စိုးမြတ်မင်း (ဘောလုံးသမား)
စိုးမြတ်မင်း(၁၉ မေလ ၁၉၈၂ ခုနှစ်ဖွား)သည် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း တစ်ဦးဖြစ်သည်။ သူသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကမ္ဘောဇ ဘောလုံးအသင်းတို့အတွက်ကစားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ မြန်မာအမျိုးသားတွင် ၁၉၉၈ ခုနှစ်မှ စတင်၍ ကစားခဲ့သည်။ ၂၀၀၂ တိုက်ဂါးဖလားတွင် မြန်မာလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၂၀၀၄ တိုက်ဂါးဖလားတွင် စိုးမြတ်မင်းသည် အားထားရသော ကစားသမားတစ်ဦးဖြစ်လာပြီး မြန်မာအသင်းအား ဆီးမီးဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထိုပြိုင်ပွဲတလျှောက်တွင် သူသည် ၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယဂိုးအများဆုံးသွင်းနိုင်သူတစ်ဦး ဖြစ်ခဲ့သည်။ [၂] စိုးမြတ်မင်းသည် ၂၀၀၆ မာဒေကားဖလားတွင်လည်း မြန်မာအသင်းအား ၄ ကြိမ်မြောက်ဗိုလ်စွဲသူ ဖြစ်လာစေရန်အတွက်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ကာ ထိုပြိုင်ပွဲအတွက် တန်ဖိုးကြီးသော အားကစားသမားတစ်ဦး ဖြစ်ခဲ့သည်။ စိုးမြတ်မင်းသည် ၂၀၀၇ အာဆီယံဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးများ လုပ်ဆောင်နေစဉ်ကာလအတွင်း ဒဏ်ရာရရှိခဲ့ကာ အုပ်စုပွဲများတွင်ပင် ဝင်ရောက်ကစားနိုင်ခြင်း မရှိခဲ့ချေ။ ထိုပြိုင်ပွဲတွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်သို့ပင် မရောက်ရှိခဲ့ချေ။ မြန်မာ့ဘောလုံးကြယ်ပွင့်ဖြစ်သော စိုးမြတ်မင်းသည် ၂၀၀၈ အာရှဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ကာ နီပေါအသင်းအား ဂိုးသွင်းယူခဲ့သည်။ [၃] စိုးမြတ်မင်းသည် ဂရင်းရွိုင်ရယ် ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မလေးရှားအသင်းအား ဟက်ဒရစ်သွင်းယူခြင်း[၄][၅]၊ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းအား ၂-၁ ဖြင့် အနိုင်ရရှိစေခြင်းဖြင့် မြန်မာအသင်းအား ချန်ပီယံဖြစ်စေခဲ့သည်။[၄] သူသည် နိုင်ငံတကာပွဲပေါင်း ၁၅၀ ခန့်ကစားခဲ့ပြီး နိုင်ငံအတွက် ၅၉ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia