ဂါလီ ပြောင်းကြည့်နည်း

Standard configuration of coordinate systems for Galilean transformations.

ဂါလီလေ့ယိုကို အစွဲပြု အမည်ပေးထားသည့် ဂါလီလေ့ယို အမှတ်ချအိမ် ပြောင်းကြည့်နည်း (သို့) ဂါလီလေ့ယို ရှုထောင့်ပြောင်းကြည့်နည်း (သို့) ဂါလီ ပြောင်းကြည့်နည်း (အင်္ဂလိပ်: Galilean transfromation) သည် (x, y, z, t) ဟု အမှတ်ချအိမ် သို့မဟုတ် တွေ့ကြုံရှုထောင့် အတွင်း တွေ့ကြုံတိုင်းတာမိမည့် (အချိန်+တည်နေရာ ဖော်ပြချက် ချအမှတ် သို့မဟုတ် အဖြစ်အပျက်တို့ကို (x′, y′, z′, t′) ဟု (၎င်း အမှတ်ချအိမ်/ရှုထောင့်နှင့် စာလျှင် နှိုင်းရရွေ့လျားမှုတခုခု ရှိနေသည့်) အခြား အမှတ်ချအိမ်/ရှုထောင့် အတွင်း တွေ့ကြုံတိုင်းတာမိမည့် ချအမှတ်/အဖြစ်အပျက် တို့အဖြစ် နျူတန်ပျိုး ရူပဗေဒ၏ တလောကလုံးစာ အချိန်တသမတ်တည်း ဖြစ်မှုအတိုင်း တွက်ချက်ပြောင်းလဲနည်း ဖြစ်၏။[][][][]

သင်္ချာတွက်နည်း

ဥပမာအားဖြင့် အချိန်+တည်နေရာများ ပေါင်းလျက်သဘော ဖြစ်အင်ထု (spacetime) တခုခုအတွင်းရှိ အဖြစ်အပျက် တစ်ခုကို ပထမ ကာတက်စီးယန်းဆန်ဆန် အမှတ်ချအိမ်(ရှုထောင့်) အတွင်း၌ (x, y, z, t) ဟု ချအမှတ်(ကိုဩဒီးနိတ်) ဖော်ပြအံ့၊ ၎င်းနှင့်စာလျှင် နှိုင်းရအလျင်တခုခုနှင့် ရွေ့လျားနေသည့် အခြားသော ဒုတိယ် အမှတ်ချအိမ်(ရှုထောင့်)အတွင်း ချအမှတ်(ကိုဩဒီးနိတ်) အသစ် တို့ကိုမူ ညာဘက်ထိပ်တင် မျဉ်းဖြတ်လေးဖြင့် (x′, y′, z′, t′) ဟု ရေးအံ့။
ပထမ ရှုထောင့်အိမ်တွင်း တွေ့ကြုံတိုင်းတာရသော ရှုထောင့်အိမ်သစ်၏ နှိုင်းရအလျင် (relative velocity) ဗှတ္တာ က ဆိုင်ရာ အပိုင်းခွဲတို့ဖြင့် ဖွဲ့စည့်ထားရာကျသည် ဆိုပါစို့။ ပြောင်းလိုရာ ရှုထောင့်အိမ်သစ်တွင်း ချအမှတ်(ကိုဩဒီးနိတ်) အသစ်တို့မှာ ဂါလီ (ရှုထောင့်)ပြောင်းကြည့်နည်း အရ ဤသို့ ဖြစ်၏။

လောရန့်ဇ် (ရှုထောင့်)ပြောင်းကြည့်နည်း နှင့် ကွဲပြားမှုကို အချိန်နှင့် ဆိုင်သည့် ၌ တွေ့နိုင်၏။ ဤ ဂါလီ (ရှုထောင့်)ပြောင်းကြည့်နည်းသည် နျူတန်ပျိုးရူပဗေဒအတိုင်း "တလောကလုံးစာ အချိန်ကုန်ဆုံးမှုနှုန်းမှာ တသမတ်တည်း"ဟု ယူဆအခြေခံထားခြင်း တွေ့နိုင်၏။

အကိုးအကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya