ဂုဏ်ထူးဆောင်ဘွဲ့ဂုဏ်ထူးဆောင်ဘွဲ့ (အင်္ဂလိပ်: honorary degree) သည် ပညာရေးဆိုင်ရာဘွဲ့တစ်ခုဖြစ်၍ ထိုဘွဲ့အတွက် တက္ကသိုလ် (သို့) ဆုချီးမြှင့်သည့် အဖွဲ့အစည်းတစ်ခုခုသည် ပုံမှန်လိုအပ်ချက်များကို လျှော့ပေါ့စဉ်းစားပေးရာ နမူနာအနေဖြင့် ပါဝင်နိုင်သော လိုအပ်ချက်များမှာ တက္ကသိုလ်ဝင်ခွင့်၊ (ကျောင်း)တက်ရောက်မှု၊ သင်ရိုးဆိုင်ရာ အပိုချိန်သင်ယူမှု (course credit) ၊ အဆင့်မြင့်ဘွဲ့အတွက် ပြုစုကျမ်း (dissertation) ၊ ကျယ်ပြန့်သော စာမေးပွဲအောင်မြင်မှု[မှတ်စု ၁] စသည်တို့ဖြစ်ကာ ထိုလိုအပ်ချက်များကို လျှော့ပေါ့စဉ်းစားပေးကြသည်။ ဤဘွဲ့အား အနက်အဓိပ္ပာယ်ဖွင့်ဆိုပုံများမှာ တက္ကသိုလ် (သို့) အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ကွဲပြားနိုင်သည်။ မဲရီယန်-ဝက်ဘ်စတာ အဘိဓာန်က "ကျောင်းသူ/သား မဟုတ်ဘဲ အရေးပါသော အရာတစ်ခုခုကို ဆောင်ရွက်သူအား တက္ကသိုလ်/ကောလိပ်က ချီးမြှင့်သောဘွဲ့" ဟူ၍ ဖွင့်ဆိုကာ[၁] အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန်က "ပုံမှန်လိုအပ်ချက်၊ လုပ်ဆောင်ချက်မရှိဘဲ ဂုဏ်ပြုမှုအရ ပေးသောဘွဲ့"[၂]၊ ကိမ်းဘရစ်ချစ်တက္ကသိုလ်၏ ဖွင့်ဆိုချက်တွင် "ပညာရေးသင်ယူလေ့လာမှုမလုပ်သောသူတစ်ဦးဦးကို ဂုဏ်ပြုမှုအဖြစ်ချီးမြင့်သောဘွဲ့" ဟူ၍[၃] ဂုဏ်ထူးဆောင်ဘွဲ့သည် လူမှုအဖွဲ့အစည်း၏ ကောင်းကျိုး၊ ယဉ်ကျေးမှု၊ ပညာရပ်ဆိုင်ရာ စသဖြင့်တစ်ခုခုကို နက်နက်နဲနဲ၊ မလျှော့သောဇွဲဖြင့် ကြိုးပမ်းဆောင်ရွက်သူများကို ပေးလေ့ရှိရာ ဘွဲ့ပေးရန် စဉ်းစားဆုံးဖြတ်ကြရာတွင် နိုင်ငံတွင်း (သို့) နိုင်ငံတကာအဆင့် အရေးပါသောအောင်မြင်မှုများကိုလည်း ထည့်သွင်းစဉ်းစားကြ၍ ဆုလက်ခံယူမည့်သူသည် တည်ကြည်သော၊ ဂုဏ်သိက္ခာရှိသောသူဖြစ်ရန်လည်း လိုအပ်သည်ဟု အချို့တက္ကသိုလ်များ၏ စည်းကမ်းများတွင်တွေ့ရှိနိုင်သည်။[၄] ရံခါတွင် သက်ဆိုင်ရာနယ်ပယ် (သို့) လူမှုအဖွဲ့အစည်းတစ်ရပ်ကို အကျိုးပြုသော ထင်ရှားသည်သူလည်းဖြစ်နိုင်ပေသည်။[၅] ဂုဏ်ထူးဆောင်ဘွဲ့အများဆုံးရရှိသူသည် ခရစ်ယာန်ဘုန်တော်ကြီး၊ လူမှုအကျိုးဆောင်သူ သီယိုဒေါ ဟဲ့စ်ဘာ့ဂ် (Theodore Hesburgh) ဖြစ်၍ ၎င်း၏ ဘဝတစ်လျှောက် ဂုဏ်ထူးဆောင်ဘွဲ့ပေါင်း (၁၅၀) ရရှိခဲ့သည်။[၆] ဝေါဟာရအင်္ဂလိပ်ဘာသာဖြင့် "honorary degree" ဟုသုံးသော စကားလုံးသည်honoris causa (သို့) ad honorem ဟူသော လက်တင်စကားစုအနေဖြင့်လည်း လူသိများကြသည်။ မြန်မာဘာသာအလိုအရ ဂုဏ်ထူးဆောင်ဆိုသည်မှာ "အခကြေးငွေမယူဘဲ လုပ်ငန်း၏ဂုဏ်ကို ပဓာနထား၍ အမှုဆောင်ရွက်သော" နှင့် "ထူးကဲသောအရည်အချင်းအစွမ်းသတ္တိနှင့်ပြည့်စုံကြောင်း အသိအမှတ်ပြုထားသော" ဟူ၍ အနက်ရရှိသည်။ အမျိုးအစား၊ ပုံစံနှင့် သတ်မှတ်ချက်ဂုဏ်ထူးဆောင်ဘွဲ့သည် ပုံစံအရ သုံးမျိုးဖြစ်နိုင်ခြေရှိသည်။ ၎င်းတို့မှာ :
သို့သော် ပုံမှန်အားဖြင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကိုချီးမြှင့်လေ့များကြကာ ဆုလက်ခံယူသူသည် ချီးမြှင့်သည့်ပညာရေးအဖွဲ့အစည်းနှင့် ယခင်ပတ်သက်ဆက်နွယ်ခြင်းမရှိသူများ ဖြစ်နိုင်၏ ။[၈] ဤသို့သောဘွဲ့များကို တစ်စုံတစ်ယောက်၏ ပညာရည်မှတ်တမ်းတွင် ဆု(ဂုဏ်ပြုမှု)အဖြစ်ထည့်သွင်းနိုင်ကာ ပညာရေးရာဘွဲ့အနေဖြင့် မထည့်သွင်းရန် လမ်းညွှန်ချက်များရှိသည်။[၉] "ဂုဏ်ထူးဆောင်" နှင့်စပ်လျဉ်း၍ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများက ဆုလက်ခံယူသူကို အထင်မြင်လွဲမှားစေနိုင်သော ခေါင်းစဉ်များသုံးစွဲခြင်းကို ရှောင်ကျဉ် န်လည်း တောင်းဆိုကြသည်။[၁၀] အမည်တက္ကသိုလ်/ကောလိပ်တစ်ခုနှင့်တစ်ခုရချီးမြင့်လေ့ရှိသော ဂုဏ်ထူးဆောင်ဘွဲ့အမည်များသည် တူညီနိုင်မှုမရှိပေ။ မြန်မာနိုင်ငံ![]() တက္ကသိုလ် ဂုဏ်ထူးဆောင် ဘွဲ့များကို မြန်မာနိုင်ငံ၏ ပထမဆုံးတက္ကသိုလ်ဖြစ်သော ရန်ကုန်တက္ကသိုလ်မှ စတင်၍ ချီးမြှင့်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် တည်ထောင်စက မြန်မာပြည်ရှိ နာမည်ကျော် ပညာရှင်များကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အဖြစ် စတင်ပေးအပ်ခဲ့ကြသည်။ စာပေ၊ ဥပဒေ နယ်ပယ်၌ ထင်ရှားသော ပုဂ္ဂိုလ်များကို ပေးရာမှစတင်ကာ တက္ကသိုလ်အတွက် လှူဒါန်းသော လူချမ်းသာများနှင့် စစ်ပြီးခေတ်တွင် နိုင်ငံခြား ခေါင်းဆောင်များကို ပေးအပ်ခြင်းလည်းရှိခဲ့သည်။ ပေးအပ်ရာတွင် ဂုဏ်ထူးဆောင် ပါရဂူ၊ မဟာဝိဇ္ဇာ၊ ဝိဇ္ဇာ ဘွဲ့များကို ချီးမြင့်ခဲ့ကြ၏ ။ ဂုဏ်ထူးဆောင် သိပ္ပံပါရဂူဘွဲ့ကို ပေးရန် စီစဉ်ခဲ့သော်လည်း ပေးခဲ့သော မှတ်တမ်းမရှိဟု ဘီဘီစီက မှားယွင်းစွာ ရေးသားဖော်ပြထားသည်။[၁၁] ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ် မက်သျူးဟန်တာ (Mathew Hunter) ကို ဂုဏ်ထူးဆောင် ဒီအက်စီ (Doctor of Science) ဘွဲ့ ကို ၁၉၂၂ ၌ ပေးအပ်ခဲ့ဖူးသည်။[၁၂] ပထမဆုံးဂုဏ်ထူးဆောင်ဘွဲ့ရရှိသောသူမှာ လယ်တီဆရာတော်နှင့် ချားလ်စ်ဒူရိုင်ဇယ်လ်(Chas Duroiselle) တို့ဖြစ်ကြ၍ ၁၉၂၁ တွင် ဆပ်ကပ်ချီးမြှင့်ခဲ့သည်။ ဆရာတာ်အား စာပေပါရဂူဘွဲ့ချီးမြှင့်၍ ဒူရွိုင်ဇယ်လ်အား ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာ(M.A)ဘွဲ့ကို အပ်နှင်းခဲ့ကြသည်။[၁၂] လယ်တီဆရာတော်ပြီးနောက် တောင်ခွင် သာသနာပိုင်ဆရာတော် (၁၉၃၂)၊ ဒုတိယ အဓိပတိ ဦးဆက်၊ ဒုတိယ အဓိပတိ ဦးဧမောင် ၊လွှတ်တော် ဥက္ကဋ္ဌ ပျော်ဘွယ် ဦးမြ၊ သမ္မတဟောင်း ဆာဘဦး၊ ဦးဖေမောင်တင်၊ ဥပဒေ ပါမောက္ခဟောင်း ဦးကျော်မြင့် စသော မြန်မာနိုင်ငံမှ ထင်ရှားသူများကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ချီးမြှင့်ခဲ့ကြသည်။ ပြည်ပ ခေါင်းဆောင်များအနေဖြင့် ကမ္ဗောဒီယားနိုင်ငံဘုရင် သီဟာနု၊ ဟိုချီမင်း၊ တီးတိုး၊ ဘန်ဂူရီယန် စသည့် ခေါင်းဆောင်ဖြစ်ကြသည်။ ထို့အပြင် စာရေးဆရာ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၊ မဟာဂီတ ပညာရှင် ဒေါ်စောမြအေးကြည်၊ အငြိမ့်မင်းသမီး အမာစိန်၊ ကာယဗလ ဦးဇော်ဝိတ် တို့ကို ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာနှင့် ဝိဇ္ဇာဘွဲ့များ အပ်နှင်းခဲ့ဖူးသည်။[၁၃] ၁၉၆၂ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကို အစိုးရက သိမ်းယူလိုက်ပြီးနောက် ပါရဂူဘွဲ့ပေးခြင်း ရပ်စဲခဲ့သည်။ ၂ဝဝ၀ ခုနှစ် အောက်တိုဘာ ၂၆ ၌အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပထမဆုံးပါမောက္ခချုပ်ဆရာတော် ဦးသီလာနန္ဒာဘိဝံသ၊ ဒါရိုက်တာ ဦးသုခ[၁၄]၊ ၂၀၀၃ တွင် ဗန်းမော်ဆရာတော်၊ သီတဂူဆရာတော်[၁၅] စသည့်ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့များ ပေးခဲ့ကြသည်။ ယင်းနောက် အခြား တက္ကသိုလ်များ၌လည်း ဂုဏ်ထူးဆောင်ဘွဲ့ပေးခြင်းများ ရှိလာခဲ့ကြသည်။[၁၁] အငြင်းပွားမှုများအချို့တက္ကသိုလ်၊ ကောလိပ်များအား ငွေကြေးများစွာလှူဒါန်းမှုကြောင့် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်သည်နှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်မှုများလည်း ရှိခဲ့ကြသည်။ အထူးသဖြင့် ယခင် ပညာရေးရာ အရည်အချင်း မရှိသောသူများကို ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်သည့်အတွက် ချီးမြှင့်ခံရသူ၏ အမည်ရှေ့တွင် "ဒေါက်တာ" တပ်ခေါ်ရန် တောင်းဆိုမှုများရှိလျှင် ထိုသူများကို ဝေဖန်မှုများလည်းရှိခဲ့ကြ၏ ။ အဘယ့်ကြောင့်ဆိုသော် ဂုဏ်ထူးဆောင် (honorific) ဆိုသောပုဒ်က ၎င်းတို့အရည်အချင်းနှင့်ပတ်သက်သော လူထုအမြင်ကို အထင်မြင်မှားစေနိုင်သောကြောင့်ဖြစ်သည်။ အလားတူဖြစ်နိုင်သော နောငါထပ်အနေအထားမှာ တက္ကသိုလ် (သို့) အစိုးရနယ်ပယ်တွင် အရိုသေတန်သေ၊ လူလေးစားခံရသောသူတစ်ဦးဦးကို "progessor" (ပါမောက္ခ) ဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်နိုင်သည်။[၁၆] (ပညာရေးဆိုင်ရာ) ကြိုးပမ်းမှုမရှိသူများကို ပါရဂူဘွဲ့ပေးခြင်းသည် ကြိုးပမ်းမှုဖြင့်ရရှိလာသောသူများ၏ ဘွဲ့အားတန်ဖိုးနိမ့်စေသည်ဟု အချို့သူများက ယူဆထင်မြင်ကြသည်။ သမိုင်းပညာရှင်များနှင့် အတွေးခေါ်ဆရာတို့က ဆိုသည်မှာ တက္ကသိုလ်များသည် ၎င်းတို့၏ကိုယ်ကျိုး (သို့) ၎င်းအဝန်းအဝိုင်း၏အကျိုးကို အထောက်အပံ့ဖြစ်စေခြင်းငှာ ဓမ္မဓိဋ္ဌာန်မကျသော ဆုံးဖြတ်မှုများပြုလုပ်တတ်သည့်သဘောကို ဖုံးကွယ်ရန် နှစ်ပေါင်း ၂၀၀ ကျော်ကြာ လုပ်ဆောင်ခဲ့ကြသည်။[၁၇] မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia