စိန့်မေရီ ကာသီဒြယ်
စိန့်မေရီ ကာသီဒြယ်သည် ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် တည်ရှိသော ကက်သလစ် ကသီဒရယ် ဘုရားကျောင်းတစ်ကျောင်းဖြစ်သည်။[၂][၃][၄] ဘုရားကျောင်း၏ အပြင်ဘက်တွင် အနီရောင်အုတ်ကွက်ပုံစံပြုလုပ်ထားပြီး ခေါင်းလောင်းမျှော်စင်လည်း ပါဝင်သည်။ ၎င်းကို ဒတ်ခ်ျဗိသုကာပညာရှင် ဂျိုးဇက် ကိုင်းပါစ် (Joseph Cuypers) က ဒီဇိုင်းရေးဆွဲခဲ့သည်။[၅] ဘုရားကျောင်းသည် မြန်မာပြည်တွင် အကြီးဆုံး ကာသီဒြယ်ကျောင်းဖြစ်သည်။ ဒေသအခေါ် "စိန့်ပေါလ် အထက်တန်းကျောင်း" ဟု လူသိများသော ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းသည် ဘုရားကျောင်း၏ ခြံဝန်းနှင့် တဆက်တည်းတည်ရှိသည်။ သို့ရာတွင် မျက်မှောက်ခေတ်ကာလ၌ ကက်သလစ် ဘုရားကျောင်းနှင့် ဘာသာရေးဆိုင်ရာ နှီးနွယ်ပတ်သက်ခြင်း မရှိတော့ပေ။ ဗိသုကာလက်ရာနှင့် နောက်ခံသမိုင်း၁၈၉၅ ခုနှစ်၌ တည်ဆောက်ရေး စတင်ခဲ့ပြီး ၁၈၉၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အိန္ဒိယအစိုးရထံမှ မြေယာထောက်ပံ့မှုဖြင့် ပြီးစီးခဲ့သည်။ ထိုခေတ်ကာလက မြန်မာနိုင်ငံအောက်ပိုင်းသည် ဗြိတိသျှအိန္ဒိယ၏ ပြည်နယ်တစ်ခုအဆင့်မျှသာဖြစ်သည်။ ရာစုနှစ် ၂ ခုနီးပါး သက်တမ်းရှိပြီဖြစ်သော စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းကြီးသည် ၁၉၃၀ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်တွင် အနည်းငယ်မျှသာ ပျက်စီးခဲ့ပြီး ဒုတိယကမ္ဘာစစ် ဂျပန်တို့၏ ကျူးကျော်မှုကာလတွင်လည်း တစုံတရာ ပျက်စီးမှုမရှိဘဲ ကျော်လွှားနိုင်ခဲ့သည်။ သို့ရာတွင် မဟာမိတ်တပ်များ ရန်ကုန်သို့ ပြန်လည်ဝင်ရောက်သိမ်းပိုက်စဉ်ကာလတွင် ဘုရားကျောင်း၏ မှန်စွန်းများ ပျက်စီးခဲ့ရလေသည်။[၆] ဘုန်းတော်ကြီး ပေါလ် ဘီဂန်းဒက် ကြိုးပမ်းမှုပါရီ နိုင်ငံခြားသာသနာပြုအဖွဲ့မှ မြန်မာပြည်၏ ရိုမန်ကက်သလစ်သာသနာပြု ဘုန်းတော်ကြီး ပေါလ် ဘီဂန်းဒက် (၁၈၅၆-၁၈၉၄) သည် သူ မကွယ်လွန်မီက ရန်ကုန်မြို့တော်ရှိ ကက်သလစ်သာသနာတော် ကျယ်ပြန့်လာသည့်အတွက် ပို၍ကြီးမားသည့် ဘုရားကျောင်းသစ်ကြီးတစ်ခု တည်ထားနိုင်ရေး စီစဉ်ခဲ့သည်။ အဆောက်အဦ၏ ပုံစံအား မြို့ပြဒေသနှင့်ကိုက်ညီစေမည့် အရွယ်အစားရှိရန်နှင့် အကောင်းဆုံးဗိသုကာဒီဇိုင်းပုံစံဖြင့် တည်ဆောက်ရန် အစီအစဉ်ချခဲ့သည်။ သင့်လျော်မည့် မြေနေရာအား စိန့်ပေါလ် အထက်တန်းကျောင်း အရှေ့ဘက် တစ်ဆယ့်ငါးဧကကျော်ရှိသည့် မြေကွက်တစ်ကွက်ကို တွေ့ရှိသဖြင့် ဘုန်းတော်ကြီးက ဘုရားကျောင်းတည်ထားနိုင်ရန် ဗမာပြည်အစိုးရထံ ရောင်းချခွင့်ပြုရန် လျှောက်ထားခဲ့သည်။
၁၈၉၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အိန္ဒိယအစိုးရသည် ဘားလမ်းရှိ ဘုရားရှိခိုးကျောင်းနေရာအား ရောင်းချခြင်းနှင့် အသစ်တည်ဆောက်ခြင်းအတွက် ရရှိသော ထောက်ပံ့ငွေများကို ပိတ်ဆို့အရေးယူထားကြောင်း အကြောင်းကြားခဲ့သည်။ သို့ရာတွင် ဘုရားကျောင်း တည်ဆောက်ရေး မစခင်မှာပင် ဘုန်းတော်ကြီး ပေါလ် ဘီဂန်းဒက် ကွယ်လွန်သွားခဲ့၏။ ဘေးအန္တရာယ်ကျရောက်မှုများ၁၉၃၀ ခုနှစ် မေလ ၅ ရက်နေ့တွင့် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရန်ကုန်မြို့တော်တွင် ပျက်စီးမှုများရှိခဲ့သော်လည်း ဘုရားကျောင်း အဆောက်အဦသည် ငလျင်ဒဏ်ကို ကြံကြံခံနိုင်ခဲ့ပြီး နံရံအချို့တွင် အက်ကွဲကြောင်း အနည်းငယ်သာဖြစ်ခဲ့သည်။ မျှော်စင်နှစ်ခု ဘေးရှိ ခုံးနှစ်ခုမှာ ဆိုးရွားစွာ အက်ကွဲသွားခဲ့သော်လည်း လအနည်းငယ်အတွင်း ပြုပြင်မှု ပြီးစီးခဲ့သည်။ ဘုရားကျောင်းသည် ၁၉၄၁-၄၂ ခုနှစ် ဂျပန်တို့၏ ဗုံးဒဏ်ကို ကြံကြံခံကျော်လွှားနိုင်ခဲ့သော်လည်း ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မဟာမိတ်တပ်ဖွဲ့တို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရောင်ချယ်သထားသည့် မှန်ပြတင်းများအားလုံး ကြေမွပျက်စီးသွားခဲ့သည်။ ၎င်းတို့အား သာမန်ပြည်တွင်းထုတ် မှန်များဖြင့် အစားထိုး၍ ပြန်လည်ပြုပြင်ခဲ့သည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဘုရားရှိခိုးကျောင်း မှန်ပြတင်းများအားလုံး ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ရပြန်သည်။ ယခုအကြိမ်တွင် ပျက်စီးသွားသည့် မှန်များကို ပြုပြင်ရန် ကုန်ကျစရိတ်များပြားသောကြောင့် တာပေါ်လင်အခင်းများကိုသာ အသုံးပြုခဲ့လေသည်။ သတင်းအချက်အလက်ဘုရားကျောင်းလိပ်စာ: အမှတ် (၃၇၂)၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း: (၉၅)-၁-၂၄၅၆၄၇ ဝတ်ပြုချိန်
မှတ်တမ်းဓာတ်ပုံများ
နောက်ထပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia