ဂရိတ်တားအာရှဆုဂရိတ်တား အာရှဆုဂျပန်ခေတ် (၁၉၄၂ ၊ မတ်လ ၈ ရက်မှ ၁၉၄၅ ၊ မေလ ၃ရက်ထိ) ဂျပန်အစိုးရ ဝါဒဖြန့်ဖြူးရေးဌာနက ဂရိတ်တားအာရှသတင်းစာကို ၁၉၄၃ ခု၊ ဖေဖော်ဝါရီလတွင် စတင်ထုတ်ဝေသည်။ စင်စစ် ယင်းသတင်းစာသည် ဂျပန်နိုင်ငံ မိုင်နိချီ သတင်းစာတိုက်၏ တိုက်ခွဲဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာဖြစ်သည်။ ထိုဂရိတ်တား အာရှသတင်းစာတိုက်မှ ၁၉၄၃ ခု၊ ဩဂုတ် (၁) ရက်နေ့တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသည့် အထိမ်းအမှတ် စာပေဆုအဖြစ် ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာပြိုင်ပွဲများကျင်းပသည်။ ဦးတည်ရေးသားရန်ပေးထားသော အကြောင်းရပ်ကား မဟာအရှေ့အာရှ အကျိုးတူ ကြီးပွားရေးနယ်ပယ်အတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍဟူ၍ ဖြစ်သည်။ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ ချီးမြှင့်သည့်ဆုငွေကို ဆောင်းပါးနှင့် ဝတ္ထုပထမဆုအတွက် ငွေကျပ် (၁၀ဝ) ၊ ဒုတိယဆု နှစ်ဆုစီအတွက် ငွေကျပ်(၅၀) စီ၊ တတိယဆု သုံးဆုစီအတွက် ငွေကျပ် (၃၀) စီနှင့် ကဗျာပထမဆု ကျပ်ငွေ(၅၀) ၊ ဒုတိယဆုနှစ်ဆု ငွေကျပ်(၃၀) စီနှင့် တတိယဆု သုံးဆုစီအတွက် ငွေကျပ် (၁၀) စီဖြစ်သည်။ အင်္ဂလိပ်၊ မြန်မာ၊ နိပွန်(ဂျပန်) မည်သည့်ဘာသာဖြင့်မဆို ပြိုင်ပွဲဝင်ပေးလေသည်။
ကျမ်းကိုးစာရင်း
|
Portal di Ensiklopedia Dunia