စိုင်းစွံဆိုင်း
စိုင်းစွံဆိုင်း သည် မြန်မာနိုင်ငံသား ရှမ်းအမျိုးသား နိုင်ငံရေးသမား နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။ ငယ်ဘဝစိုင်းစွံဆိုင်းကို ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် မွေးဖွားသည်။ အကြီးဆုံးသားဖြစ်သည်။ နိုင်ငံရေးဘဝ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ပြီး မတရား ဖမ်းဆီး ထောင် ချ ခံခဲ့ရသည်။ ထောင် သွင်း အကျဉ်းစံနေရချိန်တွင် ပိုင်ဆိုင်မှုများ သိမ်းဆီးခံခဲ့ရသည်။ လက်ရှိ တာချီလိတ်မြို့ ရွှေတိဂုံစေတီ ပရဝုဏ် တစိတ် တပိုင်းမှာ စိုင်းစွံဆိုင်း ဘိုးဘွားပိုင် မြေ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာကာ ၂၀၁၆ ခုနှစ် ဧပြီလတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာဝန်ကြီးဖြစ်လာသည်။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှု အတွင်း ခေတ္တ ဖမ်းဆီးခံခဲ့ရသည်။ ကိုးကား |
Portal di Ensiklopedia Dunia