စက်မှုအင်ဂျင်နီယာ ဘာသာရပ်
စက်မှုအင်ဂျင်နီယာ ဘာသာရပ် (အင်္ဂလိပ်: Mechanical engineering) သည် အင်ဂျင်နီယာပညာရပ်တစ်ခုဖြစ်၍ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ရူပဗေဒ နှင့် သင်္ချာ အခြေခံသဘောတရားများကို ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံ(materials science)နှင့် ပေါင်းစပ်ကာ စက်ပိုင်းဆိုင်ရာစနစ်အဖွဲ့စည်းများကို တီထွင်ရေးဆွဲခြင်း၊ စိစစ်ပိုင်းခြားလေ့လာခြင်း၊ ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း တို့ဖြစ်သည်။ ရှေးအကျဆုံး၊ အကျယ်ပြန့်ဆုံးသော အင်ဂျင်နီယာပညာရပ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စက်မှုအင်ဂျင်နီယာ ပညာရပ်နယ်ပယ်တွင် မက္ကင်းနစ်(mechanics)၊ ဒိုင်းနမစ်(dynamics)၊ သာမိုဒိုင်းနမစ်(thermodynamics)၊ ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံ(materials science)၊ ရုပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများအပေါ် ဝန်၊ အားများသက်ရောက်မှုကို လေ့လာသောပညာရပ် (structural analysis) နှင့် လျှပ်စစ်ဓာတ်အား (electricity) စသည်တို့ကဲ့သို့သော အဓိကနယ်ပယ်များပါဝင်၍ ထိုနယ်ပယ်ပညာရပ်များကို သိမြင်နားလည်ရန် လိုအပ်သည်။ ဤအဓိကပညာရပ်များအပြင် စက်မှုအင်ဂျင်နီယာများသည် ကုန်ထုတ်စက်ရုံများ၊ စက်မှုလုပ်ငန်း ပစ္စည်းကိရိယာများ၊ လုပ်ငန်းသုံး စက်ယန္တယားကြီးများ၊ အပူ/အအေး စက်ပစ္စည်းများ၊ ပို့ဆောင်ရေးစနစ်များ၊ လေယာဉ်၊ ရေယာဉ်၊ စက်ရုပ်၊ ဆေးပစ္စည်းကိရိယာများ၊ စစ်လက်နက်များနှင့် အခြားပစ္စည်းများကို ဒီဇိုင်းရေးဆွဲရန်နှင့် အသေးစိတ်လေ့လာဆန်းစစ်ရန် ကွန်ပျူတာ ထောက်ကူပြု ဒီဇိုင်း (CAD)၊ ကွန်ပျူတာထောက်ကူထုတ်လုပ်ခြင်း(CAM)၊ ထုတ်ကုန်သက်တမ်းစီမံတွက်ချက်မှု ကဲ့သို့သော ကိရိယာများကို အသုံးချကြသည်။ စက် (သို့) စက်ယန္တယားများ မောင်းနှင်လည်ပတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပုံစံရေးဆွဲခြင်းများနှင့် ပတ်သက်သော ပညာရပ်တစ်ခုလည်းဖြစ်၏ ။[၁][၂] စက်မှုအင်ဂျင်နီယာများသည် ဘုဂတ်တီ ဗေးရွန်(ပြိုင်ကား) မှ W16 အင်ဂျင်၊ ဓာတ်အားပေးစက်ရုံ များ နှင့် အခြားစက်များ... စက်မှုအင်ဂျင်နီယာ ပညာရပ်သည် (၁၈)ရာစု ဥရောပတွင် စက်မှုတော်လှန်ရေးအတွင်း ပညာရပ်နယ်ပယ်တစ်ခုအဖြစ် ပေါ်ထွက်ခဲ့သည်။ သို့ရာတွင် စတင်ဖြစ်ပေါ်လာမှုကို ခြေရာကောက်မည်ဆိုပါက နှစ်ပေါင်းထောင်ချီရှိပြီဖြစ်၏ ။ (၁၉)ရာစု ရူပဗေဒ တိုးတက်လာမှုများက စက်မှုအင်ဂျင်နီယာ သိပ္ပံပညာရပ်ကို ဖြစ်ပေါ်တိုးတက်စေခဲ့သည်။ ဤပညာရပ်သည် အဆက်မပြတ်ဆိုသလို ဖြစ်ပေါ်တိုးတက်လာခဲ့ရာ ယနေ့ခေတ် စက်မှုအင်ဂျင်နီယာပညာရှင်များသည် ဒြပ်ဝတ္ထုပစ္စည်းပေါင်းစပ်မှုလေ့လာသော ပညာရပ် (composites)၊ မက္ကထရောနစ်ပညာရပ်၊ နာနိုနည်းပညာ စသည့် နယ်ပယ်များ၏တိုးတက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်နေလျက် ရှိသည်။ လေကြောင်းအင်ဂျင်နီယာ ပညာရပ်၊ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်၊ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ခြင်းအင်ဂျင်နီယာ ဘာသာရပ်၊ သတ္တု အင်ဂျင်နီယာ ဘာသာရပ်၊ ဓာတု အင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုထုတ်ကုန်လုပ်ငန်းအင်ဂျင်နီယာ ဘာသာရပ် နှင့် အခြားသောအင်ဂျင်နီယာပညာရပ်များနှင့် အနည်းနှင့် အများဆိုသလို ပတ်သက်နေသည်။ စက်မှုအင်ဂျင်နီယာများသည် ဇီဝဆေးဝါးအင်ဂျင်နီယာပညာရပ် အထူးသဖြင့် သက်ရှိများ၏ တည်ဆောက်ပုံနှင့် ရွေ့လျားမှုလေ့လာခြင်း biomechanics၊ ဒြပ် စွမ်းအင် အဟုန် စသည်တို့ကို လေ့လာသော ပညာ transport phenomena၊ ဇီဝဗေဒ မက္ကင်းနစ် အီလက်ထရောနစ်တို့ကို ပေါင်းစပ်လေ့လာသော ပညာရပ် biomechatronics၊ ဇီဝနာနိုနည်းပညာနှင့် ဇီဝဗေဒဆိုင်ရာ စနစ်များ၏ ပုံစံတူတည်ဆောက်လေ့လာခြင်း modelling of biological systems စသည့်နယ်ပယ်များတွင်လည်း လုပ်ဆောင်နိုင်ကောင်းလုပ်ဆောင်နိုင်ကြသည်။ သမိုင်းကြောင်းစက်မှုအင်ဂျင်နီယာ ပညာရပ်နှင့်ပတ်သက်သော အသုံးချခြင်းများကို များစွာသော ရှေးဦးခေတ်နှင့် ခေတ်လယ်ပိုင်းလူမှုအသိုင်းဝိုင်းများ၏ ကြွင်းကျန်ရစ်သော သမိုင်းမှတ်တမ်းများ၊ အထောက်အထားများတွင် တွေ့ရှိနိုင်သည်။ ရိုးရှင်းသော ဂန္ထဝင်စက်ခြောက်မျိုးကို ရှေးခေတ် ကမ္ဘာ့အရှေ့ဖျားမရောက်တရောက်နိုင်ငံများ (ancient Near East)(ယခု : အရှေ့အလယ်ပိုင်းဒေသ) တွင် ရှိကြောင်း သိရှိရသည်။ သပ် (wedge) နှင့် ဆင်ခြေလျှောလမ်း (ramp) တို့သည်သမိုင်းမတိုင်မီ ခေတ်များကတည်းက သုံးကြောင်း သိရှိရသည်။[၃] ဘီး နှင့် ဝင်ရိုး စက်ကိရိယာနှင့်တကွ ဘီး ကို မက်ဆိုပိုတေးမီးယားဒေသ ဘီစီနှစ်ငါးထောင်အတွင်း တီထွင်ခဲ့သည်။[၄] မောင်းတံ (lever) ကို ထိုဒေသ၌ လွန်ခဲ့သော နှစ်ငါးထောင်ခန့်က စတင်ပေါ်ပေါက်ခဲ့ကာ အလွန်ရိုးရှင်းသော ချိန်ခွင်တွင် အသုံးပြုခဲ့ကြသည်။[၅] ယင်းနောက် မောင်းတံကိုပင် ရှေးအီဂျစ်နည်းပညာတွင် ကြီးမားသောအရာဝတ္ထုများရွှေ့ရာ၌ အသုံးပြုကြသည်။[၆] ဘီစီသုံးထောင်ဝန်းကျင် မက်ဆိုပိုတေးမီးယား၌ ဝါး/ကြိမ် ဖြင့် ဆောက်ထားသော ရေတင်စက်( ရေခပ်၍ မောင်းတံဖြင့် မတင်သည့် ပစ္စည်း - shadoof water-lifting device) ၌မောင်းတံကို အသုံးပြုခဲ့ကြသည်။[၅] ပူလီများနှင့်ပတ်သက်၍ အစောဆုံးတွေ့ရသော သက်သေအထောက်အထားများသည် ဘီစီနှစ်ထောင်ခန့် မက်ဆိုပိုတေးမီးယားခေတ်ကတည်းကဖြစ်၏ ။[၇] ![]() ![]() အစောဆုံး လက်တွေ့ကျသော ရေစွမ်းဖြင့် လည်ပတ်သောစက်များဖြစ်သည့် ရေဘီး၊ ရေဒလက် စက်များသည် ပါရှန်းအင်ပါယာတွင် စတင်ပေါ်ပေါက်ခဲ့သည်။ ဘီစီ လေးရာစုခပ်စောစောကာလဖြစ်၏ ။[၈] ရှေးခေတ်ဂရိ၌ အာခီမီးဒီးစ် (၂၈၇-၂၁၂ ဘီစီ) လက်ရာများသည် အနောက်တိုင်းဟန် စက်ယန္တယားများအပေါ် လွှမ်းမိုးခဲ့၏ ။ အေဒီ ၁၀-၇၀ ခန့် ရောမအီဂျစ်ခေတ်တွင် အလက်ဇန်းဒရီးယားမြို့၏ ဟီး(ယား)ရိုး (သင်္ချာနှင့် တီထွင်သူ)က ရေနွေးငွေ့စနစ်သုံး ကိရိယာ (Aeolipile)ကို စတင်ဖန်တီးခဲ့သည်။[၉] တရုတ်ပြည်သမိုင်းတွင် ကျန်းဟန် (၇၈-၁၃၉အေဒီ) က ရေနာရီကို တိုးတက်အောင်ပြု၍ ငလျင်တိုင်းကိရိယာ (seismometer)ကို တီထွင်ခဲ့သည်။ အေဒီ ၂၀၀-၂၆၅၌ မာကျွမ်းက တစ်ဘီးနှင့် တစ်ဘီးလည်ပတ်ရာတွင် ညှိနိုင်သော ဂီယာစနစ်တပ်ဆင်သော လောက်လွှဲစက်ကိရိယာ( လှည်းကဲ့သို့)ကို တီထွင်ခဲ့သည်။ တရုတ်လူမျိုး အချိန်နာရီနှင့် အင်ဂျင်နီယာ စုစုန်း (Su Song : အေဒီ ၁၀၂၀-၁၁၀၁) က ၎င်း၏ နက္ခဗေဒနာရီစင်တွင် (ယေဘုယျသဘော ချိန်သီးနှင့် မျှခြေစက်သွားဘီး တွဲဆက်ကိရိယာ) escapement ကိုပေါင်းစပ်တပ်ဆင်နိုင်ခဲ့သည်။ ခေတ်လယ်ပိုင်း ဥရောပနာရီများတွင်သုံးသော ထိုတွဲဆက်ကိရိယာထက် နှစ်ရာစုခန့်မျှစောသည်။ ထို့ပြင် ကမ္ဘာ့ပထမဆုံးဟုသိရှိနိုင်သော ချိန်း/ပူလီ စနစ် (chain drive) ကိုလည်းတီထွင်ခဲ့သည်။[၁၀] အစ္စလာမ္မစ်ခေတ် (၇-၁၅ရာစု) အတွင်း မွတ်စလင်တီထွင်သူများသည် စက်မှုနည်းပညာနယ်ပယ်၌ အရေးပါသောတီထွင်မှုများကို ပြုလုပ်ခဲ့ကြ၏ ။ အယ်လ်-ဂျာဇရီ ဆိုသူသည် ၁၂၀၆တွင် ၎င်း၏နာမည်ကြီးသော "တီတီထွင်ထွင် စက်မှုပစ္စည်းများအကြောင်း ဗဟုသုတစာအုပ်" ကို ရေးသားခဲ့သည်။ စက်မှုပစ္စည်းပုံစံများကို လည်းတင်ပြထားသည်။ ယခု၌ စက်ပစ္စည်းကိရိယာများ၏ အခြေခံဖြစ်သော ခရန့်ရှက်ဖ် (crankshaft)၊ ကမ်ရှက်ဖ် (camshaft) ကဲ့သို့သော ကိရိယာများကို တီထွင်ခဲ့သည်။[၁၁] အက်စတိုးနီးယားနိုင်ငံ တက်ဟလာရွာမှ Shadoof ခေါ် ရေတင်မစက် အလက်ဇန္ဒရီးယားမြို့က ဟီး(ယား)ရိုး၏ ရေနွေးငွေ့စနစ်သုံး ကိရိယာ (Aeolipile) ပြပုံ (၁၇)ရာစုတွင် အင်္ဂလန်၌ စက်မှုအင်ဂျင်နီယာပညာရပ်၏ အရေးပါသောအောင်မြင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဆာအိုက်ဆက် နယူတန် သည် ၎င်း၏ ရွေ့လျားမှုဆိုင်ရာ နိယာမများကို တီထွင်ဖော်ထုတ်ခဲ့၍ ရူပဗေဒ၏ သင်္ချာပိုင်းအခြေခံ ကဲကုလပ်စ် ကိုလည်း ဖွံ့ဖြိုးထုတ်ဖော်သည်။ ၎င်းထုတ်ဖော် တီထွင်ခဲ့သော အရာများကို မထုတ်ဝေချင်သော်လည်း အပေါင်းအသင်းများက တိုက်တွန်းသဖြင့် ထုတ်ဝေခဲ့သည်။ (၁၉)ရာစုအစောပိုင်း စက်မှုတော်လှန်ရေးအတွင်း လက်နက်ကိရိယာတန်ဆာပလာများပြုလုပ်သောစက် (ဥပမာ - တွင်ခုံ) (machine tools) များ အင်္ဂလန်၊ ဂျာမနီ၊ စကော့တလန်တို့၌ ဖြစ်ထွန်းတိုးတက်လာခဲ့သည်။ ဤအချက်မှာ စက်မှုအင်ဂျင်နီယာပညာရပ်ကို မူရင်းအင်ဂျင်နီယာပညာရပ်ကြီးအတွင်း တသီးတခြားနယ်ပယ်ပညာရပ်တစ်ခုအဖြစ် ပေါ်ထွက်စေခဲ့သည်။ ထို့နောက် ထုတ်လုပ်ရေးစက်များနှင့် ၎င်းတို့ကို စွမ်းအားပေးရန် အင်ဂျင်များ ဖြစ်ပေါ်လာခဲ့သည်။[၁၂] ပထမဆုံး ဗြိတိသျှ ပညာရှင်များ (စက်မှုအင်ဂျင်နီယာများ) အစည်းအရုံးကို ၁၈၄၇တွင် စတင်တည်ထောင်ခဲ့၏ ။ မြို့ပြအင်ဂျင်နီယာများ အဖွဲ့အစည်းပေါ်ပြီး နှစ်သုံးဆယ်ခန့်ဖြစ်သည်။[၁၃] ဥရောပတိုက်တွင် ဂျိုဟန် ဗောန် ဇင်းမားမန် (၁၈၂၀-၁၉၀၁)က ၁၈၄၈၌ ဂျာမနီနိုင်ငံ၊ ကမ်းနစ်တ်မြို့တွင် ပထမဆုံး ကော်ပတ်စားစက် စက်ရုံထောင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ အမေရိကန် စက်မှုအင်ဂျင်နီယာများ အဖွဲ့အစည်း (ASME)ကို ၁၈၈၀တွင် ထောင်သည်။ ၁၈၅၂-အမေရိကန် မြို့ပြအင်ဂျင်နီယာများ အဖွဲ့အစည်း၊ ၁၈၇၁-အမေရိကန် သတ္တုတွင်းအင်ဂျင်နီယာများ အဖွဲ့အစည်းပြီးနောက် တတိယမြောက် အဖွဲ့ဖြစ်၏ ။[၁၄] အမေရိကတွင် အင်ဂျင်နီယာပညာရေးကို စတင်သင်ကြားသည့် ပထမဆုံးကျောင်းများမှာ ၁၈၁၇တွင် အမေရိကန်စစ်တက္ကသိုလ် (ယခု : နောဝစ်ချ်တက္ကသိုလ် ၁၈၁၉) နှင့် ၁၉၂၅ ၌ ရန်ဆာလီယာ စွယ်စုံအတတ်ပညာကျောင်း (Rensselaer Polytechnic Institute) တို့ဖြစ်ကြသည်။ စက်မှုအင်ဂျင်နီယာပညာရပ်/ရေး သည် သမိုင်းကြောင်းအရ အတိတ်မှစ၍ ယနေ့ခေတ်ထိ သင်္ချာပညာ၊ သိပ္ပံပညာအပေါ်တွင် ခိုင်ခိုင်ခန့်ခန့် အခြေခံလျက် ရှိသည်။[၁၅] ပညာရေး![]() စက်မှုအင်ဂျင်နီယာ ဘွဲ့များကို ကမ္ဘာအနှံ့တက္ကသိုလ်များစွာတွင် အပ်နှင်းကြသည်။ စက်မှုအင်ဂျင်နီယာ သင်ရိုးအစီအစဉ်သည် ပုံမှန်အားဖြင့် လေးနှစ်မှ ငါးနှစ် သင်ကြားလေ့လာကြရ၏ ။ ပေးအပ်သောဘွဲ့များမှာ အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering - B.Eng. or B.E.)၊ သိပ္ပံဘွဲ့ (Bachelor of Science - B.Sc. or B.S.)၊ အင်ဂျင်နီယာသိပ္ပံဘွဲ့ (Bachelor of Science Engineering - B.Sc.Eng.)၊ နည်းပညာဘွဲ့ (Bachelor of Technology - B.Tech.)၊ စက်မှုအင်ဂျင်နီယာဘွဲ့ (Bachelor of Mechanical Engineering - B.M.E.) (သို့) အသုံးချသိပ္ပံဘွဲ့ (စက်မှုနှင့်ပတ်သက်၍) (Bachelor of Applied Science - B.A.Sc.) စသဖြင့် အမျိုးမျိုးသော နာမည်များဖြင့် ဖြစ်သည်။> အမေရိကန်ပြည်ထောင်စုတွင် ဘွဲ့ကြို စက်မှုအင်ဂျင်နီယာသင်တန်းများကို အင်ဂျင်နီယာပညာရပ်နှင့် နည်းပညာ အသိအမှတ်ပြုရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့(Accreditation Board for Engineering and Technology)က အသိအမှတ်ပြုပေးအပ်သည်။ တက္ကသိုလ်များတွင် ဆင်တူညီမျှသော သင်ရိုးနှင့် အဆင့်အတန်း တူညီနိုင်ရေးအတွက်ဖြစ်သည်။[၁၆] အချို့သော စက်မှုအင်ဂျင်နီယာများသည် ဘွဲ့လွန်သင်တန်းများကို ဆက်လက်ဆည်းပူးနိုင်၍ ရရှိနိုင်သောဘွဲ့များမှာ အင်ဂျင်နီယာမဟာဘွဲ့(Master of Engineering)၊ နည်းပညာမဟာဘွဲ့(Master of Technology)၊ မဟာသိပ္ပံဘွဲ့(Master of Science)၊ အင်ဂျင်နီယာစီမံ မဟာဘွဲ့(Master of Engineering Management - M.Eng.Mgt. or M.E.M.) များနှင့် ပါရဂူဘွဲ့များဖြစ်သော Eng.D.၊ Ph.D. (သို့) engineer's degree ဆိုသည့်အမည်များဖြင့် ပေးအပ်ချီးမြှင့်ကြသည်။ မဟာဘွဲ့ နှင့် engineer's degreeဘွဲ့တွင် သုတေသနလုပ်ငန်း ပါဝင်ခြင်းရှိသလို မပါဝင်သည်လည်းရှိ၏ ။ ပါရဂူဘွဲ့တွင် အရေးပါသော သုတေသနအပိုင်းတစ်ခုပါဝင်ပြီး တက္ကသိုလ်ပညာအဆင့်မြင့်သင်ကြားရေးအသိုင်းအဝိုင်း (ပါရဂူဘွဲ့ရများ၊ သုတေသနပညာရှင်များ) ၏ စမှတ်ဝင်ခွင့်ဟုလည်း ယူဆရှုမြင်ကြသည်။[၁၇] Engineer's degree ဆိုသည်မှာ အနည်းငယ်သော တက္ကသိုလ်များ၌ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ကြားက ဘွဲ့တစ်ခုအဖြစ်သတ်မှတ်ပေးအပ်ကြသည့် ဘွဲ့အမျိုးအစားဖြစ်သည်။ ကျောင်းသား/သူ သင်တန်းဆိုင်ရာ လုပ်ဆောင်ချက်များနိုင်ငံတစ်ခုစီ၏ အသိအမှတ်ပြုအဖွဲ့အစည်းက ပြဋ္ဌာန်းထားသော စံချိန်များသည် ယေဘုယျခြုံငုံကြည့်လျှင် အခြေခံဘာသာရပ်ပိုင်းဆိုင်ရာ တူညီမှုကို ထောက်ပံ့ပေးရန်၊ ဘွဲ့ရအင်ဂျင်နီယာများကြား ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပေးရန်၊ အင်ဂျင်နီယာပညာရပ်လုပ်ငန်းလုပ်ကိုင်ရာတွင် ယုံကြည်မှုများ ထိန်းသိမ်းရန်တို့အား ရည်ရွယ်ပါသည်။ အမေရိကန်နိုင်ငံ၌ အင်ဂျင်နီယာအတန်း၊ သင်ရိုးများကို အင်ဂျင်နီယာပညာရပ်နှင့် နည်းပညာ အသိအမှတ်ပြုရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့(Accreditation Board for Engineering and Technology)က သတ်မှတ်ပြဋ္ဌာန်းပေးပြီး ကျောင်းသူ/သားများသည် အပူ၊ စက်မှုပိုင်းဆိုင်ရာ စနစ်အဖွဲ့အစည်း နယ်ပယ်များ၌ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ကြောင်းပြသရန်အတွက်ဖြစ်သည်။ [၁၈] ဘွဲ့ရရှိရန်အတွက် သင်တန်းတစ်ခုနှင့် တစ်ခု အသေးစိတ်ပြဋ္ဌာန်းထားသော သင်ရိုးများ ကွဲပြားနိုင်သည်။ တက္ကသိုလ်များ၊ နည်းပညာသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ ဘာသာရပ်အများအပြားကို သင်တန်းတစ်ခုတည်းအတွက်ပေါင်းစပ်ကြသလို ဘာသာရပ်တစ်ခုတည်းကို သင်တန်းများစွာအတွက်လည်း ခွဲခြားကြသည်။ တက္ကသိုလ်၏ အဓိကသုတေသနနယ်ပယ်များ၊ ရှိနိုင်သော မဟာဌာနများအပေါ်တွင် မူတည်ပါသည်။ စက်မှုအင်ဂျင်နီယာပညာရပ်အတွက် အခြေခံသင်ကြားသော ဘာသာရပ်များမှာ
အလုပ်တာဝန်များကိရိယာတန်ဆာပလာများ၊ အင်ဂျင်များ၊ စက်များ အပါအဝင် စက်မှုပိုင်းဆိုင်ရာ၊ အပူပိုင်းဆိုင်ရာ ပစ္စည်းများကို သုတေသနပြုခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ တိုးတက်ကောင်းမွန်စေခြင်း၊ တည်ဆောက်ခြင်း၊ စမ်းသပ်ခြင်းတို့ကို ပြုလုပ်ကြသည်။ စက်မှုအင်ဂျင်နီယာများသည် အများအားဖြင့် အောက်ပါတို့ကိုပြုလုပ်ကြ၏ ။
စက်မှုအင်ဂျင်နီယာများသည် ဆေးပစ္စည်းများမှသည် ခေတ်ပေါ်ဘထ္ထရီအသစ်များအထိ နယ်ပယ်ရှိသော ထုတ်ကုန်မြောက်မြားစွာ၏ ထုတ်လုပ်ရေးများကို ဒီဇိုင်းရေးဆွဲ၍ စီမံကြီးကြပ်ကြသည်။ အခြားအင်ဂျင်နီယာများကဲ့သို့ စက်မှုအင်ဂျင်နီယာများသည်လည်း အထောက်အကူအနေဖြင့် ကွန်ပျူတာများကိုသုံးဆွဲ၍ ဒီဇိုင်းများကို တီထွင်ဖန်တီး၊ လေ့လာသုံးသပ်ကာ ကွန်ပျူတာတွင်တင်၍ စက်တစ်ခုအလုပ်လုပ်ပုံကို စမ်းသပ်စစ်ဆေးကြည့်ရှုသည်။ လိုင်စင် နှင့် စည်းမျဉ်းများအင်ဂျင်နီယာများသည် ပြည်နယ်၊ တိုင်းခရိုင် (သို့) နိုင်ငံတစ်ခု၏ အစိုးရမှခွင့်ပြုသော ခွင့်ပြုချက်(လိုင်စင်)ကို ရယူနိုင်သည်။ ဤအဆင့်၏ ရည်ရွယ်ချက်မှာ အင်ဂျင်နီယာလုပ်ငန်းကို ကျွမ်းကျင်အဆင့်ဖြင့်လုပ်ကိုင်ရန် နည်းပညာဗဟုသုတ၊ ဒေသတွင်းဥပဒေစနစ်နှင့်သက်ဆိုင်သော ဗဟုသုတ စသည်တို့ကို ပိုင်ဆိုင်ထားရန်လိုအပ်သည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်အများစု၌ အချို့သော အင်ဂျင်နီယာလုပ်ငန်းတာဝန်များဖြစ်သည့် တံတား၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတုဗေဒစက်ရုံ စသည်တို့၏တည်ဆောက်ခြင်းကို ကျွမ်းကျင် (သို့) သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသော အင်ဂျင်နီယာများကသာ အတည်ပြုတည်ဆောက်ကြသည်။ လိုင်စင်ရအင်ဂျင်နီယာများကသာလျှင် အင်ဂျင်နီယာလုပ်ငန်းအစီအစဉ်များကို တင်သွင်းခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ တရားဝင်ဖြစ်စေခြင်းတို့ကို လုပ်ဆောင်နိုင်သည်။[၂၁] လစာများ နှင့် လုပ်ကိုင်သူ အရေအတွက်အမေရိကန်ပြည်ထောင်စုတွင် စုစုပေါင်းအင်ဂျင်နီယာ ၁.၆သန်းခန့်လုပ်ကိုင်ကြ၍ သုံးသိန်းနီးပါးမှာ စက်မှုအင်ဂျင်နီယာများဖြစ်သည်။[၂၂] ယင်းနိုင်ငံ၌ ၂၀၁၂တွင် စက်မှုအင်ဂျင်နီယာတစ်ဦး၏ ပျမ်းမျှတစ်နှစ်လစာမှာ အမေရိကန်ဒေါ်လာ ၈၀,၀၀၀ခန့်ဖြစ်၍ အမြင့်ဆုံး $ ၉၀,၀၀၀မှ အနိမ့်ဆုံး $ ၅၀,၀၀၀ကျော် နယ်ပယ်အတွင်းရှိသည်။[၂၃] ဘာသာရပ်ခွဲများမက္ကင်းနစ်![]() မက္ကင်းနစ်သည် ယေဘုယျသဘောအားဖြင့် အားများအကြောင်းနှင့် ဒြပ်ဝတ္ထုများအပေါ် အား၏ အကျိုးသက်ရောက်မှုကို လေ့လာသောဘာသာရပ်ဖြစ်သည်။ ဝန်အားများ (သို့) ဒဏ်အားများခံရစဉ် အရာဝတ္ထုများ၏ အရှိန်(acceleration)နှင့် ပုံပျက်ယွင်းခြင်း(Deformation) များကို ခန့်မှန်းတွက်ချက်ရန်အတွက် အင်ဂျင်နီယာမက္ကင်းနစ်ကို အသုံးပြုကြ၏ ။ မက္ကင်းနစ်ဘာသာရပ်တွင် ပါဝင်သည်များမှာ :
မက္ကထရောနစ်ပညာရပ် နှင့် စက်ရုပ်ဘာသာရပ်မက္ကထရောနစ်ဘာသာရပ်သာ် မက္ကင်းနစ်နှင့် အီလက်ထရောနစ်တို့ကိ ပေါင်းစပ်ထားသော ဘာသာတစ်ခုဖြစ်၏ ။ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်၊ ဆော့ဖ်ဝဲအင်ဂျင်နီယာဘာသာရပ်တို့နှင့်လည်းသက်ဆိုင်သည်။ လျှပ်စစ်မော်တာများ၊ အလိုအလျောက်ထိန်းချုပ်စနစ်များ၊ အခြားလျှပ်စစ်စနစ်များနှင့် အထူးရေးဆွဲထားသော ဆော့ဖ်ဝဲများသုံးဆွဲ၍ စက်များကို အလိုအလျောက်မောင်းနှင်သည်။ အသုံးများသောဥပမာတစ်ခုမှာ စီဒီချပ် မောင်းနှင်စနစ်(CD-ROM drive)ဖြစ်သည်။ စက်ရုပ်ဘာသာရပ်သည် မက္ကထရောနစ်ပညာရပ်ကို အသုံးချ၍ စက်ရုပ်များတည်ထွင်ရန်ဖြစ်ကာ အန္တရာယ်များသော၊ ထပ်ခါတလဲလဲပြုရသော၊ နှစ်သက်ဖွယ်မကောင်းသော လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်စေရန် ဖြစ်သည်။ တည်ဆောက်မှုပုံစံ လေ့လာခြင်းတည်ဆောက်မှုပုံစံ လေ့လာခြင်း(Structural analysis) သည် မြို့ပြ၊ စက်မှုအင်ဂျင်နီယာပညာရပ်၏ ဘာသာရပ်ခွဲတစ်ခုဖြစ်သည်။ အရာဝတ္ထုများ ပျက်ယွင်း(ပျက်စီး)ခြင်း ဖြစ်ပုံ၊ ပျက်စီးခြင်းအကြောင်းကို စစ်ဆေး၍ ထိုအရာဝတ္ထုများနှင့် စွမ်းဆောင်ရည်ကို ပြန်လည်ပြင်ဆင်ရာ၌ ဤဘာသာရပ်ကို အသုံးပြုကြသည်။ သာမိုဒိုင်းနမစ် နှင့် အပူပိုင်းဆိုင်ရာ သိပ္ပံသာမိုဒိုင်းနမစ်သည် အသုံးချသိပ္ပံဘာသာရပ်ဖြစ်၍ အင်ဂျင်နီယာဘာသာရပ်ခွဲအချို့၌ အသုံးပြုကြသည်။ အရှင်းဆုံးအနက်မှာ စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာစနစ်တစ်ခုမှတစ်ဆင့် စွမ်းအင်ကိုသုံးစွဲခြင်း၊ စွမ်းအင်ကူးပြောင်းခြင်း (ပြောင်းလဲခြင်း) ကို လေ့လာသော ဘာသာရပ်ဖြစ်၏ ။[၂၅] ပုံမှန်အားဖြင့် အင်ဂျင်နီယာသာမိုဒိုင်းနမစ်သည် ပုံစံတစ်ခုမှ အခြားပုံစံတစ်ခုသို့ ပြောင်းလဲသွားသော စွမ်းအင်နှင့်သက်ဆိုင်သည်။ ဥပမာအားဖြင့် ယာဉ်တစ်စီး၏ အင်ဂျင်တွင် လောင်စာမှဓာတုစွမ်းအင်ကို အပူအဖြစ်သို့ ပြောင်းလဲ၍ ထို့နောက် အပူမှ စက်စွမ်းအင်သို့ပြောင်းသွားကာ နောက်ဆုံးတွင် ဘီးများကို လည်ပတ်စေသည်။ ဒီဇိုင်းနှင့် ပုံရေးဆွဲခြင်း![]() ပုံရေးဆွဲခြင်း (Technical drawing,Drafting)သည် ထုတ်ကုန်များကို ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်မည့် အစိတ်အပိုင်းများကို ဖန်တီးခြင်းဖြစ်သည်။ ပုံရေးဆွဲရာတွင် အစိတ်အပိုင်းတစ်ခု၏ အတိုင်းအတာများ၊ အခြားလိုအပ်သော အချက်အလက်များကို ဖော်ပြသော ပုံအား ကွန်ပျူတာဖြင့်ဖြစ်စေ လက်ဖြင့်ဖြစ်စေ ရေးဆွဲကြသည်။[၂၆] ခေတ်ပေါ်လက်နက်ကိရိယာများ![]() စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများရှိ စက်မှုအင်ဂျင်နီယာလုပ်ငန်းလုပ်ကိုင်ကြသော ကုမ္ပဏီများသည် ကွန်ပျူတာထောက်ကူအင်ဂျင်နီယာအစီအစဉ်များ (computer-aided engineering - CAE) ကိုလက်ရှိသုံးစွဲနေသော ဒီဇိုင်း၊ လေ့လာစိစစ်ရေးလုပ်ငန်းစဉ်များ၌ စတင်ပေါင်းစပ်နေကြပြီဖြစ်သည်။ နှစ်ဖက်မြင်ပုံ (2D)၊ သုံးဖက်မြင်ပုံ(3D) တည်ဆောက်ပုံဖော်နိုင်သော ကွန်ပျူတာထောက်ကူဒီဇိုင်းရေးဆွဲခြင်း (CAD)တို့ပါဝင်သည်။ ဤနည်းလမ်းမှာ အကျိုးကျေးဇူးများစွာရှိသည်။ ထုတ်ကုန်များကို လွယ်ကူစွာ၊ ပြည့်စုံစွာ အမြင်ပိုင်းဆိုင်ရာ ပုံဖော်နိုင်ခြင်း၊ တပ်ဆင်မည့် အစိတ်အပိုင်းများကို အတုသဘော ဖန်တီးနိုင်သည့် စွမ်းရည်များရှိခြင်းတို့ဖြစ်သည်။ တပ်ဆင်ရမည့် အစိတ်အပိုင်းနှစ်ခု၏ ချိတ်ဆက်နိုင်မှုအနေအထား(interfaces)၊ ထိုအပိုင်းနှစ်ခု၏ မည်ရွေ့မည်မျှကွာဟချက် (tolerances)တို့ကို လွယ်ကူစွာဒီဇိုင်းပုံဖော်နိုင်ပေသည်။ သုတေသနနယ်ပယ်များစက်မှုအင်ဂျင်နီယာများသည် ပို၍ စိတ်ချလုံခြုံ၊ ပို၍ ဈေးနှုန်းသက်သာ၊ ပို၍ စွမ်းရည်ရှိစေသော စက်များနှင့် စက်မှုပိုင်းဆိုင်ရာစနစ်များကို ထုတ်လုပ်ရန်အလို့ငှာ လက်ရှိပညာရပ်ပိုင်းဆိုင်ရာအရဖြစ်နိုင်ခြေရှိသော နယ်ပယ်ဘောင်များကို အဆက်မပြတ် ချဲ့ထွင်ရန်ကြိုးစားလျက် ရှိသည်။
အသေးစား လျှပ်စစ်-စက်မှု စနစ်များ (MEMS)စီလီကွန်၊ ဖန်၊ SU8 ပိုလီမာကဲ့သို့သော အခြေခံ ဒြပ်ဝတ္ထုပစ္စည်းများမှ အလွန်သေးသည့် စက်မှုပိုင်းအစိတ်အပိုင်းများ၊ ဥပမာ စပရင်၊ ဂီယာ၊ ငွေ့/ရည်သဏ္ဌာန်နှင့် အပူကူးပြောင်းပေးသော ပစ္စည်းများကို ထုတ်လုပ်ကြသည်။ သာဓကအနေဖြင့် ထိုပစ္စည်းအစိတ်အပိုင်းများမှာ မော်တော်ယာဉ်လေအိတ် အာရုံခံကိရိယာအဖြစ်သုံးသော အရှိန်တိုင်းကိရိယာများ၊ ခေတ်မီစမတ်ဖုန်းများ၊ ဇီဝဆေးနယ်ပယ်၌အသုံးပြုသည့် အလွန်သေးသည့် ငွေ့/ရည်ပစ္စည်းများ(microfluidic devices)၊ တိကျသောတည်နေရာခြင်းအတွက် သုံးသော ဂျိုင်ရိုစကုပ်များ ဖြစ်ကြသည်။ ပွတ်တိုက်လှုံ့ဆော်မှုဖြင့် ဂဟေဆော်ခြင်း (FSW)ပွတ်တိုက်လှုံ့ဆော်မှုဖြင့် ဂဟေဆော်ခြင်း(Friction stir welding)သည် ၁၉၉၁ခုနှစ်တွင် အသစ်ရှာဖွေတွေ့ရှိသော ဂဟေဆော်ခြင်းတစ်ခုဖြစ်၏ ။ ဆက်သွယ်မည့် ပစ္စည်းကို အရည်မပျော်စေဘဲ ပွတ်တိုက်အာဖြင့် ပျော့ပျောင်းစေကာ ဖိအားသုံး၍ ဆက်သည်။ အနာဂတ်တည်ဆောက်မှုများ ဥပမာ လေယာဉ်များကို သံမှိုဆွဲဆက်ခြင်း (ရပစ်ရိုက်သည်ဟုရသုံးနှုန်း -rivet ) နေရာတွင် ဤနည်းပညာကို သုံးလာနိုင်ရန်အလားအလာရှိသည်။ ပေါင်းစပ်ဒြပ်ဝတ္ထုပစ္စည်းများ![]() ပေါင်းစပ်ဒြပ်ဝတ္ထု(Composites) ဆိုသည်မှာ ဒြပ်ဝတ္ထုများပေါင်းစပ်၍ ဒြပ်တစ်ခုတွင်ရှိသော တသီးတခြားရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိထက် မတူညီသော ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများကို ထောက်ပံ့ပေးနိုင်သည်။ မက္ကထရောနစ်ပညာရပ်မက္ကထရောနစ်ပညာရပ်သည် စက်မှု၊ အီလက်ထရောနစ်၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာပညာရပ်များကို အပြန်အလှန်ပေါင်းစပ်ထားသော ပညာရပ်ဖြစ်၏ ။ စက်မှုပိုင်းဆိုင်ရာနည်းစနစ်များကို လျှပ်စစ်အင်ဂျင်နီယာပညာနှင့် ပေါင်းစပ်သောနည်းလမ်းအဖြစ်စတင်ခဲ့သည်။ လျှပ်စစ်-စက်မှု စနစ်များကို မက္ကထရောနစ်ပညာရပ်အယူအဆသဘောများတွင် အသုံးပြုကြ၏ ။[၂၇] နာနိုနည်းပညာအလွန်သေးငယ်သည့် အတိုင်းအတာဖြင့် စက်မှုအင်ဂျင်နီယာပညာရပ်သည် နာနိုနည်းပညာဖြစ်လာသည်။ စိတ်ကူးယဉ်ရည်မှန်းချက်တစ်ခုအဖြစ် မော်လီကျူး တည်ဆောက်တပ်ဆင်သူ(molecular assembler)တစ်ခုကို ဖန်တီးရန်ဖြစ်၍ ထိုတပ်ဆင်သူမှ mechanosynthesis မှတဆင့် မော်လီကျူးများ၊ ဒြပ်ဝတ္ထုပစ္စည်းများဖန်တီးရန်ဖြစ်သည်။ ယခုထိတိုင် စမ်းသပ်လေ့လာဆဲဖြစ်သည်။ စက်မှုအင်ဂျင်နီယာများ၏ လက်ရှိသုတေသနနယ်ပယ်မှာ အလွန်သေးငယ် အနုစိတ်သည့် အစစ်များ(nanofilters)၊ အချပ်အပြားလေးများ(nanofilms)၊ အနုစိတ်တည်ဆောက်မှုများ(nanostructures) ကဲ့သို့သော ပစ္စည်းများ ဖန်တီးတီထွင်မှုဖြစ်သည်။[၂၈][၂၉][၃၀] Finite element analysisFinite Element Analysis သည် အရာဝတ္ထုများ၏ ဒဏ်အား၊ ထိုဒဏ်အားကြောင့် ဖြစ်ပေါ်လာသော အတိုင်းအတာပြောင်းလဲမှု strain ၊ မူလပုံပျက်ယွင်းခြင်းကြောင့် ဖြစ်လာသော အတိုင်းအတာကွဲလွဲမှု (deflection) စသည်တို့ကို ခန့်မှန်းတွက်ချက်ရာတွင် အသုံးပြုသော တွက်ချက်မှုဆိုင်ရာ ကိရိယာဖြစ်သည်။[၃၁] ဇီဝမက္ကင်းနစ်ဇီဝမက္ကင်းနစ် (Biomechanics) သည် စက်မှုပိုင်းဆိုင်ရာ အတတ်ပညာကို ဇီဝစနစ်အဖွဲ့အစည်းများတွင် အသုံးချသော ပညာရပ်ဖြစ်၍ လူသား၊ တိရစ္ဆာန်၊ အပင်၊ ကိုယ်တွင်းအင်္ဂါနှင့် ဆဲလ်များတွင် အသုံးချကြ၏ ။[၃၂] ဤပညာရပ်သည် လူသားများအတွက် ကိုယ်တွင်းအင်္ဂါတု၊ ခြေလက်တုများ ဖန်တီးရာတွင် အထောက်အကူဖြစ်သည်။ အခြားသုတေသနပြုလျက် ရှိသောနယ်ပယ်များမှာ တွက်ချက်မှုပိုင်းဆိုင်ရာ ငွေ့/ရည် ဒိုင်းနမစ်ပညာရပ် (Computational fluid dynamics)၊ အသံနှင့် တုန်ခါမှုကို လေ့လာထိန်းချုပ်သော (Acoustical engineering) ဆက်စပ်သော နယ်ပယ်များဆက်စပ်သော နယ်ပယ်များမှာ ထုတ်လုပ်ရေးအင်ဂျင်နီယာပညာရပ်(Manufacturing engineering)၊ လေကြောင်း အင်ဂျင်နီယာပညာရပ်(aerospace engineering)၊ မော်တော်ယာဉ်ထုတ်လုပ်သော ပညာရပ်(automotive engineering) များဖြစ်သည်။ ရံခါ၌ အထက်ပါပညာရပ်သုံးခုကို စက်မှုအင်ဂျင်နီယာပညာရပ်နှင့် အုပ်စုဖွဲ့သတ်မှတ်ကြသည်။ အခြားကြည့်ရန်
ကိုးကား
|
Portal di Ensiklopedia Dunia