စူပါနိုဗာ![]() ဆူပါနိုဗာ (အင်္ဂလိပ်: Supernova) ဆိုသည်မှာ ဂယ်လက်ဆီတစ်ခုလုံးအား နေ သို့မဟုတ် သာမန်ကြယ်တစ်စင်းသည် ယင်း၏ နောက်ဆုံးသက်တမ်းကုန်ဆုံးချိန်တွင် စွမ်းအင်များထုတ်ပေးကာ ရက်သတ္တပတ် သို့မဟုတ် လနှင့်ချီကာ တောက်ပသော ပေါက်ကွဲဖြစ်စဉ်ဖြစ်သည်။ တောက်ပမှုသည် အခြားကြယ်များအား လွှမ်းမိုးသွားကာ အလင်းအလျင်၏ ၁ဝ ပုံ ၁ ပုံခန့် (တစ်စက္ကန့်လျင် ကီလိုမီတာ ၃ဝဝဝဝ) ထိ ရောက်ရှိသည်။ ဆူပါနိုဗာများသည် နိုဗာများထက် စွမ်းအားပိုကြီးသည်။ နိုဗာဆိုသည်မှာ လက်တင်ဘာသာဖြင့် အသစ်ဟု အဓိပ္ပာယ်ရသည်။ ဆူပါနိုဗာ ဆိုသော စကားလုံးအား ၁၉၃၁ ခုနှစ်တွင် Walter Baade နှင့် Fritz Zwicky ဆိုသူက ပထမဆုံး သုံးစွဲခဲ့သည်။ ![]() ဆူပါနိုဗာဖြစ်ရပ်သည် သေအံ့ဆဲဆဲကြယ်ထဲမှ နယူကလိယား ဖျူးရှင်းဖြစ်ရပ် သို့မဟုတ် ကြီးမားသော ကြယ်များမှ ဒြပ်ဆွဲအား ယိုင်လဲမှုကြောင်း ဖြစ်ပွားနိုင်သည်။ နောက်ဆုံး လေ့လာမှုပြုခဲ့သော ဆူပါနိုဗာဖြစ်ရပ်မှာ နဂါးငွေ့တန်း ဂယ်လက်ဆီ၏ SN 1604 ဆိုသော ကြယ်တစ်စင်းဖြစ်သည်။ အခြားသော ဂယ်လက်ဆီများမှ လေ့လာချက်များအရ ပျမ်းမျှအားဖြင့် ရာစုနှစ်တစ်ခုအတွင်းတွင် ဆူပါနိုဗာဖြစ်ရပ်သည် သုံးကြိမ် ဖြစ်ပွားတတ်သည်ဟုဆိုသည်။ ဆူပါနိုဗာဖြစ်ရပ်များသည် ကြယ်တာရာကြားခံနယ်များတွင် ပစ္စည်းအသစ်များ ထုတ်ပေးသည့် သိသာထင်ရှားသော အခန်းတစ်ခုပင်ဖြစ်သည်။ ထို့အပြင် ပေါက်ကွဲမှုမှ ဖြစ်လာသောအရာသည် ကြယ်အသစ်များကို မွေးဖွားစေနိုင်သည်။ ကျွန်ုပ်တို့ နေထိုင်ရာ ဂယ်လက်ဆီ ဖြစ်သော နဂါးငွေ့တန်း ဂယ်လက်ဆီ တွင် နောက်ဆုံး စူပါနိုဗာ ကြယ်ပေါက်ကွဲမှုမှာ ၁၆၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည်။ ကျွန်ုပ်တို့ အနေနှင့် အခြား ဂယ်လက်ဆီများမှာ ကြယ်ပေါက်ကွဲမှုများကိုလည်း တွေ့မြင်နိုင်သည်။ အခြား ဂယ်လက်ဆီပေါင်း မြောက်မြားစွာ ရှိသည့် အတွက် ကျွန်ုပ်တို့ အနေနှင့် နှစ်စဉ် နှစ်တိုင်း အခြား ဂယ်လက်ဆီများမှ စူပါနိုဗာ ၃၀၀ ခန့်ကို တွေ့မြင်နိုင်သည်။ အလွန်ကြီးမားသော ကြယ်တို့ကို ဟိုက်ပါဂျိုင်းယင့် ဟုခေါ်လေ့ရှိပြီး ၎င်းတို့ထက် ပို၍သေးငယ်သော ကြယ်များကို စူပါဂျိုင်းယင့် ဟု ခေါ်လေ့ ရှိသည်။ ထိုကြယ်များမှာ အလွန်ကြီးမားသည့် အတွက် သူတို့၏ ဗဟိုထုသို့ ပြင်းထန်စွာ ဖိနှိပ်ကြပြီး စွမ်းအင်များကို အလျှင်အမြန် ကုန်ဆုံးစေလေ့ ရှိသည်။ ထို့အတွက်ကြောင့် ထိုသို့သော ကြယ်များမှာ နှစ်သန်းပေါင်း အနည်းငယ်မျှသာ ရှင်သန်လေ့ ရှိသည်။ မကြာမီတွင် သူတို့သည် တွင်းမည်း သို့မဟုတ် နယူထရွန်ကြယ် အဖြစ် ပြောင်းလဲသွားကြသည်။ သေးငယ်သော ကြယ်များမှာပေါက်ကွဲလေ့ မရှိပေ။ ၎င်းတို့မှာ တဖြည်းဖြည်း အပူချိန်လျော့ကာ ကျုံ့ဝင်သွားပြီး ဒွဖ်ဖြူ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ စူပါနိုဗာများသည် အလွန်ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်သည်။ အကယ်၍ ကြယ်တို့ ပေါက်ကွဲပါက ထိုအလင်းရောင်သည် အခြားကြယ်များ၏ အလင်းရောင်ထက် ပို၍ တောက်ပသည်။ အကယ်၍ စူပါနိုဗာ ကြယ်ပေါက်ကွဲမှုသည် ကမ္ဘာနှင့်နီးသော နေရာတွင် ဖြစ်ပေါ်ပါက နေ့ခင်းဖက် ကောင်းကင်တွင်ပင် တွေ့မြင်နိုင်သည်။ လေ့လာမှု သမိုင်း![]() ဆူပါနိုဗာဖြစ်ရပ်အား အစောဆုံး မှတ်တမ်းတင်ခဲ့သူမှာ အေဒီ ၁၈၅ ခုနှစ်တွင် SN 185 အား တရုတ် နက္ခတ္တပညာရှင်များဖြစ်သည်။ SN 1006 သည် တရုတ် နက္ခတ္တပညာရှင်နှင့် အစ္စလမစ် နက္ခတ္တပညာရှင်တို့ မှတ်တမ်းတင်ခဲ့သော အတောက်ပဆုံး ဆူပါနိုဗာဖြစ်ရပ် ဖြစ်သည်။ ဆူပါနိုဗာ SN 1572 နှင့် SN 1604 သည် နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ဖြစ်ပွားသော သာမန်မျက်စိဖြင့်တောင် မြင်ရသည့် ဆူပါနိုဗာဖြစ်ရပ်များပင်တည်း။ ဆူပါနိုဗာ SN 1054 သည် ကဏန်း နက်ဗျူလာအား မွေးထုတ်စေခဲ့သည်။ တယ်လီစကုပ်များ တိုးတက်လာသည်နှင့်အမျှ ဆူပါနိုဗာအားလေ့လာသည့်အခန်းသည် ပိုမို ကောင်းမွန်လာခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် အင်ဒရိုမီဒါ ဂလက်ဆီမှ ဆူပါနိုဗာများအား လေ့လာနိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် အာမေရိကန် နက္ခတ္တပညာရှင် Rudolph Minkowski နှင့် Fritz Zwicky တို့သည် ခေတ်သစ် ဆူပါနိုဗာ ခွခြားမှုပညာရပ်များအား စတင်လုပ်ဆောင်ခဲ့သည်။[၁] မကြာသေးခင်မှ အဝေးဆုံး ဆူပါနိုဗာတို့၏ အလင်းသည် မျော်လင့်သည်ထက် ပိုမှိန်သည်ကို တွေ့ရှိခဲ့ရသည်။ ယင်းသည် မဟာစကြဝဠာ ပြန်ကားနေသည်ဟူသောအဆိုကို ထောက်ခံပေးလျက်ရှိသည်။[၂] ရှာဖွေတွေ့ရှိမှု![]() ဆူပါနိုဗာဖြစ်ရပ်များသည် အင်မတန် ဖြစ်တောင်ဖြစ်ခဲလှသဖြင့် ယင်းတို့ကို ခြေရာခံမိရန် ဂယ်လက်ဆီအများကြီးအား ပုံမှန်စောင့်ကြည့်ရန် လိုအပ်ပေသည်။ အခြားသော ဂယ်လက်ဆီများထဲမှ ဆူပါနိုဗာများကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သူတို့အား ရှာဖွေတွေ့ရှိချိန်တွင် ယင်းတို့သည် ဖြစ်နေနှင့်ပြီးသား ရှိနေပြီဖြစ်သည်။[၃] ဝါရင့် နက္ခတ္တပညာရှင်များသည် ဓာတ်ပုံဟောင်းများအား နှိုင်းယှဉ်ကာ ဆူပါနိုဗာများအား ဝေးလံသော ဂယ်လက်ဆီများဆီသို့ ရှာဖွေစူးစမ်းလျက်ရှိသည်။[၄] ၂ဝ ရာစုအဆုံးတွင် နက္ခတ္တပညာရှင်များသည် ကွန်ပျူတာပရိုဂရမ်များဖြင့် ဆူပါနိုဗာဖြစ်ရပ်များအား အမဲလိုက်ခဲ့ကြသည်။ မကြာသေးခင်က နယူထရီနို ခြေရာခံစက် ကွန်ယက်ဖြင့်အသုံးပြုကာ ဆူပါနိုဗာ ကြိုတင်သတိပေးစနစ် (SNEWS) ကို စတင်လုပ်ဆောင်ခဲ့သည်။[၅][၆] ယင်းသည် နဂါးငွေ့တန်း ဂယ်လက်ဆီအတွင်း ဆူပါနိုဗာဖြစ်ရပ်အား ကြိုတင် သတိပေးရန်ဖြစ်သည်။ နာမည်ကင်ပွန်းတပ်ခြင်း![]() ဆူပါနိုဗာ ရှာဖွေတွေ့ရှိမှုများအား International Astronomical Union's Central Bureau for Astronomical Telegrams ဆီသို့ သတင်းပို့ပေးရသည်။ နာမည်သည် အက္ခရာ SN နောက်တွင် ဂဏန်းနှင့် A-Z ဖြင့် စတင်ရသည်။ ပြီးလျင် အက္ခရာအသေး a-z ဖြစ်ပေမည်။ ဥပမာဆိုရသော် SN 2003C ဆိုပါက ၂ဝဝ၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည် ဆူပါနိုဗာ ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နောက်ဆုံးဆူပါနိုဗာသည် SN 2005nc ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်အတွင်း ၃၆၇ ကြိမ်မြောက် ဖြစ်ပွားခဲ့သည့် ဆူပါနိုဗာဟု ဖော်ညွန်းသည်။ ၂ဝဝဝ ခုနှစ်မှ စတင်ကာ ဝါရင့်နက္ခတ္တပညာရှင်တို့သည် ဆူပါနိုဗာဖြစ်ရပ်ပေါင်းများစွာအား ရှာဖွေတွေ့ရှိခဲ့သည်။ အမျိုးအစား ခွဲခြားခြင်းဆူပါနိုဗာမှ ထုတ်လွှတ်ပေးသည့် အလင်းပြဇယား၊ ပါဝင်ပစ္စည်း စသည်တို့အားမူတည်ကာ ဆူပါနိုဗာများအား Type I, Type II, Type III, Type IV, Type V, Type Ia, Type IIa အစရှိသည်ဖြင့် ခွဲခြားသည်။ ကမ္ဘာမြေအား သက်ရောက်မှု![]() ကမ္ဘာမြေအနီး ဆူပါနိုဗာဖြစ်ရပ်သည် ယင်း၏ ဘိုင်အိုစဖီးယားတွင် သတိထားနိုင်သည့် အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။ ဆူပါနိုဗာ၏ အမျိုးအစားနှင့်စွမ်းအင်ကိုမူတည်ကာ ယင်းသည် ကမ္ဘာမြေမှ အလင်းနှစ် ၃ဝဝဝ ကွာဝေးနိုင်သည်။ ဆူပါနိုဗာမှ ဂါမာရောင်ခြည်သည် အပေါ်ပိုင်းလေထု နိုင်ထရိုဂျင်အား နိုင်ထရိုဂျင်အောက်ဆိုဒ်အဖြစ် ပြောင်းလဲစေကာ ဓာတုဓာတ်ပြုမှုများ ဖြစ်ပေါ်နိုင်သည်။ အိုဇုန်းလွှာအား ဖျက်ဆီးပစ်ကာ နေရောင်ခြည်မှ အဆိပ်သင့်ရောင်ခြည်များအား ကမ္ဘာမြေပြင်သို့ ရောက်ရှိစေမည်ဖြစ်သည်။ ယင်းသည် သမုဒ္ဒရာနေ သက်ရှိ ၆ဝ ရာခိုင်နှုန်းနီးပါးခန့်အား မျိုးသုဉ်းပျောက်ကွယ်စေနိုင်သည်။ Type Ia ဆူပါနိုဗာများသည် ကမ္ဘာအနားတွင် ဖြစ်ပွားပါက အင်မတန် အန္တရာယ်များလှသည်။ အဘယ်ကြောင့်ဆိုသော် ယင်းဆူပါနိုဗာအား ဖြစ်စေည့် ကြယ်ဖြူပုအကြောင်း ကျွန်တော်တို့ သေချာ မလေ့လာရသေးပေ။ မကြာသေးခင်ကအနီးစပ်ဆုံး ခန့်မှန်းချက်မှာ Type II ဆူပါနိုဗာတစ်ခုသည် ကမ္ဘာမှ ၈ parsec (အလင်းနှစ် ၂၆) ဝေးပါက ကမ္ဘာမြေ၏ အိုဇုန်းအလွှာထက်ဝက်အား ဖျက်ဆီးရန် လုံလောက်သည်။ နဂါးငွေ့တန်း ဂယ်လက်ဆီအတွင်း ကြယ်ဘီလူးကြီးပေါင်းများစွာသည် နောက်ထောင်စုနှစ်အတွင်း ဆူပါနိုဗာဖြစ်နိုင်ဖွယ်ရှိသည်ဟု အကြံပေးထားသည်။ ယင်းတို့တွင် Rho Cassiopeiae, အိသာ ကရိနီ RS Ophiuchi, U Scorpii, VY Canis Majoris, ဘီတယ်ဂျူးစ်နှင့် အန်တာရစ် တို့ပါဝင်သည်။ အနီးဆုံး ဆူပါနိုဗာ ဖြစ်နိုင်ဖွယ်ရှိသောကြယ်မှာ IK Pegasi (HR 8210) ဖြစ်ပြီး အလင်းနှစ် ၁၅ဝ အကွာအဝေးတွင် တည်ရှိသည်။ ယင်းသည် Type Ia ဆူပါနိုဗာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ စူပါနိုဗာ နှင့် သက်ရှိစူပါနိုဗာ ဖြစ်ပေါ်ခြင်း မရှိပါက ကမ္ဘာပေါ်တွင် သက်ရှိ ရှိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဓာတုဗေဒ ဒြပ်စင်များမှာ ကြယ်ပေါက်ကွဲမှုမှ ပေါ်ထွက်လာသောကြောင့်ပင် ဖြစ်သည်။ ထိုသို့သော ဒြပ်စင်များကို လေးလံသော ဒြပ်စင်များဟု ခေါ်ဆိုလေ့ ရှိပြီး ၎င်းတို့ကို သက်ရှိတို့ ဖြစ်ပေါ်ရန်အတွက် လိုအပ်သည်။ အခြားကြည့်ရန်ကျမ်းကိုး
|
Portal di Ensiklopedia Dunia