နောင်တွင် ကြီးမားလှသော ဂူသင်းချိုင်းများကို မောဆိုလီယမ်ဟု ခေါ်ဝေါ်ကြ၏။ ဆဋ္ဌမအံ့ချီးဖွယ်ရာကား အီးဂျီးယန်း ပင်လယ်အတွင်းရှိ ရုပ်ကျွန်း၏သင်္ဘောဆိပ်တွင် တည်ရှိခဲ့သော အရုပ်ကြီးဖြစ်လေ သည်။ ထိုအရုပ်ကြီးများ ဟီးလီယော့အမည်ရှိသော နေနတ်ရုပ် ကြီးဖြစ်၍ ကြေးနှင့်ပြုလုပ်ထားပြီးလျှင် ပေ ၁ဝဝ မျှမြင့်လေ သည်။ ထိုအရုပ်ကြီးကို ဘီစီ ၂၈ဝ ခန့်က တည်လုပ်ထားလေ သည်။ ဘီစီ ၂၂၄ ခုနှစ်တွင် ငလျင်ကြီးလှုပ်သဖြင့် ထိုအရုပ် ကြီးသည်ပြိုလဲသွားရာ နှစ်ပေါင်းတစ်ထောင်ခန့် ကြာသောအခါ တွင် ထိုအရုပ်ကြီးမှ အပျက်အစီးများကို စုဆောင်း၍ သတ္တု ဟောင်းအဖြစ်ဖြင့် ရောင်းချလိုက်ကြ၏။ သတ္တမအံ့ချီးဖွယ်ရာမှာကား အယ်လက်ဇန္ဒြီးယားမြို့ရှိ ဖေးရော့မီးပြတိုက်ကြီးဖြစ်လေသည်။ အီဂျစ်ကမ်းခြေတွင်ရှိ၍ ထိုမြို့ကြီးနှင့် ကပ်နေသော ကျွန်းကလေးတစ်ကျွန်းမှာ ဖေးရော့ ကျွန်းဟု ခေါ်၏။ အယ်လက်ဇန္ဒာ-သ-ဂရိတ်သည် အယ်လက် ဇန္ဒြီးယားမြို့ကြီးကို တည်စဉ်က ထိုဖေးရော့ကျွန်းနှင့် မြို့ကြီးကို ပိုင်းခြားသည့် ရေပြင်ကိုဖြတ်၍ ပေါင်းကူး တံတားဆောက်လုပ် ခဲ့၏။ အီဂျစ်ဘုရင် ဒုတိယတော်လမီမင်း လက်ထက်၌ ထို ကျွန်း၏အရှေ့ဘက်စွန်းတွင် ကျောက်တုံးကြီးများဖြင့် ပေ ၅ဝဝ ခန့်မြင့်သော မီးပြတိုက်ကြီးကို တည်ဆောက်လေသည်။ ထို အဆောက်အအုံကြီးကို ဘီစီ ၂၆ဝ ပြည့်နှစ်တွင် ပြီးစီးရာ၊အယ်လက်ဇန္ဒြီးယားမြို့၏ ဖေးရော့မီးပြတိုက်ဟု ခေါ်တွင်၏။ အထက်ပါတို့ကား ရှေးဟောင်းကမ္ဘာ၏ အံ့ဖွယ်ခုနစ်သွယ် ဖြစ်လေသည်။ ယခုအခါတွင်ကား ထိုအံ့ဖွယ်များမှာ အီဂျစ် နိုင်ငံရှိ ပိရမစ်များမှတစ်ပါး ပျက်စီးယိုယွင်းကုန်ချေပြီ။ [၁] အလယ်ခေတ်ကမ္ဘာ့အံဖွယ်များ![]() ![]() အလယ်ခေတ်တွင် ကမ္ဘာ့အံဖွယ်များနှင့်ပတ်သက်၍ စာရင်းအမျိုးမျိုးရှိခဲ့သည် ဟု ဆိုကြသည်။ သို့သော်အောက်ပါစာရင်းမှာ ထိုခေတ်မှစာရင်းဖြစ်သည်ဟု မယူဆနိုင်ပေ။ အကြောင်းမှာ အလင်းခေတ်တိုင်သည်အထိ အလယ်ခေတ်ဆိုသော စကားလုံးကို သုံးနှုန်းခဲ့ခြင်းမရှိခြင်းကြောင့် တစ်ကြောင်း၊ အလယ်ခေတ်ဆိုသော သဘောတရားမှာ ၁၆ရာစုတိုင်သည်အထိ ထင်ရှားခြင်းမရှိခဲ့ခြင်းကြောင့်တစ်ကြောင်း စသည်တို့ကြောင့်ဖြစ်သည်။ ဘရူဝါမှ ထိုစာရင်းမှာ အလယ်ခေတ်နောက်ပိုင်းမှ ပြုစုခဲ့သောစာရင်းဖြစ်သည်ဟု အကြံပြုခဲ့ပြီး နောက်ကျသောစာရင်းဟု ညွှန်းဆိုခဲ့သည်။ ထိုစာရင်းများမှ အဆောက်အဦးအများစုမှာ အလယ်ခေတ်မတိုင်မီ အလွန်စောစီးသောအချိန်ကပင် တည်ဆောက်ခဲ့ကြပြီး ထိုစာရင်းမှာ "အလယ်ခေတ်မှကမ္ဘာ့အံဖွယ်များ" (၇ နှစ်ဂဏန်းဖြင့် ကန့်သတ်ထားခြင်းမရှိပေ။)၊ "အလယ်ခေတ်မှ အံဖွယ်ခုနစ်ပါး"၊ "အလယ်ခေတ်စိတ်ကူး" နှင့် "အလယ်ခေတ်မှ ဗိသုကာဆိုင်ရာအံဖွယ်များ" ဟူ၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ပုံမှန်အားဖြင့် ထိုစာရင်းတွင် ပါဝင်သော အလယ်ခေတ်မှကြီးကျယ်ခမ်းနားသော အံ့ဖွယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ထိုစာရင်းတွင်ပါဝင်သော အခြားအဆောက်အဦးများမှာ အောက်ပါတို့ဖြစ်သည်။ ခေတ်သစ်ကမ္ဘာ့အံဖွယ်များခေတ်သစ်ကမ္ဘာတွင် တည်ဆောက်ခဲ့သော သို့မဟုတ် ယနေ့ထက်တိုင်တည်ရှိဆဲဖြစ်သော ကြီးကျယ်ခမ်းနားသော အဆောက်အအုံများနှင့်ပတ်သက်၍ စာရင်းအမျိုးမျိုးပြုစုခဲ့ကြသည်။ ထိုစာရင်းများထဲမှ ထင်ရှားသောစာရင်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။ အမေရိကန် မြို့ပြအင်ဂျင်နီယာများအသင်း![]() အမေရိကန် မြို့ပြအင်ဂျင်နီယာများအသင်း မှခေတ်သစ်ကမ္ဘာမှ အံ့ဖွယ်များနှင့်ပတ်သက်၍ စာရင်းပြုစုခဲ့သည်။
နယူးအိုးပင်းဝေါလ် ကော်ပိုရေးရှင်းမှ ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးအသစ်၂၀၀၁ ခုနှစ်တွင် ဆွစ်ဇာလန် ကော်ပိုရေးရှင်းတစ်ခုဖြစ်သော နယူးအိုးပင်းဝေါလ်ကော်ပိုရေးရှင်း မှ လက်ရှိတည်ရှိနေသော တည်ဆောက်မှု ၂၀၀ ထဲမှ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး ကို ရွေးချယ်ရန် စတင်လုပ်ဆောင်ခဲ့သည်။ ဇန်နဝါရီလ ၁ ရက်၊ ၂၀၀၆ ခုနှစ်တွင် နောက်ဆုံးယှဉ်ပြိုင်ရွေးချယ်မည့်အရာ ၂၁ ခုကို ကြေညာခဲ့သည်။ အီဂျစ်တို့က သူတို့၏ ရှိပြီးသား ကမ္ဘာ့အံဖွယ်ကို လေဘာတီရုပ်တု၊ ဆစ်ဒနီမှ အော်ပရာပြဇာတ်ရုံနှင့် အခြား အထိမ်းအမှတ် အဆောက်အဦးများနှင့် ယှဉ်ပြိုင်ရမည်ကို မကျေနပ်ပဲ ထိုပရော့ဂျက်ကို ရူးနှမ်းသော ပရော့ဂျက်အဖြစ် သမုတ်ခဲ့သည်။ ထိုအခက်အခဲကို ဖြေရှင်းရန်အတွက် ဂီဇာမဟာပိရိမစ်ကြီးကို ဂုဏ်ထူးဆောင်ယှဉ်ပြိုင်သူအဖြစ် သတ်မှတ်ခဲ့သည်။ ထိုယှဉ်ပြိုင်မှုမှ ရလဒ်အဖြေကို ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့ရှိ ဘယ်နီဖီကာ အားကစားရုံတွင် ဇူလိုင်လ ၇ ရက်၊ ၂၀၀၇ ခုနစ်တွင် ကြီးကျယ်သော အခမ်းအနားဖြင့် ကြေညာခဲ့ပြီး အဖြေမှာ အောက်ပါအတိုင်းဖြစ်သည်။
ယူအက်စ်အေတူဒေး သတင်းစာမှ အံ့ဖွယ်ခုနစ်ပါး![]() ![]() ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်အမျိုးသားသတင်းစာဖြစ်သော ယူအက်စ်အေတူဒေး နှင့် အမေရိကန် တယ်လီဗီးရှင်းအစီအစဉ် ဂွတ်ဒ်မောနင်းအမေရိကား တို့ပူးပေါင်း၍ ဆုံးဖြတ်သူ ၆ ဦးမှ ရွေးချယ်သော အံ့ဖွယ်ခုနစ်ပါး စာရင်းအသစ်ကို ဖော်ထုတ်ကြေညာခဲ့သည်။ အံ့ဖွယ်များကို တစ်ရက်လျှင်တစ်ခုနှုန်းဖြင့် ဂွတ်ဒ်မောနင်းအမေရိကား အစီအစဉ်တွင် တစ်ပတ်ကြာကြေညာခဲ့သည်။ ကြည့်ရှုသူတို့၏ တုံ့ပြန်မှုအရ ၈ ခုမြောက် အံ့ဖွယ်ရာကို နိုဝင်ဘာလ ၂၄ရက်တွင် ကြေညာခဲ့သည်။
သဘာဝအလျောက် ဖြစ်ပျက်နေသော ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး![]() အခြားသော အံ့ဖွယ်စာရင်းများကဲ့သို့ပင် သဘာဝအလျောက်ဖြစ်သော အံ့ဖွယ်များကို ရွေးချယ်ရာတွင်လည်း အများ၏သဘောတူညီမှု မရရှိခဲ့ပေ။ အကြောင်းမှာ စာရင်းမည်မျှ ရှည်လျားသင့်သည် ဆိုသောကိစ္စနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုစာရင်းများထဲမှ စာရင်းတစ်ခုကို စီအင်န်အင်န် သတင်းဌာနမှပြုစုခဲ့ပြီး အောက်ပါအတိုင်းဖြစ်သည်။
ရေအောက်ကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးသမုဒ္ဒရာထိန်းသိမ်းရေးနှင့် သုတေသနပြုလုပ်ရန်အတွက် ရည်စူးဖွဲ့စည်းထားသော အမေရိကန်မှ အကျိုးမဖက် ရေငုတ်သမားအဖွဲ့အစည်းတစ်ခုဖြစ်သည့် စီဒမ်အင်တာနေရှင်နယ် (CEDAM International) မှ ရေအောက်ကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးစာရင်းကို ရေးဆွဲခဲ့သည်။ ၁၉၈၉ခုနှစ်တွင် စီဒမ်မှ ဒေါက်တာ ယူဂျန်းနီးကလက်ခ်(Dr. Eugenie Clark) အပါအဝင် အဏ္ဏဝါသိပ္ပံပညာရှင်များ ပါဝင်သည့်အဖွဲ့တစ်ခုဖြင့် ရေအောက်ရှိ ကာကွယ်ထိန်းသိမ်းရန်သင့်သော ဒေသများကို ရွေးချယ်ခဲ့သည်။ ရလဒ်ကို ဝါရှင်တန်ဒီစီရှိ အမျိုးသားငါးပြတိုက်၌ Sea Hunt တယ်လီဗီးရှင်းအစီအစဉ်တွင် ပါဝင်သော သရုပ်ဆောင် လွိုက်ဘရစ်ချ်(Lloyd Bridges) မှ ကြေညာခဲ့သည်။
စက်မှုကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးဗြိတိသျှစာရေးဆရာ ဒီဘိုရာကက်ဒ်ဘူရီမှ စက်မှုကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးစာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်မှာ ၁၉ရာစုနှင့် ၂၀ရာစုဦးပိုင်းရှိ အင်ဂျင်နီယာပညာ၏ ကြီးကျယ်သောအောင်မြင်မှု ၇ ခု၏ ဇာတ်လမ်းကို ရေးသားထားခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ဘီဘီစီမှ ထိုစာအုပ်ကို ၇ ပိုင်းခွဲ၍ သတင်းရုပ်ရှင်အဖြစ် တင်ဆက်ခဲ့သည်။ တစ်ပိုင်းစီ၌ အံ့ဖွယ်တစ်ခုခြင်းစီ၏ တည်ဆောက်မှု ကို ဇာတ်လမ်းဆင်၍ တင်ပြခဲ့သည်။ စက်မှုကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
ခရီးသွားကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါး![]() ခရီးသွားစာရေးဆရာတစ်ယောက်ဖြစ်သော ဟောင်းဝပ်ဟေးလ်မန်းသည် ထိုသို့သော စာရင်းများကို ပြုစုခဲ့ပြီး သဘာဝအလျှောက်ဖြစ်သော နှင့် လူတို့ပြုလုပ်သော ကမ္ဘာလှည့်ခရီးသည်တို့အတွက် အံဖွယ်များကို အောက်ပါအတိုင်းစာရင်းပြုခဲ့သည်။ လူတို့ပြုလုပ်သော ခရီးသွားခြင်းဆိုင်ရာအံဖွယ်
ဘဘာဝအလျှောက်ဖြစ်သော ခရီးသွားခြင်းဆိုင်ရာအံဖွယ်
ကိုးကား
|
Portal di Ensiklopedia Dunia