စိုးဝင်း (မင်းသား)
မဟာစန္ဒြကုမာရ စိုးဝင်း (အင်္ဂလိပ်: Mahā Chandra Kumāra Soe Win) သည် မြန်မာလူမျိုး သံအမတ်ဟောင်းနှင့် ၁၈၈၅ ခုနှစ်တွင် ပြီးဆုံးသွားသော ကုန်းဘောင်မင်းဆက်ကို ဆက်ခံနိုင်သည့်သူဖြစ်သည်။[၁] မင်းသား တော်ဘုရားကြီး၏ အကြီးဆုံးသော သားဖြစ်ရာ မြန်မာဘုရင် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ မြစ်ဖြစ်သည်။ နောက်ဆုံး သီပေါမင်း နတ်ရွာစံပြီး နှစ်၁၀၀အကြာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ဆွေတော်မျိုးတော် (၁၀၀)ခန့်နှင့်အတူ မန္တလေးနန်းတော်သို့ လည်ပတ်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းတရား၏ အုတ်ဂူတော်သို့ သွားရောက်ခဲ့သည်။ ထိုင်းသမိုင်းဝင် ဒရာမာ "Women's Flame" သည် မြန်မာတော်ဝင်မိသားစုကို စော်ကားသည်ဟု ဆိုကာ ၂၀၁၇ခုနှစ်တွင် ရုပ်သံထုတ်လွှင့်မှုကို ရပ်တန့်ရန် ထိုင်းအစိုးရထံ တောင်းဆိုခဲ့သည်။ ရွှေဘိုနန်းတော်နှင့် အမရပူရနန်းတော်ကို ပြန်လည်ထူထောင်ရန် လှုပ်ရှားမှုကို လုပ်ဆောင်နေပါသည်။ [၂][၃] ငယ်ဘဝဦးစိုးဝင်းကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မင်းသားတော်ဘုရားကြီးနှင့် ဇနီးခင်ကြည်တို့၏ သားအကြီးဆုံးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။ ဖခင်ဖြစ်သူ တော်ဝင်မိသားစုဝင်ဟောင်း တော်ဘုရားကြီးသည် ၁၉၄၀ခုနှစ်များအတွင်း နာမည်ကြီးခဲ့သော်လည်း ၁၉၄၈ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ လုပ်ငန်းခွင်ဦးစိုးဝင်းသည် စစ်အာဏာရှင်စနစ်တို့၏ အမှောင်အမိုက်တို့ကြားမှ မြန်မာနိုင်ငံ၏ကောင်းရာတို့ကို ကမ္ဘာတစ်ဝန်းအားသိမြင်နိုင်စေရန် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံခြားရေးဌာနသို့ ဝင်ရောက်ခဲ့ရာ ၁၉၈၇ မှ ၁၉၉၁ အထိ ဝါရှင်တန်ဒီစီ၌ ပထမအတွင်းဝန် ဖြစ်လာခဲ့သည်။ ၁၉၉၉ ခုနှစ်မတိုင်မီအထိ ဂျပန်နိုင်ငံနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်အဖြစ်လည်းကောင်း၊[၄]၊ ၁၉၉၉ မှ ၂၀၀၃ အထိ ပါကစ္စတန်နိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဩစတြေးလျနိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ်လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဟောင်ကောင်၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့သည် ကမ္ဘာ့ဖလားအတွက် မြန်မာအသင်း၏နည်းပြဖြစ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ မြန်မာယူ ၁၉ အသင်းကိုလည်း စီမံခဲ့ဖူးရာ ဘောလုံးအဖွဲ့ချုပ်ရှိ နိုင်ငံတကာဌာန၏ ဌာနမှူးလည်းဖြစ်ခဲ့သည်။[၅][၂] ထို့အပြင် တရုတ်–မြန်မာချစ်ကြည်ရေးအသင်း၏ ဒုဥက္ကဋ္ဌလည်းဖြစ်ခဲ့ဖူးသည်။[၆][၇] မှတ်တမ်းရုပ်ရှင်၂၀၁၇ ခုနှစ်တွင် ဦးစိုးဝင်း၊ ဦးလေးတော်ဘုရား၊ အဒေါ်ထိပ်စုဘုရားကြီးနှင့် ဝမ်းကွဲဒေဝီသန့်စင်တို့သည် အဲလက်စ် ဘက်စကိုဘီ (Alex Bescoby) နှင့် မက်စ် ဂျုန်းစ် (Max Jones) တို့ရိုက်ကူးထားသော "We were kings" ဟူသော မှတ်တမ်းရုပ်ရှင်၏ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ခဲ့ကြသည်။ ထိုရုပ်ရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးမြို့၌ ဧရာဝတီစာပေပွဲတော်တွင်သာမက ထိုင်းနိုင်ငံရှိ ထိုင်းနိုင်ငံခြားရေးကလပ် (Foreign Correspondents Club of Thailand) တွင်လည်း ထုတ်လွှင့်ပြသခဲ့သည်။[၈] ထိုရုပ်ရှင်သည် မြန်မာ့သမိုင်းကိုသာမက နောက်ဆုံးဖြစ်သောမြန်မာဘုရင်မှ ဆင်းသက်လာကြသောသူတို့၏ ခေတ်သစ်မြန်မာနိုင်ငံတွင် မင်းမျိုးဟူ၍အများကမသိကြဘဲ သာမန်လူအဖြစ်နှင့်သာ နေထိုင်ကြသောဘဝတို့ကို ဖော်ပြထားသည်။[၉][၂] ပျောက်ဆုံးသောကျောက်မျက်ရတနာရှာခြင်းသီပေါမင်းသည် ၁၈၈၅ တွင် ပါတော်မူခဲ့ရာ ကြီးမားသော ပတ္တမြားကျောက်တစ်ခုကို အင်္ဂလိပ်ဗိုလ်မှူး အက်ဒွပ် ဘော့စ် ဆလေဒင်အား ခိုးသူများထံမှကာကွယ်ရန် ပေးအပ်ခဲ့သော်လည်း ထိုပတ္တမြားကို ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ပေ။ သီပေါမင်းမှဆင်းသက်သူများသည် ထိုပတ္တမြားကျောက်ကို မြန်မာပြည်သို့ပြန်ယူလာပါက နိုင်ငံဂုဏ်တိုးတက်မည်ဟူ၍ ယုံကြည်ခဲ့ကြသည်။ သို့ဖြစ်ရာ ဦးစိုးဝင်းသည် ထိုပတ္တမြားကို ရှာဖွေရန်ကြိုးပမ်းခဲ့သည်။ ၂၀၁၇ နိုဝင်ဘာလ ၃ ရက်နေ့တွင် လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုပတ္တမြားကျောက်၏ အမည်မှာ "ငမောက်" ဖြစ်ရာ ဘဲဥအရွယ်ခန့်ရှိနိုင်သည်။ ပတ္တမြားငမောက်ကို ဗိုလ်မှူးဆလေဒင်မှ သီပေါမင်းအား ပြန်မပေးတော့ဘဲ အင်္ဂလန်နိုင်ငံသို့ ယူဆောင်သွားခဲ့သည်ဟု ဆိုခဲ့ကြသည်။ ထိုပတ္တမြားကျောက်ကို ဗြိတိသျှတော်ဝင်မိသားစုမှ အသုံးပြုလျက်ရှိသည်ဟု ယုံကြည်ကြသည်။[၁၀][၁၁] ကိုးကား
External links
|
Portal di Ensiklopedia Dunia