ဆယ်ဇင်းရွာ၊ ဖားကန့်မြို့နယ်
ဆယ်ဇင်းရွာ(အင်္ဂလိပ်: Sezin)သည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၌ တည်ရှိသည်။ ဆယ်ဇင်းကျေးရွာသည် ကချင်ပြည်နယ်ထဲ ပါဝင်သော်လည်း ကချင်တိုင်းရင်းသားမရှိသလောက်ရှားသည်။ ဆယ်ဇင်းကျေးရွာတွင် အမှန်တစ်ကယ်နေထိုင်သူများမှာ ရှမ်းနီတိုင်းရင်းသားများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတစ်လျှောက်မှ တိုင်းလျန်လူမျိုးများ၊ ဗမာတိုင်းရင်းသားများ၊ရှမ်းဗမာသွေးနှောကပြားများသာအဓိကနေထိုင်သည်၊၊ဆယ်ဇင်းရွာနေရာကုတ်မှာ ၁၆၆၈၀၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟောင်ပါးကျေးရွာအုပ်စုတွင် ကျား ၃၀၉၉၄ ဦး၊ မ ၂၁၄၂၁ ဦး၊ လူဦးရေစုစုပေါင်း ၅၂၄၁၅ ဦး နေထိုင်သည်။ [၁] ၂၀၂၂ ဖြစ်ရပ်အိမ်ခြေ ၇၀၀ ခန့်ရှိသည့် ဆယ်ဇင်းရွာကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်ပူးပေါင်းတပ်ဖွဲ့များတစ်ဘက်နှင့် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကတစ်ဘက် နိုင်ငံရေးပဋိပက္ခများကြောင့် ကျေးရွာပျက်စီးခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia