မဟာအလက်ဇန္ဒား
မက်ဆီဒို၏ တတိယ အလက်ဇန္ဒား (၂၀/၂၁ ဇူလိုင် ၃၅၆ ဘီစီ - ၁၀/၁၁ ဇွန် ၃၂၃ ဘီစီ) မဟာအလက်ဇန္ဒားအဖြစ် ထင်ရှားခဲ့သည်။ အလက်ဇန္ဒားဆိုသည်မှာ ဂရိ ဘာသာဖြင့် Ἀλέξανδρος ὁ Μέγας, alexo ကာကွယ်ခြင်း၊ ကူညီခြင်း ဟုတွင်ပြီး aner မှာ လူ ကို ဆိုလိုသည်။ ထို့ကြောင့် ကာကွယ် စောင့်ရှောက် နိုင်စွမ်းသူ ဟု ဖွင့်ဆိုနိုင်ပေမည်။ ၎င်းသည် ရှေးဂရိနိုင်ငံ မြောက်ပိုင်း မက်ဆီဒိုးနီးယားမှ ဘုရင် တစ်ပါး ဖြစ်သည်။ ဘီစီ ၃၅၆ တွင် Pella (မက်စီဒိုးနီးယား အလယ်ပိုင်း)တွင် ဖွားမြင်ခဲ့ပြီး အရစ္စတိုတယ် ထံတွင် အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်။ အသက် (၃၀) တွင် အကြီးမားဆုံး အင်ပါယာ တစ်ခုကို ချဲ့ထွင်နိုင်ခဲ့ပြီး ၎င်း၏ အင်ပါယာ သည် Ionian Sea မှ Himalayas ထိကျယ်ပြန့်ခဲ့သည်။ ၎င်းလက်ထက်တိုက်ခဲ့သော တိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့ခြင်း မရှိသောကြောင့် စစ်သမိုင်း တွင် အအောင်မြင်ဆုံးသော စစ်ခေါင်းဆောင်အဖြစ် အတူမရှိ ထင်ရှားသူဖြစ်သည်။၎င်း၏ အင်ပါယာသည် မျက်မှောက်ခေတ်တွင် ဂရိ မှ ပါကစ္စတန် ထိ ကျယ်ပြန့် ပေသည်။ ဘီစီ ၃၃၆ တွင် အလက်ဇန္ဒား၏ဖခင်ဖြစ်သူ မက်စီဒိုးနီးယား ဘုရင် ဖိလစ် ၂ လုပ်ကြံခံရပြီးနောက် ထီးနန်းဆက်ခံခဲ့သည်။ ဖိလစ်သေဆုံးပြီး နောက် အလက်ဇန္ဒားသည် ဖခင်သိမ်းပိုက်ခဲ့သော အင်ပါယာနှင့် တိုက်ရည်ခိုက်ရည်ပြည့်၀ပြီး ဖြစ်သော စစ်တပ်ကို အမွေရရှိ ခဲ့သည်။ ၎င်းသည် ဂရိစစ်သေနာပတိချုပ် ရာထူးကိုခန့်အပ်ခံရပြီးနောက် ဖခင်လက်ထက် နယ်မြေချဲ့ ထွင်ရေး စီမံချက်ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘီစီ ၃၃၄ တွင် Achaemenid အင်ပါယာအား ကျူး ကျော်သိမ်းပိုက်ပြီးနောက် အာရှမိုင်းနား အား အုပ်ချုပ်သည့် အချိန်မှစ၍ ၁၀ နှစ်ခန့်ထိ စစ်ပွဲများဆက်တိုက် ဆင်နွဲခဲ့ရသည်။ Issus တိုက်ပွဲ, Gaugamela တိုက်ပွဲတို့ဖြင့် ပါရှားတို့၏ ဩဇာကို ချိုးဖဲ့ခဲ့သည်။ ထို့နောက်ပိုင်းတွင် ပါရှား ဘုရင် တတိယမြောက် ဒရိုင်းယပ်စ် ကိုအောင်နိုင်ကာ ပါရှား အင်ပါယာ၏ အရှင်သခင်ဖြစ်လာခဲ့ သည်။ မျက်မှောက်ခေတ်တွင် Adriatic ပင်လယ် မှ Indus မြစ်ထိ ကျယ်ဝန်းသည်။ (အင်္ဂလိပ်ဘာသာဖြင့်-)သည် ဖခမည်းတော် မက်ဆီဒိုးနီးယားဘုရင် ဖိလစ်နှင့် မယ်တော် အိုလံပီယာမှ ဖွားမြင်သည့်သား ဖြစ်သည်။ မွေးဖွားပြီးနောက်တွင် ဖခမည်းတော်ဖိလစ်မှာ မက်စီဒိုးနီးယားမှ မြောက်ဘက်နယ် အနည်းငယ်နှင့် တောင်ဘက် ဂရိနိုင်ငံများကို သိမ်းယူပြီးဖြစ်သည်။ ငယ်စဉ်ကပင် ထက်မြက်သည့်အလျှောက် အသက် ၁၃ နှစ်တွင် ဆရာဖြစ်သူ အရစ္စတိုတယ်၏ သွန်သင်ပြသမှုများကို ခံယူပြီး အသက် ၂၀ တွင် ဖိလစ်လုပ်ကြံခံရသဖြင့် ဂရိတို့၏ဘုရင် ဖြစ်လာတော့သည်။ နန်းတက်စတွင် လက်အောက်ခံများက မက်ဆီဒိုးနီးယား၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် အကြံဖြင့် ပုန်ကန်ကြသည်။ သို့သော် ငယ်ရွယ်သည့် အလက်ဇန္ဒားသည် အဆိုပါ တွန်းလှန်မှုများကို ရက်စက်စွာ နှိမ်နှင်းပြခြင်းဖြင့် ငြိမ်ဝပ်စေခဲ့သည်။ နယ်ပယ်ချဲ့ထွင်ခြင်းဘီစီ ၃၃၄ မှစကာ အလက်ဇန္ဒား၏ နယ်ပယ်ချဲ့ထွင်မှုကို မရပ်မနား စတင်တော့သည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ ဂရိတွင် အစောင့်အနေဖြင့် ချန်ထားပြီး စစ်သည် ၃၅၀၀၀ ဖြင့် ပါရှားအင်ပါယာကို ထိုးစစ်ဆင်သည်။ ထိုစဉ်က အာရှမှ နှစ် ၂၀၀ သက်တမ်းရှိ ပါရှားအင်ပါယာ (အီဂျစ်မှ အိန္ဒိယထိ) မှာ ဂရိတို့နယ်မြေနှင့် နှိုင်းယှဉ်လျှင် အလွန့်အလွန်မှ ကြီးကျယ်လှသဖြင့် ငယ်ရွယ်သည့် အလက်ဇန္ဒား၏ အင်အားမှာ ပျက်ရယ်ပြုဖွယ် အဆင့်ပင်ဖြစ်နေသည်။ သို့သော် အမှန်တကယ် တိုက်ခိုက်သည်နှင့် ပါရှားတို့ သိလာသည်မှာ ဖိလစ်ဘုရင်က သားဖြစ်သူအတွက် အမွေချန်ရစ်ပေးခဲ့သော ဂရိ-မက်စီဒုံ တပ်ပေါင်းတို့၏ စစ်ရေးစွမ်းရည်မှာ အနယ်နယ်အရပ်ရပ်မှ စုစည်းထားသည့် ပါရှန်းအင်ပါယာ၏ တပ်ထက် များစွာသာလွန်ကြောင်းပင်ဖြစ်သည်။ သို့ဖြင့် ပါရှန်းအင်ပါယာ၏ အနောက်ဘက်မျက်နှာစာ အာရှမိုင်းနားဒေသများဖြစ်သည့် ယနေ့ ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂါဇာ၊ အီဂျစ်တို့မှာ အလက်ဇန္ဒား၏ လက်အောက်ကို အချိန်တိုအတွင်း ကျရောက်ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရိုဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးသည်။ ထိုတိုက်ပွဲစဉ်များအတွင်း ခက်ခဲသည့် တိုက်ပွဲဟူ၍ ဖီနီစီယမ်ကျွန်းမှ တိုင်ရာမြို့ခံတပ်ကို ၇ လကြာ တိုက်ရသည်သာရှိသည်။ ထိုစဉ်က ပါရှန်းဧကရာဇ် တတိယမြောက် ဒရိုင်းယပ်စ် က ပါရှားနယ် တစ်ဝက်ပေးကာ စစ်ပြေငြိမ်းရန် ကမ်းလှမ်းသော်လည်း လက်မခံခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်၍ စစ်သူကြီး ပါမီနီယိုက "ငါသာ အလက်ဇန္ဒားဖြစ်ရင် ဒီကမ်းလှမ်းချက်ကို လက်ခံမိမယ်။"ဟု ဆိုသည်ကို အလက်ဇန္ဒားကလည်း "ငါသာ ပါမေနီယိုဆိုရင်လည်း ဒီကမ်းလှမ်းချက်ကို လက်ခံတာပေါ့။" ဟုပြန်လည်ချေပခဲ့သည်။ အီဂျစ်မှ အာရှဖက်သို့ ပြန်လှည့်ပြီး ဘီစီ ၃၃၁ တွင် ဂေါဂါမီလာတိုက်ပွဲ၌ မိမိထက်အင်အားများစွာ သာလွန်သည့် ပါရှန်းတပ်မကြီးကို အပြတ်အသတ် နိုင်သဖြင့် ဘေဘီလုံသို့ ဆက်လက်ချီတက်သည်။ နောက် ပါရှန်းမြို့တော်များဖြစ်သည့် စုစု နှင့် ပါစီပိုလစ် တို့ဆီ ချီတက်သည်။ ထိုအချိန်တွင်ပဲ ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က လက်နက်ချရန် ကြံရာ သူ၏ နောက်လိုက်များက သတ်ဖြတ်လိုက်ကြသည့်အတွက် အီရန် (ပါရှန်း) တို့အင်အားမှာ ပြိုကွဲခြင်းသို့ရောက်လေသည်။ ဘီစီ ၃၃၀ မှ သုံးနှစ်အတွင်း ပါရှန်းတပ် အကြွင်းအကျန်များကို နှိမ်နှင်းပြီး အီရန်အရှေ့ဘက်ခြမ်းကို သိမ်းယူသည်။ နောက်ဆုံး အချိန်ကာလများတစ်နှစ်နီးပါးမျှ ပါရှားတွင်အခြေချကာ တည်ငြိမ်ရေးကို ဆောင်ရွက်ပြီး အိန္ဒိယမြောက်ပိုင်းသို့ ချီတက်သိမ်းသွင်းပြန်သည်။ သို့သော် ဆိုးဝါးလှသည့် အိန္ဒိယတောတောင်နှင့် ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ မိမိတပ်သားများက အိမ်ပြန်ရန် ဆန္ဒပြင်းပြသည်ကြောင့် လည်းကောင်း ဂရိသို့လှည့်ပြန်ရသည်။ ထိုမတိုင်မှီက အာရှမှ ပါရှန်းများသည် မိမိတို့ ဂရိများထင်သကဲ့သို့ အရိုင်းအစိုင်းများ မဟုတ်ကြောင်း၊ ပါရှန်းတို့တွင်လည်း ထူးချွန်သည့် အရည်အသွေးများ ကိုယ်စီရှိကြောင်း နားလည်ပြီး မိမိ၏ ဂရိ-မက်စီဒုံ စစ်သည်များကို ပါရှန်းသူများနှင့် လက်ထပ်စေသည်။ မိမိကိုယ်တိုင်လည်း ဒရိုင်းယပ်စ်၏ သမီးတော်နှင့် လက်ထပ်သည်။ ထိုသို့ ဂရိ-မက်စီဒုံ-ပါရှန်း ဗဟုယဉ်ကျေးမှု အင်ပါယာကို တည်ထောင်ကာ မိမိကအုပ်စိုးရန် ကြံရွယ်ခဲ့သည်။ ဘီစီ ၃၂၃ ဇွန်လဦးကာလ ၊ နောက်တစ်ကြိမ် အိန္ဒိယသို့ ချီတက်ရန် စစ်ပြင်စဲ ဘေဘီလုံမြို့တော်တွင် ရုတ်တရက် အပြင်းဖျားနာကာ ၁၀ ရက်အကြာတွင် အသက် ၃၂ နှစ်သာရှိသေးသည့် စစ်ဘုရင်ကြီး မဟာအလက်ဇန္ဒား နတ်ရွာစံလေသည်။ ၎င်းနတ်ရွာစံသည်နှင့် ၎င်း၏အင်ပါယာမှာလည်း ပြိုကွဲလေသည်။ အကြောင်းမှာ မည်သူ့အား နန်းဆက်ခံရန် မိန့်မှာဖူးသည် မရှိသဖြင့် ၎င်း၏ပိုင်နက်များကို စစ်သူကြီးများက အပိုင်းပိုင်း ခွဲယူသွားကြခြင်းကြောင့် ဖြစ်သည်။ ထိုနယ်မြေလုပွဲတွင် မိခင်၊ မိဖုရားများနှင့် သားသမီးများမှာ ဓားစာခံအဖြစ် အသတ်ခံရကြရှာသည်။ အရည်အချင်းများ![]() မဟာအလက်ဇန္ဒားသည် အသက် ၂၀ နန်းတက်ပြီး အသက် ၃၂ နတ်ရွာစံသည်ထိ တိုက်သမျှစစ် ရှုံးဖူးသည်မရှိချေ။ ထိုသို့ဖြစ်ရသည်မှာ-
သို့သော် မကြာခဏ သေဘေးနှင့် ကြုံရသည့်တိုင် စစ်ဘုရင်ကြီးမှာ သေဘေးနှင့်နီးသည်ဟု မိမိကိုယ်ကို အသိမဝင်ပဲ နန်းလျာ မသတ်မှတ်သဖြင့် ၎င်း၏လက်နက်နိုင်ငံမှာ အလွယ်တကူပင် ပြိုလဲရခြင်းမှာ အလွန်မှ အံ့ဖွယ်ကောင်းလှသည်။ အသေမစောလျှင် ကမ္ဘာ့သမိုင်းကို ယခုထက် ပြောင်းလဲခဲ့ဦးမည်သာဖြစ်သည်။ တိုက်စရာ နယ်ပယ် ကျန်သရွေ့ကို တိုက်ဦးမည်သာဖြစ်သည်။ အိန္ဒိယကိုရလျှင် စစ်တပ်ကို အနောက်ဘက်လှည့်ပြီး အာဖရိကနှင့် မြေထဲပင်လယ် ကမ်းခြေများကိုပါ သိမ်းယူရန် ဆန္ဒရှိသေးသည် ဟုဆိုကြသည်။ သူ့ကျေးဇူးကြောင့် ယခင်က ဂရိတို့မသိခဲ့၊ မမြင်ခဲ့သည့် အရှေ့တိုင်း ယဉ်ကျေးမှုကို မြည်းစမ်းသုံးစွဲခွင့်ရပြီး အရှေ့၊ အနောက် ယဉ်ကျေးမှုခြင်း ဖလှယ်ကြသဖြင့် များစွာအကျိုးဖြစ်ထွန်းသည် ဟုဆိုနိုင်သည်။ ဤဆက်ဆံရေးတို့ကြောင့် ၎င်းနတ်ရွာစံပြီး နောင်နှစ်ပေါင်း ရာချီအတွင်း ဟယ်လင်နစ်ခေတ် ယဉ်ကျေးမှု ပေါ်ထွန်းကာ ဂရိတို့ တိုးတက်လာရသည်။ အဆိုပါ ဟယ်လင်နစ် ယဉ်ကျေးမှုမှာ ဂရိမှ ရောမ သို့ဆက်လက်စီးဆင်းပြီး နောင် ဥရောပ တစ်ဝန်းပျံ့နှံ့သေးသဖြင့် သူ့ကျေးဇူးမှာ ဥရောပအပေါ်တွင်လည်း ရှိသေးသည် ဟုဆိုနိုင်သည်။ ထို့ပြင် အိန္ဒိယတွင်လည်း ရှေးကမရှိခဲ့သည့် ဘာသာရေးဆိုင်ရာ ရုပ်တုများကို ဂရိယဉ်ကျေးမှု အငွေ့အသက်များ ဖြင့်ထုလုပ်လာကြသည်။ ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia