ဆုန်းဂျွံဧကရာဇ်ဆုန်းဂျွံ(ကိုရီးယား: 순종 純宗; ၁၈၇၄ ခုနှစ် မတ်လ ၂၅ ရက် ~ ၁၉၂၆ ခုနှစ် ဧပြီလ ၂၅ ရက်)သည် ကိုရီးယားဧကရာဇ်နိုင်ငံတော်၏ ဒုတိယမြောက် ဧကရာဇ် ဖြစ်ပြီး ကိုရီးယားသမိုင်း၏ နောက်ဆုံး ဘုရင်မင်းမြတ်(နန်းစံနှစ် : ၁၉၀၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် ~ ၁၉၁၀ ခုနှစ် ဩဂုတ်လ ၂၉ ရက်) ဖြစ်သည်။
ငယ်ဘဝဂိုဂျုံးမင်းကြီးနှင့် မြောင်ဆောင်မိဖုရားကြီးတို့၏ ဒုတိယသားဖြစ်ပြီး အသက် ၂ နှစ်အရွယ် ၁၈၇၆ ခုတွင် အိမ်ရှေ့စံအဖြစ် တင်မြှောက်ခံရသည်။ အသက် ၈ နှစ်အရွယ် ၁၈၈၂ ခုတွင် မင်ဆန်းမြောင်နှင့် လက်ထပ်ပေးရာ ထိုမိန်းမငယ်မှာ နောက် ဆန်းမြောင်ဟိုမိဖုရားကြီး ဖြစ်လာသည်။ ဆန်းမြောင်ဟိုမှာ မြောင်ဆောင်မိဖုရားကြီးကို ဂျပန်စစ်တပ်လက်မှ ကာကွယ်ရန် ကြိုးပမ်းရင်း စိတ်ပင်ပန်းမှုများကြောင့် အသက် ၃၁ နှစ်အရွယ် ၁၉၀၄ ခု၊ နိုဝင်ဘာလ ၅ ရက်တွင် ကံကုန်သည်။ ကိုရီးယားအင်ပါယာကို ၁၈၉၇ ခုတွင် တည်ထောင်သည့်အခါလည်း ဆွန်းဂျုံးသည် အိမ်ရှေ့စံအဖြစ် ဆက်ခံသည်။ ၁၉o၀ ပြည့်တွင် အသက် ၄ နှစ်အရွယ် ယွန်ဂျောင်ဆန်းနှင့် စုံဖက်၏။ ၁၉၀၇ ခု၊ ဇန်နဝါရီလ ၂၄ ရက်တွင် အိမ်ရှေ့မိဖုရားအဖြစ် မြှောက်သည်။ မင်းပြုသည့်ကာလ၁၉၀၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ဂျပန်တို့က ဂိုဂျုံးမင်းကြီးကို နန်းစွန့်စေကာ ဆွန်းဂျုံးကို ကိုရီးယားအင်ပါယာ၏ ဧကရာဇ်အဖြစ် တင်မြှောက်သည်။ မင်းဖြစ်လာသော်လည်း ဂျပန်အစိုးရ၏ဩဇာမှာ ပိုကြီးခြင်းကြောင့် အကန့်အသတ် များစွာရှိသည်။ နန်းတက်ပြီးသည်နှင့် ၁၉၀၇ ဂျပန်-ကိုရီးယားသဘောတူစာချုပ်တွင် လက်မှတ်ထိုးရသည်။ ယင်းတွင် အုပ်ချုပ်မှုကိစ္စများကို ဂျပန်တို့က ကြီးကြပ်ကန့်သတ်နိုင်သည်သာမက ဂျပန်ဝန်ကြီးတို့ကိုလည်း အစိုးရအဖွဲ့တွင် ထည့်ထားခွင့်ပြုရသည်။ [၁] ၁၉၀၉ ခုတွင် မန်ချူးရီးယားအရေးနှင့်ပတ်သက်၍ ကိုရီးယားနှင့် ရုရှားအကြားရှိ မကျေမလည်မှုများကို ဝင်ညှိရန် ဂျပန်အစိုးရက ဌာနေဗိုလ်ချုပ်ကြီးအဖြစ် အီတိုဟီရိုဘူမိကို စေလွှတ်သည်။ သို့သော် အီတိုကို ဟာဘင်မြို့၌ ကိုရီးယားမျိုးချစ်တပ်တို့က လုပ်ကြံလိုက်ရာ ၁၉၁၀ ပြည့်တွင် ဂျပန်တို့ ကိုရီးယားသို့ ကျူးကျော်လာတော့၏။ ကိုရီးယားအစိုးရအဖွဲ့တွင်လည်း ဆောင်းဘျန်ဂျွန်နှင့် လီဝန်ယောင်းကဲ့သို့ ဂျပန်လိုလားသူများရှိရာ ၁၉၁၀ ပြည့်၊ ဩဂုတ်လ ၂၉ ရက်တွင် ဂျပန်-ကိုရီးယားပိုင်နယ်ပေါင်းခြင်းသဘောတူစာချုပ်ဖြင့် ကိုရီးယားမှာ ဂျပန်လက်အောက်ခံ ဖြစ်သွားသည်။ [၂] ဆွန်းဂျုံးသည် ဘုရင်အဖြစ် ဆက်ရှိနေသော်လည်း အုပ်ချုပ်မှုအာဏာအားလုံးကို ဂျပန်တို့မှ စီမံကာ ရုပ်ပြဘုရင်အဖြစ် ၃ နှစ်ကြာ ဆက်နေရ၏။ တရားဝင်စာချုပ်အရမူ သက်တမ်း ၅၁၉ နှစ်ရှိခဲ့သော ဂျိုဆွန်းမင်းဆက်မှ ကိုရီးယားအင်ပါယာသည် ၁၉၁၀ ပြည့်၊ ဩဂုတ်လ ၂၉ ရက်ကပင် နိဠိတံခဲ့လေပြီ။ [၃] စာချုပ်အရ ဆန်းဂျုံးအပါအဝင် မင်းမိသားစုသည် ချန်းဒုက်ဂွန်နန်းတော်အပြင်သို့ ထွက်ခွင့်မရတော့ပေ။ [၄] အစိုးရအဖွဲ့၌လည်း ဂျပန်ဝန်ကြီးများနှင့် ဂျပန်လိုလားသူများသာ ကျန်သဖြင့် မည်သို့မျှ မစီမံနိုင်။ ဘဝနိဂုံး၁၉၂၆ ခု၊ ဧပြီလ ၂၄ ရက်တွင် ချန်းဒုက်ဂွန်၌ပင် လွန်သည်။ နမ်ယန်ဂျူရှိ ယူရင်သင်္ချိုင်းတော်၌ သူ့မိဖုရား ၂ ပါးနှင့်အတူ မြှုပ်ထားသည်။ နိုင်ငံတော်ဈာပနကို ၁၉၂၆ ခု၊ ဇွန်လ ၁၀ ရက်တွင် ကျင်းပရာ နောက် ဂျပန်ဆန့်ကျင်ရေးအတွက် ဇွန်-၁၀ အရေးအခင်းဟူ၍ ဖြစ်လာအောင် အစပြုပေးနိုင်ခဲ့သည်။ သားသမီးမရှိ။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia