အာရှ ဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: Asian Football Confederation; အတိုကောက် AFC) သည် အာရှနှင့် ဩစတြေးလျဒေသအတွင်းရှိ ဘောလုံးအဖွဲ့အစည်းများကို ထိန်းချုပ်နေသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ၎င်းအဖွဲ့ချုပ်ကြီးတွင် နိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်ကာ အများစုမှာ အာရှရှိနိုင်ငံများဖြစ်ကြသည်။ သို့သော်လည်း အာရှတိုက်နှင့် ဥရောပတိုက်တို့ကို ခြားနားထားသည့် နယ်မြေများအရ တူရကီနှင့် ရုရှားနိုင်ငံ ၊ အာရှအတွင်း (အလယ်ပိုင်း သို့မဟုတ် ဥရောပအာရှ) ရှိ ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဂျော်ဂျီယာနှင့် အစ္စရေးနိုင်ငံများမှာ ဥရောပဘောလုံးအဖွဲ့ချုပ်ကြီးတွင် ပါဝင်နေသည်။ အခြားတစ်ဖက်တွင်ကား ဩစတြေးလျနိုင်ငံဖြစ်သည်။ ၎င်းသည် ယခင်က သမုဒ္ဒရာပိုင်းဇုန်ဘောလုံးအဖွဲ့ချုပ်တွင် ပါဝင်ပြီး ၂၀၀၆ ခုနှစ်တွင် အာရှဘောလုံးအဖွဲ့ချုပ်၏အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ အလားတူ တရုတ်တိုင်ပေ (ထိုင်ဝမ်)၊ အမေရိကန်ပိုင်ကျွန်းများဖြစ်သော ဂူအမ်၊ မြောက်ပိုင်းမာရီယာနာကျွန်းများ နှင့် တရုတ်နိုင်ငံ၏အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ဟောင်ကောင် နှင့် မကာအို တို့သည် သီးခြားနိုင်ငံများမဟုတ်သော်လည်း အာရှဘောလုံးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။
အာရှဘောလုံးအဖွဲ့ချုပ်ကို ၁၉၅၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဖွဲ့စည်းခဲ့ကြသည့်ပြင် ၎င်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီး ၏ ခြောက်ခုမြောက် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ ရုံးချုပ်ကြီးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဘူကစ်ဂျလီတွင် တည်ဆောက်ထားရှိသည်။
သမိုင်း
အာရှဘောလုံးအဖွဲ့ချုပ်ကို ၁၉၅၄ ခုနှစ် မေလ ၈ ရက်နေ့တွင် အာဖဂန်နစ္စတန်၊ မြန်မာ (ယခင်: ဘားမား)၊ ထိုင်ဝမ် (ယခင်: တရုတ်သမ္မတနိုင်ငံ)၊ ဟောင်ကောင်၊ အိန္ဒိယ၊ အစ္စရေး၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ဗီယက်နမ်တို့နှင့် စတင်ဖွဲ့စည်းခဲ့သည်။
ယခင်အဖွဲ့ဝင်နိုင်ငံများ
ကြီးမှူးကျင်းပသော ပြိုင်ပွဲများ
အာရှဘောလုံးအဖွဲ့ချုပ်၏ ပြိုင်ပွဲများ
ကလပ်ပြိုင်ပွဲများ
- အထက်တန်းအာရှချန်ပီယံလိဂ် (AFC Champions League Elite)
- အာရှချန်ပီယံလိဂ် ၂ (AFC Champions League 2)
- အာရှစိန်ခေါ် ခြင်းလိဂ် (AFC Challenge League)
- အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ (AFC Futsal Club Championship)
- အာရှအမျိုးသမီးချန်ပီယံလိဂ် (AFC Women's Champions League)
- ဖျက်သိမ်းပြီးကလပ်ပြိုင်ပွဲများ
- အာရှချန်ပီယံလိဂ် (AFC Champions League)
- အာရှဘောလုံးအဖွဲ့ချုပ်ဖလား (AFC Cup)
- အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား (AFC President's Cup)
- အာရှစူပါဖလား (Asian Super Cup)
- အာရှကလပ်ရှုံးထွက်ချန်ပီယံဖလား (Asian Cup Winners' Cup) ***
- အာရှကလပ်ချန်ပီယံဖလား (Asian Champions Cup) ***
|
လက်ရွေးစင်နှင့် သက်တမ်းအလိုက်ပြိုင်ပွဲများ
- အာရှဖလားပြိုင်ပွဲ (AFC Asian Cup)
- အသက် ၂၃ နှစ်အောက်အာရှဖလားပြိုင်ပွဲ (AFC U-23 Asian Cup)
- အသက် ၂၀ နှစ်အောက် အာရှဖလားပြိုင်ပွဲ (AFC U-20 Asian Cup)
- အသက် ၁၇ နှစ်အောက် အာရှဖလားပြိုင်ပွဲ (AFC U-17 Asian Cup)
- အမျိုးသမီးအာရှဖလားပြိုင်ပွဲ (AFC Women's Asian Cup)
- အသက် ၂၀ နှစ်အောက် အမျိုးသမီးအာရှဖလားပြိုင်ပွဲ (AFC U-20 Women's Asian Cup)
- အသက် ၁၇ နှစ်အောက် အမျိုးသမီးအာရှဖလားပြိုင်ပွဲ (AFC U-17 Women's Asian Cup)
- ဖူဆယ်အာရှဖလားပြိုင်ပွဲ (AFC Futsal Asian Cup)
- အသက် ၂၀ နှစ်အောက် ဖူဆယ်အာရှဖလားပြိုင်ပွဲ (AFC U-20 Futsal Asian Cup)
- အမျိုးသမီးဖူဆယ်အာရှဖလားပြိုင်ပွဲ (AFC Women's Futsal Asian Cup)
- အာရှဖလားသဲသောင်ပြင်ဘောလုံးပြိုင်ပွဲ (AFC Beach Soccer Asian Cup)
- ဖျက်သိမ်းပြီးလက်ရွေးစင်အဆင့်ပြိုင်ပွဲ
- ရပ်နားထားသောလူငယ်ပြိုင်ပွဲများ
- အာရှအသက် ၁၄ နှစ်အောက်ချန်ပီယံရှစ်ပြိုင်ပွဲ (AFC U-14 Championship)
|
- ၂၀၀၂-၂၀၀၃ ဘောလုံးရာသီတွင် *** ပြထားသောပြိုင်ပွဲ ၂ မျိုးပေါင်း၍ အာရှချန်ပီယံလိဂ် နှင့် ၂၀၀၄ ခုနှစ်တွင် အာရှချန်ပီယံလိဂ်မှ ခွဲထွက်၍ အာရှဘောလုံးအဖွဲ့ချုပ်ဖလားနှင့် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲများအဖြစ် ပြိုင်ပွဲ ၃ မျိုးပြောင်းလဲကျင်းပခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားကို ဖျက်သိမ်းပြီး အာရှဘောလုံးအဖွဲ့ချုပ်ဖလားထဲသို့ ကလပ်များအား ပူးပေါင်းယှဉ်ပြိုင်စေသည်။
- ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှစ၍ အာရှချန်ပီယံလိဂ်မှ အထက်တန်းအာရှချန်ပီယံလိဂ် သို့လည်းကောင်း အာရှဘောလုံးအဖွဲ့ချုပ်ဖလားမှ အာရှချန်ပီယံလိဂ် ၂ သို့လည်းကောင်း ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ထို့အတူ တတိယတန်းကလပ်ပြိုင်ပွဲဖြစ်သည့် အာရှစိန်ခေါ် ခြင်းလိဂ်ပါ ထပ်မံကျင်းပမည်ဖြစ်သည်။
အလုပ်အမှုဆောင်ကော်မတီ
- အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ
Salman Bin Ibrahim Al-Khalifa
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကောင်စီအဖွဲ့ဝင်များ
Yasser H. Almisehal
Kanya Keomany
Kohzo Tashima
Mariano Araneta
Hamad bin Khalifa Al Thani
Datuk Haji Hamidin Bin Haji Mohd Amin
- အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ
Hachem Haidar
Mehdi Taj
Ugen Tsechup
ဦးဇော်ဇော်
Ganbaatar Amgalanbaatar
- အထွေထွေအတွင်းရေးမှူး
Windsor John
ကိုးကား