ဂျပန် အမျိုးသား ဘောလုံးအသင်း
ဂျပန် အမျိုးသား ဘောလုံးအသင်း (サッカー日本代表 Sakkā Nippon Daihyō ) သည် ဂျပန်ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်တွင်ရှိသော ဂျပန်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတစ်သင်းဖြစ်သည်။ ဂျပန်အသင်းသည် အာရှရှိ အအောင်မြင်ဆုံးသော အသင်းများထဲမှ တစ်သင်းဖြစ်ပြီး ဖီဖာကမ္ဘာ့ဖလား နောက်ဆုံးပြိုင်ပွဲ ၆ ခုကို ဆက်တိုက်ဆိုသလို ဝင်ခွင့်ရရှိခဲ့သော အသင်းဖြစ်သည်။ ထို့ပြင် အာရှဖလားကိုလည်း ၁၉၉၂၊ ၂၀၀၀၊ ၂၀၀၄ နှင့် ၂၀၁၁ ခုနှစ်တို့တွင် ရရှိခဲ့သည်။ ဂျပန်အမျိုးသားအသင်းသည် ၂၀၀၁ ခုနှစ် ဖီဖာ တိုက်ကြီးများဖလားတွင် ဒုတိယရရှိခဲ့သည်။ ဂျပန်အမျိုးသားအသင်း၏ ဒေသတွင်းပြိုင်ဘက်များမှာ တောင်ကိုရီးယားအမျိုးသားအသင်းနှင့် ဩစတေးလျအမျိုးသားဘောလုံးအသင်းတို့ဖြစ်သည်။ ဂျပန်အသင်းသည် အမေရိကတိုက်အပြင်မှ ကိုပါအမေရိကဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ် နှင့် ၂၀၁၁ ခုနှစ်တို့တွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။[၄] ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင် ဖိတ်ကြားချက်ကို လက်ခံခဲ့သော်လည်း ၂၀၁၁ တိုဟိုကူ ငလျင်နှင့် ဆူနာမီကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။[၅] ကိုးကား
|
Portal di Ensiklopedia Dunia