သက်ဆင် ရှင်နာဝပ်

သက်ဆင် ရှင်နာဝပ်

သက်ဆင် ရှင်နာဝပ် (အင်္ဂလိပ်: Thaksin Shinawatra; ထိုင်း: ทักษิณ ชินวัตร) (၁၉၄၉ ဇူလိုင် ၂၆ ဖွား) သည် ထိုင်းနိုင်ငံမှ စီးပွားရေးသမားနှင့် နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိ တာဝန်ယူခဲ့ပြီးနောက် ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းမှုတွင် ဖယ်ရှားခြင်း ခံခဲ့ရသည်။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် ၏ အစ်ကို ဖြစ်သည်။

သက်ဆင်သည် ထိုင်းနိုင်ငံမှ အအောင်မြင်ဆုံး မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ အက်ဒ်ဗန့်စ် အင်ဖို ဆားဗစ် (Advanced Info Service) ကို တည်ထောင်ပြီးနောက်တွင် ဘီလီယံနာ သူဌေးတစ်ဦး ဖြစ်လာခဲ့သည်။ သက်ဆင်သည် ၁၉၉၄တွင် ဖာလန် ဒါမ ပါတီ (Phalang Dharma Party) မှတဆင့် နိုင်ငံရေး လောကသို့ ဝင်ရောက်လာခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် အခြား အမတ်များနှင့် အတူ ပါတီမှာ ထွက်ခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်တွင် ထိုင်းရတ်ထိုင်း ပါတီကို တည်ထောင်ခဲ့သည်။ ၂၀၀၁ ခုနှစ် သမိုင်းဝင် ရွေးကောက်ပွဲတွင် အောင်ပွဲရပြီးနောက် သူသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံတွင် သက်တမ်းပြည့် တာဝန်ထမ်းဆောင် ခဲ့ရသော ပထမဆုံး ဝန်ကြီးချုပ် ဖြစ်သည်။ သက်ဆင်သည် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုများကို လျော့ချရန် ပေါ်လစီများစွာကို ထုတ်ဖော်ခဲ့ပြီး ၄ နှစ်အတွင်း ဆင်းရဲမွဲတေမှုကို တစ်ဝက်မျှ လျှော့ချနိုင်ခဲ့သဖြင့် အလွန် လူကြိုက်များခဲ့သည်။ သူသည် ဘတ် ၃၀ အစီအစဉ်ဟု လူသိများသော နိုင်ငံအတွင်း ပထမဆုံး အားလုံးနှင့် သက်ဆိုင်သော ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို စတင်ခဲ့ပြီး လူကြိုက်များသော မူးယစ်ဆေးဝါး နှိမ်နင်းမှုများကိုလည်း ပြုလုပ်ခဲ့သည်။ သက်ဆင်သည် အခြေခံ အဆောက်အအုံ အများအပြားတွင် ရင်းနီးမြှုပ်နှံမှု ပြုခဲ့ပြီး လမ်းများ ဖောက်လုပ်ခြင်း၊ မြို့တွင်း ရထားများ ပြေးဆွဲခြင်း နှင့် သုဝဏ္ဏဘုမ္မိ လေယာဉ်ကွင်း တည်ဆောက်ခြင်း တို့ ပါဝင်သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့သော်လည်း အများပြည်သူဆိုင်ရာ ချေးငွေမှာ ၂၀၀၁ ခုနှစ်တွင် ဂျီဒီပီ၏ ၅၇ ရာခိုင်နှုန်းမှာ ၂၀၀၆ စက်တင်ဘာတွင် ၄၁ ရာခိုင်နှုန်း အထိ လျော့ကျလာခဲ့သည်။ ခြစားမှုများလည်း လျော့ကျလာခဲ့ပြီး နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့၏ ခြစားမှု လျော့ကျခြင်း ညွှန်းကိန်းတွင် ၂၀၀၁ မှ ၂၀၀၅ ခုနှစ်အတွင်း ၃.၂ မှ ၃.၈ အထိ မြင့်တက်လာခဲ့သည်။ ၂၀၀၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ထိုင်းရတ်ထိုင်း ပါတီမှ သမိုင်းတွင် မဲအများအဖြစ် မကြုံစဖူး ထူးခြားစွာ တပြည်လုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya