ဂေါဂါမီလာတိုက်ပွဲ

ဂေါဂါမီလာတိုက်ပွဲ(Battle of Gaugamela)

ဂေါဂါမီလာတိုက်ပွဲ
ရက်စွဲ၃၃၁ ဘီစီ၊ အောက်တိုဘာလ (၁)
နေရာဂေါဂါမီလာ
ရလဒ် ဒရိုင်းရပ်စ်ကျဆုံး၊ ပါရှအင်ပါယာတစ်ဝက်အား အလက်ဇန္ဒားရရှိ
စစ်ရင်ဆိုင်သူများ
မက်စီဒိုးနီးယန်း၊ တောင်ပိုင်း ဂရိမဟာမိတ် ပထမ ပါရှအင်ပါယာ၊ ဂရိကြေးစားစစ်သည်တော်များ
တပ်မှူးများနှင့် ခေါင်းဆောင်များ
မဟာအလက်ဇန္ဒား၊ ကရက်တီးရပ်စ်၊ တိုလေမီ၊ အန်တီဂူးနက်စ်၊ ကတ်ဆန်းဒါး၊ ကလဲတပ်စ်၊ ပါမီနီယို၊ နေးရှပ် ဒရိုင်းရပ်စ်(၃)၊ဘတ်ဆုစ်၊ မဇေးယပ်စ်၊ ဩရိုတပ်စ်(၂)
စစ်အင်အား
၅၃,၀၀၀-၁၀၀,၀၀၀
အသေအပျောက်
၁၀၀ ခြေလျင်တပ်, ၁,၀၀၀ မြင်းတပ်၊ (အာရီယန်), ၃၀၀ ခြေလျင်တပ်(Quintus Curtius Rufus), ၅၀၀ခြေလျင်တပ်(Diodorus Siculus), စုစုပေါင်း-၄,၀၀၀ ၄၀,၀၀၀(Quintus Curtius Rufus)၊ ၄၇,၀၀၀၊ ၉၀,၀၀၀ (Diodorus Siculus)၊ ၃၀၀,၀၀၀+ ဖမ်းဆီးခံရ

ဂေါဂါမီလာတိုက်ပွဲ(Battle of Gaugamela)(ဘီစီ-၃၃၁)၌ ဂရိဘုရင်မဟာအလက်ဇန္ဒား၏ ပါရှန်းတို့အပေါ်တွင် အောင်ပွဲခံခြင်းဖြင့် မဟာဆိုင်းရပ်စ် ထူထောင်ခဲ့သည့် ပါရှအင်ပါယာကြီးအား အောင်နိုင်ခြင်း သို့ရောက်လေသည်။ အလက်ဇန္ဒားအနေဖြင့် ဖခင်ဖြစ်သူ အမွေထားရစ်ခဲ့သည့် လှံရှည်နှင့် ဒိုင်းကိုင် ဖလင့်ဇ်တပ်မကြီးနှင့် ရှေ့ထွက်မြင်းတပ်တို့ဖြင့် ပါရှန်းတို့အားထိုးစစ်ဆင်ရာတွင် ပါရှအင်ပါယာတပ်များအနေဖြင့် ဆက်ကာဆက်ကာ ရှုံးနှိမ့်လာကာ ၃၃၁ဘီစီအရောက်တွင် ဂရိတပ်နှင့် ပါရှအင်ပါယာတွင်းရှိ လူမျိုးပေါင်းစုံပါဝင်သည့် မဟာဒရိုင်းရပ်စ်၏ တပ်မကြီးတို့သည် ဂေါဂါမီလာအရပ်ရှိ လွင်ပြင်ကျယ်ကြီးတွင် အဆုံးအဖြတ်အတွက် ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။ ဂရိတပ်၏ ရည်မှန်းချက်မှာ ဘေဘီလုံမြို့တော်ဖြစ်ပြီး ဒရိုင်းရပ်စ်(၃) အနေဖြင့်လည်း အဆိုပါမြို့တော်ကို ကာကွယ်ရန် အင်အား ၂၀၀၀၀၀ဖြင့် ရင်ဆိုင်ကြခြင်းဖြစ်သည်။

စစ်အခင်းအကျင်း

မဟာဒရိုင်းရပ်စ်သည် အတွင်းအကျဆုံးနှင့် မိမိအနားတွင် ကိုယ်ပိုင်ကိုယ်ရံတော်တပ်ကို ထားရှိပြီး ဝဲယာနှစ်ဖက်တို့တွင် ပါရှဩဇာခံသော ကြေးစားဂရိတပ်များကို ထားရှိသည်။ ကြေးစားတပ်၏ လက်ဝဲဘက်တောင်ပံတွင် မြင်းစီးလေးသည်တော်များဖြင့် ဖွဲ့စည်းထားသည့် တူရကီတပ်ကိုထားရှိသည်။ ၎င်းတပ်များရှေ့တွင်မူ လှည်းဝင်ရိုးတွင် ဓားသွားတပ်ထားသည့် စစ်ရထား ၁၀၀ ပါဝင်သည့် တပ်ရှိသည်။ လက်ယာဘက်တောင်ပံတွင် ပါသီယံနှင့် မီးဒီးစ် မြင်းစီးလေးသည်တော်များဖြင့် ချီတက်စေသည်။ ဒရိုင်းရပ်စ်၏ လက်နက်ဆန်းမှာ အိန္ဒိယမှ ခေါ်ယူလာသည့် တိုက်ဆင်များဖြစ်လေသည်။

အလက်ဇန္ဒားတပ်တွင် ခြေလျင်စစ်သည် ၄၀၀၀၀နှင့် မြင်းသည်တော် ၇၀၀၀ သာပါဝင်သည်။ လက်ရွေးစင်မြင်းတပ်ကို ညာတောင်ပံတင်၍ အလယ်ဗဟိုတွင် လှံရှည်နှင့်ဒိုင်းကိုင် မက်စီဒိုးနီးယန်း ဖလင့်ဇ်တပ်မကို တည်ထားပြီးလျှင် ဘယ်တောင်ပံတွင် ဂရိမြင်းတပ်ကို ထားလေသည်။

တိုက်ပွဲ

ဂေါဂါမီလာ တိုက်ပွဲအား ပုံဖော်ထားသည့် ရှေးဟောင်း ကျောက်ထွင်းလက်ရာတစ်ခု

တိုက်ပွဲစသည်နှင့် ပါရှန်းစစ်ရထားများသည် ဂရိတပ်များရှိရာသို့ တလကြမ်းဝင်ရောက်တိုက်ခိုက်သည်။ ဂရိတို့ကလည်း လှံရှည်၊ လေးမြှား၊ ဓားများဖြင့် ပြန်လည်ခုခံရာ ပါရှန်းစစ်ရထားတပ် အကျအဆုံးများသဖြင့် အရေးနှိမ့်ရသည်။ ထိုသို့ပွဲဦးထွက် ပါရှန်းတပ်အခြေမလှဖြစ်နေချိန်ကို အခွင့်ကောင်းယူ၍ အလက်ဇန္ဒားသည် မြင်းတပ်ကို ကိုယ်တိုင်ဦးဆောင်၍ ဖယိုဖရဲဖြစ်နေသည့် ပါရှန်းတပ်များကို ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်သည်။ ဦးတည်ချက်မှာ ပါရှတပ်မကြီး၏ ဗဟိုတွင်ရှိနေသော မဟာဒရိုင်းရပ်စ် ထံသို့ဖြစ်သည်။

ထိုသို့ ဂရိတပ်များ ငြာသံပေးကာ တလစပ်ထိုးစစ်ဆင်လာခြင်းကို အခြေပျက်သွားသော ပါရှန်းတို့ တောင့်မခံနိုင်တော့ဘဲ ဒရိုင်းရပ်စ်ကိုယ်တိုင် စစ်ရထားကိုနောက်လှည့်ပြေးရသည်။ ဂရိတပ်များ ရက်အတန်ကြာ နောက်မှလိုက်လံတိုက်ခိုက်ပြီးနောက်တွင် ပါရှအင်ယာပါ၏ အရှင်သခင် မဟာဒရိုင်းရပ်စ်ကို လမ်းဘေးတွင် အသက်မဲ့သော ခန္ဓာကိုယ်ဖြင့်သာ တွေ့ရတော့သည်။ (ဒရိုင်းရပ်စ် လက်နက်ချမည်ပြောခြင်းတွင် သိက္ခာအကျမခံစေလိုသော ငယ်သားများက သေလျှင်မြတ်သည်ဟုဆိုကာ သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။) ထိုသို့ဖြင့် ဂရိတပ်တို့သည် ပါရှအင်ပါယာ၏ မြို့တော် ဘေဘီလုံသို့ အတားအဆီးမရှိ ဝင်ရောက် အုပ်စိုးနိုင်ခဲ့တော့သည်။ []

ကိုးကား

  1. စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ - သောင်းထိုက်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya