ဂျူဘာမြို့
![]() ဂျူဘာမြို့ (အင်္ဂလိပ်: Juba) သည် တောင်ဆူဒန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ နိုင်းမြစ်ဖြူပေါ်တွင် တည်ရှိကာ ဗဟိုအီကွေတိုးနီးယားပြည်နယ်၏ မြို့တော်လည်းဖြစ်သည်။ ၂၀၁၇ခုနှစ်တွင် လူဦးရေ (၅၂၅,၉၅၃) ရှိသည်။ ဧရိယာစုစုပေါင်း (၅၂)စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ သမိုင်းကြောင်းအော့တမန် အင်ပိုင်ယာလက်အောက်ခံနယ်မြေဖြစ်သော အီဂျစ်တို့လက်ထက်တွင် ဂျူဘာမြို့သည် တောင်ဘက်ဆုံးသော ခံတပ်မြို့ဖြစ်ခဲ့သည်။ ၁၉၂၀ - ၁၉၂၁တွင် ခရစ်ယာန်သာသနာပြုအဖွဲ့မှ ဂျူဘာဟုခေါ်သော ဘာရီလူမျိုးများ၏ ရွာငယ်လေးတွင် ဂျူဘာမြို့ကို တည်ထောင်ခဲ့သည်။ ၂၀၀၅ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုအပြီးတွင် တောင်ဆူဒန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်လာပြီးနောက် မြို့သည် မြန်ဆန်စွာ တိုးတက်လာခဲ့သည်။ ၂၀၁၁ခုနှစ်တွင် လွတ်လပ်ရေးရလာပြီးနောက် တောင်ဆူဒန်နိုင်ငံ၏ မြို့တော် ဖြစ်လာခဲ့သည်။ နိုင်ငံရေးဩဇာရှိသူများက မြို့တော်ကို ရမ်စီရယ်ဒေသသို့ ပြောင်းရွှေ့လိုကြကာ အစိုးရက ပြောင်းရွှေ့ရန် ကြေညာခဲ့သော်လည်း မဖြစ်လာခဲ့သေးပေ။ ဂျူဘာမြို့သည် သက်တမ်းအငယ်ဆုံးကမ္ဘာ့မြို့တော်များစာရင်းတွင် ထိပ်ပိုင်းမှ ဝင်လာခဲ့သည်။[၁][၂] ကိုးကား
|
Portal di Ensiklopedia Dunia