ရှမ်းယူနိုက်တက် ဘောလုံးအသင်း
ရှမ်းယူနိုက်တက် ဘောလုံးအသင်းသည် တောင်ကြီးမြို့တွင် တည်ရှိသော ဘောလုံးအသင်းတစ်သင်းဖြစ်သည်။ အဆိုပါဘောလုံးအသင်းသည် ၂၀၀၇ ခုနှစ် မြန်မာပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။ ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင် ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်ပြီး ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော အသင်းလည်းဖြစ်သည်။ ပထမဆုံးစတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် စတုတ္ထနေရာ ရရှိခဲ့သည်။ သမိုင်းရှမ်းယူနိုက်တက် ဘောလုံးအသင်း၏ မူလနာမည်မှာ ကမ္ဘောဇဘောလုံးအသင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ကာ မြန်မာနိုင်ငံ၏ အမြင့်ဆုံးလိဂ်ဖြစ်သော မြန်မာလိဂ်ပြိုင်ပွဲတွင် အပျော်တမ်းဘောလုံးအသင်း တစ်သင်းအဖြစ်စတင်ဝင်ရောက်ကစားခဲ့သည်။ ပထမဆုံးအသင်း၏ မန်နေဂျာမှာ ဦးမျိုးဝင်းညွန့်ဖြစ်ပြီး နည်းပြမှာ ဦးရဲညွန့်ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှစတင်ကာ ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းတစ်သင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး မြန်မာလိဂ်ကို အဆင့်မြှင့်တင်ထားသော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲသို့ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်း ၈ သင်းတွင် ကမ္ဘောဇဘောလုံးအသင်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားပြုပြီး ကျန်အသင်း ၇ သင်းသည်လည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတို့ကို အသီးသီး ကိုယ်စားပြုနေသည်။ ပရော်ဖက်ရှင်နယ်ဘောလုံးအသင်း၏ ပထမဆုံးမန်နေဂျာမှာ ဦးအေးမောင်ကြီးဖြစ်ပြီး နည်းပြချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်း၏ အသင်းခေါင်းဆောင် စိုးမြတ်မင်းသည် ကမ္ဘောဇဘောလုံးအသင်း၏ ပထမဆုံးအသင်းခေါင်းဆောင်ဖြစ်ပြီး ထိုစဉ်က မြန်မာနေရှင်နယ်လိဂ်တွင် အမြင့်ဆုံးအားကစားကြေးကို ရရှိခဲ့သူလည်း ဖြစ်သည်။ ကမ္ဘောဇအသင်း၏ ပထမဆုံးပြိုင်ပွဲတွင် ဥဿာယူနိုက်တက် ဘောလုံးအသင်းအား ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အသင်း၏ ပထမဆုံးဂိုးကို စထက်နိုင်ဝင်းမှ သွင်းယူခဲ့ခြင်းဖြစ်သည်။ ခံစစ်မှကစားသူ ခင်မောင်လွင်သည်လည်း ကမ္ဘောဇအသင်းအတွက် ၂ ဂိုးသွင်းယူပြီး အဆိုပါပွဲစဉ်၏ အကောင်းဆုံးဘောလုံးသမားဆုအဖြစ် ရရှိခဲ့သည်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီတွင် ယခင်ဘဏ္ဍာနှင့် အခွန်အသင်းမှ အသင်းမန်နေဂျာဖြစ်သူ ဦးခင်မောင်ကြိုင်သည်လည်း အသင်း၏ စီမံခန့်ခွဲမှုမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဇအသင်းသည် မြန်မာနေရှင်နယ်လိဂ်၏ ဒုတိယရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘောဇဘောလုံးအသင်းသည် ၎င်း၏အမည်အား ရှမ်းယူနိုက်တက် ဘောလုံးအသင်းအဖြစ် ပြောင်းလဲခဲ့သည်။ အောင်မြင်မှုများ
အာရှဘောလုံးအဖွဲ့ချုပ်ဖလားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုများအသင်းအုပ်ချုပ်သူများ
Main Sponsor၂၀၁၀ ဘောလုံးရာသီ ရလဒ်များ
၂၀၁၁ ဘောလုံးရာသီ ရလဒ်များ
၂၀၁၄ ဘောလုံးရာသီ ရလဒ်များ(ပထမအကျော့)
(ဒုတိယအကျော့)
ကစားသမားများ၂၀၁၆ (မြန်မာနေရှင်နယ်လိဂ်)Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
ပြင်ပလင့်များ
ကိုးကား
|
Portal di Ensiklopedia Dunia