ဂျာမနီနိုင်ငံကိုဩဒိနိတ်: 51°N 9°E / 51°N 9°E
၁၉၄၉ ခုနှစ်မှစ၍ ဒီမိုကရက်တစ် ပါလီမန်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံဖြစ်သည်။ ပြည်နယ်တစ်ခုစီတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ပါလီမန်နှင့် အစိုးရအဖွဲ့တို့ရှိသည်။ ပြည်ထောင်စု အစိုးရက နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့် ဘွန်းဒတ်စ်ရတ်ခေါ် ပြည်သူ့လွှတ်တော်မှ တဆင့်ပြည်နယ်များသည် ပြည်ထောင်စုအဆင့်တွင်ကိုယ်စားပြုပြီး ပြည်ထောင်စုဥပဒေပြုအဖွဲ့တွင်ပါဝင်သည်။ ပါတီစုံစနစ် နိုင်ငံရေးဖြစ်ပြီး ပါတီတိုင်းတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲမှုတွင်ပါဝင်ခွင့်ရှိသည်။ အဓိကနေထိုင်သောလူမျိုးများမှာ ဂျာမန်လူမျိုးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကား အဖြစ်ဂျာမန်ဘာသာစကားကို အသုံးပြုသည်။ ဥရောပသမဂ္ဂ ဝင်နိုင်ငံများတွင်လည်း မကြာခဏသုံးနှုန်းပြောဆိုသော ဘာသာစကားဖြစ်သည်။ လက်ရှိလူဦးရေမှာ ၈၂.၃ သန်းနေထိုင်ပြီး တစ်စတုရန်းကီလိုမီတာတွင် ပျဉ်းမျှလူဦးရေ ၂၃၁ ဦးနေထိုင်သောကြောင့် ဥရောပနိုင်ငံများတွင် လူဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အမျိုးသားများ၏ ပျဉ်းမျှသက်တမ်းမှာ ၇၆ နှစ်ဖြစ်ပြီး၊ အမျိုးသမီးများမှာ ၈၁ နှစ်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် ၅၃ သန်းနီးပါးရှိ၍ မွတ်စလင် ၃.၃ သန်း၊ ဗုဒ္ဓဘာသာ ဝင်၂၃၀၀၀၀၊ ဂျူးဘာသာဝင် ၁၀၀၀၀၀ နှင့် ဟိန္ဒူ ဘာသာဝင် ၉၀၀၀၀ အသီးသီးနေထိုင်ကြသည်။ လူဦးရေ၏ ၈၈% မှာမြို့ကြီးများနှင့် ယင်းတို့၏ တိုးချဲ့ဧရိယာများတွင် နေထိုင်ကြသည်။ ဂျာမနီသည် လက်ရှိ ဥရောပသမဂ္ဂတွင် စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မူ့တန်ဖိုးမှာ ၂၀၀၄ ခုနှစ်စာရင်းအရ ၂၂၁၆ ဘီလျံ ရှိသည်။ ကမ္ဘာ့ ထိပ်တန်းကုန်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ ၂၀၀၇ ခုနှစ်တွင်ယူရို ၉၆၉ ဘီလျံထိရှိလာခဲ့သည်။ အဓိက ကုန်သွယ်ဘက်နိုင်ငံများမှာ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန် နှင့် အီတလီနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကစီးပွားရေး ကဏ္ဍများမှာ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇသုတေသနပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အာကာသပညာထောက်ပံ့ရေးလုပ်ငန်းများ စသည်တို့ဖြစ်ကြသည်။ သမိုင်းအရှေ့ဖရန်စီယာနိုင်ငံနှင့် ရောမသာသနာစောင့်အင်ပါယာအရှေ့ဖရန်စီယာနိုင်ငံ ၈၄၃ ခုနှစ် ရှာလမိန်းဘုရင်ကြီးသည် ကာရိုလင်ဂျန်အင်ပါယာကို ၈၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၈၄၃ခုနှစ်တွင် နိုင်ငံ၂ခြမ်းကွဲသွားပြီး အရှေ့ဖက်ခြမ်းသည် အရှေ့ဖရန်စီယာအမည်ဖြင့် အနောက်ဖက်ရိုင်းမြစ်မှသည် အရှေ့ဖက် အယ်ဘေးမြစ်အထိ၊ မြောက်ဖက် မြောက်ပင်လယ်မှသည်တောင်ဖက် အဲလ်ပ်တောင်တန်းများအထိကျယ်ပြန့်သည်။ ထိုမှသည် ရောမသာသနာစောင့်အင်ပါယာသည် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၉၉၆ခုနှစ်တွင် ဂရီဂိုရီ-၅ သည် ပထမဆုံးဂျာမန်လူမျိုးပုပ်ရဟန်းမင်းကြီးဖြစ်လာသည်။ ရောမသာသနာစောင့်အင်ပါယာသည် အီတလီမြောက်ပိုင်းဒေသများကို သိမ်းယူခဲ့သည်။
မာတင်လူသာ(၁၄၈၃-၁၅၄၆) ပရိုတက်စတင့်ဂိုဏ်းကိုထူထောင်ခြင်းလည်ပတ်ပုံနှိပ်စက်ကို ဂူတင်ဘတ်ကစတင်တီထွင်ပြီးနောက်တွင် ၁၅၁၇ တွင် မာတင်လူသာက ပရိုတက်စတင့်အကြောင်းကိုမိတ်ဆက်ခဲ့ပြီး နောက် နှစ်၃၀ကြာ ဘာသာရေးစစ်ပွဲဖြစ်ပွားခဲ့ကာ ဂျာမန်နယ်များတွင်ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်းများစွာသေဆုံးခဲ့ကြသဖြင့် လူဦးရေလျော့ပါးခဲ့သည်။ ဝက်စ်ဖေးလီးယားစာချုပ်ဖြင့်စစ်ပြေငြိမ်းခဲ့သည်။
ဂျာမန်မျိုးနွယ်များသည် ရောမအင်ပါရာအင်အားနည်းလာချိန်တွင် အရှေ့ဘက်မှဝင်ရောက်လာကြသည်။ ရောမအင်ပါယာသည်အင်အားနည်းပါးနေပြီဖြစ်ရာ ဝင်ရောက်လာသော ဂျာမန်များကိုတွန်းလှန်နိုင်ခြင်းမရှိတော့ပေ။ သို့ဖြင့်ဂျာမန်နယ်များပေါ်ပေါက်လာပြီး မြို့ပြနိုင်ငံများထူထောင်ကြသည်။ အလယ်ခေတ်တွင်ပရပ်ရှားနယ်များဟုအမည်တွင်သည်။ နပိုလီယန်ကျဆုံးပြီးနောက်ပိုင်းတွင် ဗီယင်နာစာချုပ်အရ ဂျာမန်စကားပြောပြည်နယ် ၃၃နယ်စုပေါင်း၍ ဩစတြီးယား အင်ပါယာ ဂျာမန်ကွန်ဖယ်ဒရေးရှင်းနိုင်ငံကိုတည်ထောင်ကြသည်။ ကွန်ဖယ်ဒရေးရှင်းအတွင်းရှိ ဩစတြီးယားအင်ပါယာနှင့် အင်အားကြီးထွားလာသည့်ပရပ်ရှားတို့အကြားအားပြိုင်မှုပိုမိုပြင်းထန်လာပြီးနောက် ၁၈၆၆တွင် ဩစတြီးယား-ပရပ်ရှားစစ်ပွဲဖြစ်ပွားခဲ့သည်။ ဆက်ဆွန်နီ၊ ဘာဘေးရီးယားစသည့် တောင်ပိုင်းဂျာမန်နယ်များကဩစတြီးယားဖက်မှပါဝင်တိုက်ခိုက်ကြပြီး မြောက်ပိုင်းဂျာမန်နယ်များက ပရပ်ရှားဖက်မှ ပါဝင်တိုက်ခိုက်ကြသည်။ ပရပ်ရှားအနိုင်ရပြီးနောက် ဂျာမန်ကွန်ဖယ်ဒရေးရှင်းကိုဖျက်သိမ်းလိုက်ပြီး ဩစတြီးယားကိုလည်း ဂျာမန်အရေးကိစ္စများမှ ဖယ်ထုတ်ကာ မြောက်ပိုင်းဂျာမန်ကွန်ဖယ်ဒရေးရှင်းနိုင်ငံကိုတည်ထောင်သည်။ စက်မှုလုပ်ငန်းများလည်းဖွံ့ဖြိုးလာသည်။ ၁၈၇၀တွင် ပြင်သစ်-ပရပ်ရှားစစ်ပွဲတွင် ပြင်သစ်ကိုအနိုင်ရသည်။ ပထမကိုင်ဇာဘုရင်သည် နန်းရင်းဝန် ဘစ္စမတ်၏အကူအညီဖြင့် ကျန်ဂျာမန်နယ်များကို စုစည်းပြီးနောက် ဂျာမန်အင်ပါယာအဖြစ်ထူထောင်လိုက်သည်။ နိုင်ငံစည်းလုံးရေးရပြီးနောက်ဂျာမန်အင်ပါယာ၏စက်မှု လက်မှုလုပ်ငန်းသည်တစ်ဟုန်ထိုး တိုးတက်ကြီးပွားလာခဲ့သည်။ ဂျာမန်အင်ပါယာ၏အင်အားသည် ဒုတိယကိုင်ဇာဘုရင်လက်ထက်တွင် ပိုမိုအင်အားကြီးမားလာပြီး ပတ်ဝန်းကျင်နိုင်ငံများအားမထေမဲ့မြင်ပြုလာသဖြင့် အင်္ဂလိပ်၊ ပြင်သစ်တို့နှင့်မသင့်မသင့်ဖြစ်လာသည်။ ထွန်းကားလာသော စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့ဈေးကွက်ရှာဖွေရာ ဈေးကွက်ကိုယခင်ကတည်းကအုပ်စီးထားသော အင်္ဂလိပ်၊ ပြင်သစ်ကထိတ်လန့်လာကြသည်။ ပထမကမ္ဘာစစ်တွင် ဂျာမနီသည် ကျန် ဂျာမန်ပြည်နယ်များကိုစည်းရုံးပြီး လိုက်သည်။ နယ်များပိုမိုစည်းလုံးမိလာကြသည်။ ဩစတြီးယားဟန်ဂေရီ၊ တူရကီတို့နှင့်မဟာမိတ်ဖွဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှားတို့နှင့်စစ်ပြိုင်ရာ ရှုံးနိမ့်သဖြင့် အမျိုးမျိုးဖိနှိပ်ခံရသည်။ စစ်ပြီးခေတ်တွင်ဝိုင်မာသမ္မတနိုင်ငံဟုအမည်တွင်သည်။ ထို့နောက်ဟစ်တလာတက်လာပြီး စစ်ရေးအားထုတ်ကြိုပမ်းလာကာ ပတ်ဝန်းကျင်နိုင်ငံများအားတိုက်ခိုက်သိမ်းယူသဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီ၊ အီတလီ၊ ဂျပန်တို့ကတစ်ဖက်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့်အမေရိကန်တို့ကတစ်ဖက် တိုက်ခိုက်ကြရာ ဂျာမန်တို့ရှုံးနိမ့်သည်။ စစ်ပြီးခေတ်တွင် ဂျာမနီအား အရင်းရှင်နိုင်ငံများကတစ်ခြမ်း၊ ကွန်မြူနစ်နိုင်ငံများကတစ်ခြမ်းသိမ်းပိုက်လိုက်ကြပြီး အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီဟူ၍ပေါ်ပေါက်လာကာ စစ်အေးတိုက်ပွဲဆင်နွဲကြသည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အရှေ့ဂျာမနီမှာ သီးခြားရပ်တည်နိုင်ခြင်းမရှိတော့ပဲ ဂျာမနီနှစ်နိုင်ငံပေါင်းစည်းလိုက်ကြသည်။ ပထဝီဝင်ဂျာမနီသည် ဥရောပတွင် သတ္တမမြောက်အကြီးဆုံးနိုင်ငံဖြစ်သည်။ [111] မြောက်ဖက်တွင် ဒိန်းမတ်၊ အရှေ့ဖက်တွင် ပိုလန်နှင့် ချက်သမ္မတနိုင်ငံ၊ အရှေ့တောင်ဖက်တွင် ဩစတြီးယား၊ တောင်-အနောက်တောင်ဖက်တွင် ဆွစ်ဇာလန်၊ အနောက်ဖက်တွင် ပြင်သစ် လူဇင်ဘတ် ဘယ်လ်ဂျီယန်၊ အနောက်မြောက်ဖက်တွင် နယ်သာလန် တို့ တည်ရှိသည်။ ဂျာမနီ ကို မြောက်ပိုင်းပင်လယ် (the North Sea) နှင့် မြောက်-အရှေ့မြောက်ဖက်တွင် ဘောလ်တစ်ပင်လယ် တို့ ကလည်း ဝိုင်းရံလျက်ရှိသည်။ ဂျာမနီနိုင်ငံ အကျယ်အဝန်းမှာ ကုန်းမြေအကျယ်အဝန်း ၃၄၈,၆၇၂ စတုရန်းကီလိုမီတာ (၁၃၄,၆၂၃ စတုရန်းမိုင်) နှင့် ရေပြင်အကျယ်အဝန်း ၈,၃၅၀ စတုရန်းကီလိုမီတာ (၃,၂၂၄ စတုရန်းမိုင် ) ပေါင်း ၃၅၇,၀၂၂ စတုရန်းကီလိုမီတာ (၁၃၇,၈၄၇ စတုရန်းမိုင်) ရှိသည်။ မြေမျက်နှာပြင်အမြင့်ပေမှာ နိုင်ငံ့တောင်ပိုင်း အဲ့လ်ပ်စ် တောင်တန်းများ (အမြင့်ဆုံးအမှတ် မှာ ၂,၉၆၃ မီတာ သို့မဟုတ် ၉,၇၂၁ ပေ အမြင့်ရှိသည့် ဇက်စ်ပစ်ဇ်တောင်ထိပ် the Zugspitze) မှသည် အနောက်မြောက်ပိုင်း မြောက်ပိုင်းပင်လယ် (the North Sea သို့မဟုတ် Nordsee) နှင့် အရှေ့မြောက်ပိုင်း ဘောလ်တစ်ပင်လယ် (the Baltic Sea သို့မဟုတ် Ostsee) ကမ်းခြေ အထိ ရှိသည်။ ဂျာမနီနိုင်ငံအလယ်ပိုင်း သစ်တောဖုံးလွှမ်းကုန်းမြင့်များနှင့် ဂျာမနီမြောက်ပိုင်း မြေနိမ့်ပိုင်း (အနိမ့်ဆုံးနေရာ ဖြစ်သော နုအန်ဒေါ့ဖ်-ဆက်ရှ်ဆန်ဘန်ဒေး နှင့် ဝိုင်းလ်စတာမာ့စ်ချ် မြူနီစီပယ်နယ်မြေ (the municipality Neuendorf-Sachsenbande, Wilstermarsch) တို့တွင် ပင်လယ်မျက်နှာပြင်အောက် ၃.၅၄ မီတာ သို့မဟုတ် ၁၁.၆ ပောရှိ ) ကို အဓိကမြစ်ကြီးများဖြစ်သော ရိုင်း (the Rhine)၊ ဒါနူဘီ (Danube) နှင့် အယ်လ်ဘေး (Elbe) တို့က ဖြတ်သန်းစီးဆင်းလျက်ရှိကြသည်။ အဓိက ကျသော သဘာဝသယံဇာတအရင်းအမြစ်များမှာ သံရိုင်း၊ ကျောက်မီးသွေး၊ ပိုတက်ရှ် potash၊ သစ်၊ လစ်ဂ်နိုက် lignite ၊ ယူရေနီယံ ၊ ကြေးနီ၊ သဘာဝဓာတ်ငွေ့၊ ဆား နှင့် နစ်ကယ် တို့ဖြစ်ကြသည်။ [111] ရာသီဥတုဂျာမနီ နေရာအများစုမှာ သမပိုင်းရာသီဥတုဖြစ်ပြီး မြောက်ပိုင်းတွင် သမုဒ္ဒရာမိုင်းရာသီဥတုနှင့် အရှေ့နှင့် အရှေ့တောင်ပိုင်းတွင် continental ရာသီဥတု ဖြစ်သည်။ ဆောင်းရာသီများမှာ အေးမြပြီး တောင်ပိုင်းအဲ့လ်ပ်စ် တောင်တန်းများတွင် အလွန်အေး ကာ အများအားဖြင့် အုံ့ဆိုင်းပြီး မိုး နှင့် နှင်းကျဆင်းမှုမှာ အကန့်အသတ်ရှိသည်။ နွေရာသီများမှာ ပူပြင်းခြောက်သွေ့ သောပုံစံမှသည် အေးပြီး မိုးများသော ရာသီဥတုပုံစံအထိရှိကြသည်။ နိုင်ငံမြောက်ပိုင်းတွင် အနောက်လေတိုက်ခတ်မှုက မြောက်ပိုင်းပင်လယ်မှ ရေငွေ့များသယ်ဆောင်လာပြီး ရာသီဥတုကို မျှတစေကာ မိုးပိုစေသည်။ တောင်ပိုင်းဒေသများတွင်မူ အပူချိန်များမှာ ပိုမိုပြင်းထန်သည်။[113] ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ဂျာမနီ၏ လစဉ်ပျမ်းမျှအပူချိန်များမှာ အနိမ့်ဆုံး ၂၀၂၀ ခုနှစ် ဇန္နဝါရီလတွင် ၃.၃ °C (၃၇.၉ °F) မှ အမြင့်ဆုံး ၂၀၁၉ ခုနှစ် ဇွန်လတွင် ၁၉.၈ °C (၆၇.၆ °F) အတွင်းရှိသည်။[114] လစဉ်ပျမ်းမျှမိုးရေချိန်မှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ နှင့် ဧပြီလတွင် တစ်စတုရန်းမီတာတွင် ၃၀ လီတာ မှ ၂၀၂၀ ဖေဖော်ဝါရီလတွင် ၁၂၅ လီတာ အထိရှိသည်။ [115] လစဉ်ပျမ်းမျှနေရောင်ခြည်ရရှိမှုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ၄၅ နာရီ မှ ၂၀၁၉ ဇွန်လတွင် နာရီ ၃၀၀ အထိရှိသည်။[116]
ဇီဝမျိုးစုံမျိုးကွဲနိုင်ငံရေးစီးပွားရေးအခြေခံအဆောက်အဦခရီးသွားလုပ်ငန်းလူမှုအခြေပြဘာသာရေးဘာသာစကားဂျာမန်ဘာသာစကားနှင့်ဂျာမနီနိုင်ငံတွင်အသုံးပြုသောဘာသာစကားများ ဂျာမန်စကား သည် ဂျာမနီနိုင်ငံတွင်ရုံးသုံးစကားဖြစ်ပြီး အဓိကအသုံးပြုသော ဘာသာစကားလည်းဖြစ်သည်။ ဥရောမသမ္မဂ္ဂတွင်အသုံးပြုသည့် ဘာသာစကား ၂၄မျိုးအနက်တစ်ခုဖြစ်သည်။ ဥရောပသမ္မဂ္ဂတွင် များစွာအသုံးပြုသည့် ဘာသာစကားလည်းဖြစ်သည်။ ဂျာမန်စကားပြောဆိုသူ သန်း၁၀၀ ကျော်ရှိသည်။
ပညာရေးကျန်းမာရေးစောင့်ရှောက်မှုယဉ်ကျေးမှုဂီတအနုပပညာစာပေနှင့် ဒဿနသတင်းမီဒီယာအစားအစာအားကစားမှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia