ဗိုလ်ချုပ်အောင်ဆန်းလမ်း

ဗိုလ်ချုပ်အောင်ဆန်းလမ်း

ဗိုလ်ချုပ်အောင်ဆန်းလမ်းသည် ရန်ကုန်မြို့တောင်ပိုင်းတွင်ရှိသော အဓိကလမ်းမကြီးတစ်ခုဖြစ်ပြီး အနောက်မှ အရှေ့သို့သွယ်တန်းထားကာ မဟာဗန္ဓုလလမ်းနှင့်အပြိုင် တည်ရှိသည်။ ထိုလမ်းပေါ်တွင် ဆေးရုံများ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (လသာ)(ယခင် စင်ထရယ်ကျောင်း)၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (လသာ) (ယခင် စိန့်ဂျွန်းကွန်ဗင့်ကျောင်း) နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တို့ တည်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ကိုလိုနီခေတ်ကာလက အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ရန်ကုန်မြို့၌ ပထမဆုံးခန့်အပ်ခြင်း ခံခဲ့ရသည့် ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာ နေထိုင်ရာလမ်းဖြစ်သဖြင့် ကော်မရှင်နာလမ်း (Commissioner Road) ဟုလည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် ရန်ကုန်သို့ ဆာဂျင်ရာထူးဖြင့် ရောက်ရှိလာခဲ့သူ မောင့်ဂိုမာရီကို အစွဲပြု၍ လမ်းအရှေ့ဘက်ပိုင်းကို မောင့်ဂိုမာရီလမ်း (Montgomerie) ဟုလည်းကောင်း ခေါ်ဆိုကြသည်။ လွပ်လပ်ရေးရရှိပြီးအချိန်တွင် ဗိုလ်ချုပ်လမ်းဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ (၃.၄.၁၉၅၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းဟု အမည်ပြောင်းလဲခဲ့သည်။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya