စက်ဘီးစီးခြင်း![]() ![]() ![]() စက်ဘီးစီးခြင်း (cycling or bicycling or biking)သည် သယ်ယူပို့ဆောင်ရေးအတွက်ဖြစ်စေ၊ အားလပ်ချိန်အပန်းဖြေမှု (recreation)အတွက်ဖြစ်စေ၊ အားကစားအနေဖြင့်ဖြစ်စေ စက်ဘီးကိုအသုံးပြုခြင်းကို ဆိုလိုသည်။[၁] ဤသို့အသုံးပြုသူများကို မြန်မာဘာသာတွင် ရိုးရိုးသာမန် အပျော်စီးခြင်းဖြစ်စေ၊ သယ်ယူပို့ဆောင်ရေးအတွက်ဖြစ်စေ စီးသူများကို စက်ဘီးစီးသူများဟု ခေါ်ကြပြီး၊ အားကစားပြိုင်ပွဲဝင်စီးသူများကိုမူ စက်ဘီးအားကစားသမားများဟု ခေါ်ကြသည်။ အင်္ဂလိပ်ဘာသာတွင်မူ ဆိုက်ကလစ် (cyclists)[၂]၊ ဘိုင်ဆိုက်ကလစ် (bicyclists) [၃] သို့မဟုတ် ဘိုက်ကာ(bikers)[၄]ဟုခေါ်ကြသည်။ ဘီးနှစ်လုံးတပ် စက်ဘီးများသာမက၊ ဘီးတစ်လုံးတပ်စက်ဘီးများ (unicycles)၊ ဘီးသုံးလုံးတပ်စက်ဘီးများ (tricycles)၊ ဘီးလေးလုံးတပ်စက်ဘီးများ (quadracycles)၊ အိပ်နင်းစက်ဘီးများ (recumbent) အစရှိသည့် လူအားဖြင့် မောင်းနှင်သော ဘီးတပ်ယာဉ်များအား စီးနင်းခြင်းအားလုံးကိုလည်း စက်ဘီးစီးခြင်းဟုပင် ခေါ်ကြသည်။ စက်ဘီးများကို ၁၉ ရာစုတွင် စတင်အသုံးပြုလာကြပြီး၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် ခန့်မှန်းခြေ တစ်ဘီလီယံ (သန်းတစ်ထောင်)ခန့် အရေအတွက်ရှိသည်။[၅] စက်ဘီးစီးခြင်းသည် ကမ္ဘာ့နေရာအများအပြားနှင့် အထူးသဖြင့် လူနေထူထပ်သော ဥရောပမြို့ကြီးများတွင် တစ်နေရာမှတစ်နေရာသို့ သွားလာခြင်းအတွက် အဓိကသယ်ပို့နည်းလမ်းများ ဖြစ်နေသည်။[၆] စက်ဘီးစီးခြင်းကို တာတို သို့မဟုတ် တာလတ်ခရီးအကွာအဝေးများအတွက် ထိထိရောက်ရောက်နှင့် အကျိုးများသော သယ်ယူပို့ဆောင်မှုနည်းလမ်းတစ်ခု[၇][၈]အဖြစ် အများစုက မှတ်ယူကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia