စာပေပါရဂူဘွဲ့

စာပေပါရဂူဘွဲ့ (အင်္ဂလိပ်: Doctor of Letters; အတိုကောက် : D.Litt.Litt.D.D.Lit. သို့ Lit.D.; Latin Litterarum Doctor သို့ Doctor Litterarum) သည် တက္ကသိုလ်တစ်ခုမှ လူမှုဗေဒဘာသာရပ်(နယ်ပယ်)များအတွက် ချီးမြှင့်သော အမြင့်ဆုံဘွဲ့ တစ်ခုဖြစ်သည်။ နေထိုင်သောနိုင်ငံ အပေါ်မူတည်၍ ယင်းဘွဲ့သည် ပါရဂူဘွဲ့ (Doctor of Philosophy; Ph.D.) (သို့) သိပ္ပံပါရဂူဘွဲ့ (Doctor of Science; Sc.D. or D.Sc.) ကဲ့သို့သော အဆင့်မြင့်ပါရဂူ(ဒေါက်တာ)ဘွဲ့ (higher doctorate) နှင့်ညီမျှသည်ဟု ယူဆနိုင်သည်။ နိုင်ငံအတော်များများက တက္ကသိုလ် နှင့် ပညာရေး/ရပ်ဆိုင်ရာ အဖွဲ့အစည်းများက လူမှုနယ်ပယ် (ဘာသာရပ်/ပညာရပ်) များ[မှတ်စု ၁]တွင် ထူးကဲသောလုပ်ဆောင်မှုများကို အသိအမှတ်ပြုသောအားဖြင့် ချီးမြှင့်လေ့ရှိကြသည်။ များသောအားဖြင့် မူလဘွဲ့ယူကျမ်းကို ခုခံကာကွယ်ခြင်း (သို့) ပိုမိုတိုးတက်အောင်ပြုခြင်း အပါအဝင် ပုံမှန်ပါရဂူဘွဲ့အတွက် လေ့လာမှုပြီးမြောက်သောကြောင့် ချီးမြှင့်ခြင်းဖြစ်နိုင်သကဲ့သို့[][][] အမြင့်ဆုံးအရည်အသွေးဖြင့် သိပ္ပံနည်းကျလက်ရာတစ်ခုခု၊ သုတေသန၊ စာပေရေးသားဖြန့်ချိမှု၊ ခိုင်မာမြဲမြံသော ပညာရပ်ဆိုင်ရာ ကိုယ်ရေးဂုဏ်ဒြပ် စသည်များကို တင်သွင်း၍ ပညာရပ်ဆိုင်ရာ အကဲဖြတ်ပြီးနောက် အဆင့်မြင့်ပါရဂူဘွဲ့အတွက် ချီးမြှင့်သည်လည်းဖြစ်နိုင်သည်။[][]

ထိုသို့ ပါရဂူဘွဲ့ရယူရန် လေ့လာသင်ယူသူများကို ချီးမြှင့်သည့်အပြင် ဤဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့အနေဖြင့်လည်း လူသားနှင့်ဆိုင်သော နယ်ပယ်ဘာသာရပ်၊ ယဉ်ကျေးမှု၊ အနုပညာဘာသာရပ်များနှင့် လူမှုအဖွဲ့အစည်းအား သိသာထင်ရှားစွာအကျိုးပြုမှု ဆောင်ရွက်ရွက်သူများအား အသိအမှတ်ပြုရန် ကျယ်ကျယ်ပြန့်ပြန့် ချီးမြှင့်ကြသည်။ ဂုဏ်ထူးဆောင်ဘွဲ့အဖြစ်ပေးအပ်ရာတွင် ဘွဲ့ရရန် စံသတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည့် ဘွဲ့ရရန်လျှောက်ထားမှု၊ ကျောင်းတက်သူတစ်ဦး၏ လုပ်ဆောင်ရမှု၊ ပါရဂူဘွဲ့ယူကျမ်းစာ (သို့) သုတေသနစာတမ်းနှင့် ပုဂ္ဂိုလ်ရေးဂုဏ်ဒြပ်ဆိုင်ရာ အကဲဖြတ်ခံရခြင်းတို့ကို ပေးအပ်မည့်အဖွဲ့က ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လျှော့ပေါ့စဉ်းစားကြသည်။ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ လက်ခံရရှိသူများသည် ဘွဲ့ပေးအပ်သောအဖွဲ့အစည်းနှင့် ယခင်ကတည်းက ဆက်နွယ်ပတ်သက်ရန် မလိုအပ်ပေ။[] ထို့နောက် အခြေအနေအများစု၌ ထိုဘွဲ့ရသူများ၏ အမည်အရှေ့၌ "ဒေါက်တာ" ဟူသော ပုဒ်အား သုံးစွဲရန်မသင့်ဟူ၍လည်း ယူဆကြ၏ ။[] တက္ကသိုလ်၊ ကောလိပ် (သို့) ပညာရေးဆိုင်ရာအဖွဲ့အစည်းများသည် အထူးအားဖြင့် လူမှုဘာသာရပ်နယ်ပယ် (သို့) စာနာစိတ်(လူသားဆန်ခြင်း) စသည်တို့၌ ရှားပါးသော စံပြပုဂ္ဂိုလ်များအား စာပေပါရဂူ (သို့) ယဉ်ကျေးမှုဆိုင်ရာစာပေပါရဂူဘွဲ့ (Doctor of Humane Letters) များကို ချီးမြှင့်နိုင်သည်။ စာရေးဆရာ မာ့ခ်တွိန်း ကို ၁၉၀၇ တွင် အောက်စဖို့တက္ကသိုလ်က စာပေဆိုင်ရာအကျိုးကျေးဇူးများသဖြင့် စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့ကြသည်။[][] နယ်လ်ဆင် မန်ဒဲလားကိုလည်း ၁၉၉၃ ၌ နာတယ်လ်တက္ကသိုလ်၊ ၂၀၀၀ ၌ တန်ဇန်းနီးယား အိုးပန်းတက္ကသိုလ်တို့က တောင်အာဖရိကနိုင်ငံတွင် ၎င်း၏ လူမျိုးရေးခွဲခြားမှုစနစ်ကို ဆန့်ကျင်ရာ၌ ခေါင်းဆောင်မှုပြုသည့်အတွက် ဤဘွဲ့ကို ချီးမြှင့်ခဲ့ကြလေသည်။[၁၀][၁၁][၁၂]

မှတ်စု

  1. လူမှုဘာသာရပ်နယ်ပယ်များ၌ စာပေ၊ ဂီတ၊ အနုပညာ၊ သမိုင်း၊ ဒဿန စသော ဘာသာရပ်များ ပါဝင်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya