စပိန်အင်ပါယာ
စပိန်အင်ပါယာ [မှတ်စု ၂]သည် ၁၄၉၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ သက်တမ်း ရှည်ကြာခဲ့သော ကိုလိုနီအင်ပါယာတခုဖြစ်သည်။[၃][၄] ပေါ်တူဂီ အင်ပါယာနှင့် ပေါင်းစည်းပြီးနောက် စပိန်အင်ပါယာသည် စူးစမ်းရှာဖွေမှုခေတ်သစ်ကို ဖွင့်လှစ်ကာ တကမ္ဘာလုံးအတိုင်းအတာအနည်ဖြင့် အောင်မြင်မှု ရရှိခဲ့သည်။[၅] စပိန်အင်ပါယာသည် အမေရိကတိုက်၊ အာဖရိကတိုက်၏ အစိတ်အပိုင်းများ၊ အာရှတိုက်၏ ကျွန်းများစွာနှင့် အိုရှန်းနီးယားအပြင် ဥရောပတိုက်၏ အခြားဒေသများစွာကို ထိန်းချုပ်နိုင်ခဲ့သည်။[၆] အင်ပါယာသည် ခေတ်သစ်သမိုင်းတွင် အင်အားအကြီးဆုံး အင်ပါယာတခုဖြစ်ခဲ့ပြီး နေမဝင် အင်ပါယာ ဟု အမည်တွင်ခဲ့သည်။[၇] အင်ပါယာ၏ အထွဋ်အထိပ်ကာလ ၁၇၀၀ နှောင်းပိုင်းကာလနှင့် ၁၈၀၀ အစောပိုင်းကာလများတွင် နယ်နမိတ်အကျယ်အဝန်းသည် ၁၃ သန်း စတုရန်း ကီလိုမီတာ (၅ သန်း စတုရန်းမိုင်)ရှိကာ သမိုင်းတွင် အကြီးမားဆုံးအင်ပါယာအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[၈] ပထမတွင် ပေါ်တူဂီသည် စပိန်အတွက် တခုတည်းသောပြိုင်ဘက်ဖြစ်ခဲ့သည်။ ပေါ်တူဂီ နယ်ချဲ့ခြင်းအား အဆုံးသတ်ရန် စပိန်သည် ပေါ်တူဂီအား ၁၅၈၀ ခုနှစ်တွင် ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဖိလစ် ဘုရင်သည် ၁၅၈၁ ခုနှစ်တွင် သရဖူဆောင်းခဲ့သည်။ ပြင်သစ်နှင့်ဖြစ်ပွားသော အီတလီတို့၏စစ်ပွဲတွင် စပိန်ပါဝ်လာပြီး အီတလီ၏ နယ်မြေထက်ဝက်ကျော်အား ထိန်းချုပ်လိုက်သည်။ ၁၄၉၂ ခုနှစ်တွင် ခရစ္စတိုဖာ ကိုလံဘတ် ပေါ်ထွက်လာပြီး ရာစုနှစ် ၃ ခုကျော်အကြာတွင် စပိန်အင်ပါယာသည် ကာရစ်ဘီယံကျွန်းတလျှောက်၊ တောင်အမေရိကတိုက် ထက်ဝက်၊ ဗဟို အမေရိကတိုက်အားလုံးနီးပါးနှင့် မြောက်အမေရိကတိုက်၏ အတော်များများအထိ ကျယ်ပြန့်လာခဲ့သည်။ ၁၉ ရာစုအစောပိုင်းတွင် အမေရိကရှိ ကိုလိုနီနယ်မြေများက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြရာ စပိန်အင်ပါယာသည် ကြီးမားသော နယ်မြေဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။[၉] ၁၉၀၀ ခုနှစ်ရောက်သော် ကာရစ်ဘီယံနှင့် ပစိဖိတ်ရှိ ကိုလိုနီများကိုပါ လက်လွှတ်ခဲ့ရကာ အာဖရိကတွင်သာ ကျန်ခဲ့တော့သည်။ မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia