ဆူဒါရတ် ကီယူရာဖန်’
ဆူဒါရတ် ကီယူရာဖန် သည် ထိုင်းနိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ထိုင်းရတ်ထိုင်းပါတီ၏ ယခင်ဒုတိယခေါင်းဆောင်ဖြစ်သည်။ ထိုင်းပန်ထိုင်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ယခင်အစိုးရများလက်ထက်က ဝန်ကြီး၊ဒုဝန်ကြီး တာဝန်များလည်း ထမ်းဆောင်ခဲ့သည်။[၂] မိသားစုနှင့် ပုဂ္ဂိုလ်ရေးဘဝသူ့ကို ဘန်ကောက်မြို့တွင် ဆွန်ပွန် ကီယူရာပန်နှင့် ရီနူး ကီယူရာဖန်တို့မှ ဖွားမြင်ခဲ့သည်။ သူ၏အဖေမှာ နခွန်ရတ်ချစီမာပြည်နယ်၏ ယခင်အမတ်ဟောင်းဖြစ်သည်။ သူ၏ အထက်တန်းပညာကို ဘန်ကောက်မြို့ရှိ စိန့်ဂျိုးဇက် ကွန်ဗင့်ကျောင်းမှအောင်မြင်ကာ ချူလာလောင်ကွန်းတက္ကသိုလ်မှ စီးပွားကူးသန်းရောင်းဝယ်ရေးနှင့် စာရင်းကိုင်ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဆဆင်ကျောင်း မှ မဟာဘွဲ့ရခဲ့သည်။၂၀၁၈ခုနှစ်တွင် ဗုဒ္ဓဘာသာဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ကို မဟာချလာလောင်ကွန်းရာဇာပတိ တက္ကသိုလ်မှ ရရှိခဲ့သည်။[၃] သူသည် အိမ်ခြံမြေလုပ်ငန်းရှင် ဆိုမိုင်ယို့ လီးလပန်နီယာလတ်နှင့် လက်ထပ်ကာ ကလေး၃ယောက်မွေးဖွားခဲ့သည်။ နိုင်ငံရေးလောကသူ၏ နိုင်ငံရေးလောကကို ၁၉၉၁ခုနှစ်တွင် စတင်ခဲ့သည်။ ဘန်ကောက်၏ ခရိုင်၁၂ကိုယ်စားပြုအဖြစ် အမတ်ရွေးချယ်ခံခဲ့ရသည်။၁၉၉၂ခုနှစ် ရွေးကောက်ပွဲတွင် ဘန်ကောက်တွင်ပင် ပြန်လည်အရွေးခံခဲ့ရကာ ချူအန် လိပိုင်အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရသူအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၉၄ခုနှစ်တွင် ပလန်းဓမ္မပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရသည်။ ချူအန် လိပိုင်အစိုးရ၏ ပို့ဆောင်ရေး ဒုဝန်ကြီးလည်း ဖြစ်လာခံ့သည်။ ၁၉၉၅ရွေးကောက်ပွဲတွင် ဘန်ကောက်မြို့မှပင် အနိုင်ရကာ ဘန်ဟန် ဆီပါ့အာချာအစိုးရ၏ ပြည်ထဲရေး ဒုဝန်ကြီး ဖြစ်လာခဲ့သည်။ သူ၏ကာလအတွင်း ဘန်နအဝေးပြေးလမ်းစီမံကိန်းမှာ ၁၁လကြာ နှောင့်နှေးခဲ့သည်။ဤသည်မှာ နိုင်ငံအတွင်း ကြီးမားသော ရှုတ်ချပြောဆိုမှုခြင်းဖြစ်ခဲ့သည်။ အကြောင်းမှာ အစိုးရအနေဖြင့် လျော်ကြေးငွေ သန်းထောင်ချီပေးခဲ့ရခြင်းကြောင့်ဖြစ်သည်။[၄] ၁၉၉၆တွင် ပြန်လည်အရွေးခံရပြန်ပြီး ပလန်းဓမ္မပါတီ၏ တစ်ဦးတည်းသော အရွေးခံရသည့်အမတ်ဖြစ်သည်။ ၁၉၉၈တွင် သက်ဆင်ရှင်နာဝပ်နှင့်အတူ ထိုင်းရန်ထိုင်းပါတီကို တည်ထောင်ခဲ့ပြီး ဒုတိယခေါင်းဆောင်ဖြစ်လာသည်။ ထို့နောက် ယင်းပါတီမှာ ၂၀၀၆ရွေးကောက်ပွဲတွင် ၆၁%ဖြင့် အနိုင်ရကာ ထိုင်း၏ အကြီးဆုံးပါတီဖြစ်ခဲ့သည်။ ၂၀၀၁ရွေးကောက်ပွဲတွင် အရွေးခံရပြန်ပြီး ပြည်သူ့ကျန်မာရေးဝန်ကြီးအဖြစ် ၂၀၀၁ ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် သင်ဆင်အစိုးရမှ ခန့်အပ်ခဲ့သည်။၂၀၀၆ရွေးကောက်ပွဲအပြီးတွင် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးအဖြစ် ခန့်အပ်ခံရသော်လည်း အာဏာအသိမ်းခံခဲ့ရသည်။ ထိုင်းရတ်ထိုငိးပါတီ၏ အုပ်ချုက်ရေးအဖွဲ့မှခေါင်းဆောင်များကို နိုင်ငံရေးလှုပ်ရှားမှု၅နှစ် ပိတ်ပင်လိုက်ရာ ခေါင်းဆောင် ၁၁၁ဦးတွင် သူလည်းပါခဲ့သည်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia