ဆူးအက် တူးမြောင်း
ဆူးအက်တူးမြောင်း (အင်္ဂလိပ်: Suez Canal) သည် အီဂျစ်နိုင်ငံတွင် တည်ရှိပြီး မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်စပ်ပေးသော အရေးပါသည့် ရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်သည်။ ၎င်းတူးမြောင်းကို ၁၈၆၉ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ပြီးနောက် ဥရောပနှင့် အာရှတိုက်အကြား ရေကြောင်းပို့ဆောင်ရေးတွင် အာဖရိကတိုက်ကို ကွေ့ဝိုက်သွားရန် မလိုအပ်တော့ပေ။ တည်နေရာနှင့် အတိုင်းအတာဆူးအက်တူးမြောင်းသည် မြေထဲပင်လယ်ကမ်းခြေပေါ်ရှိ ပို့ဆက်မြို့နှင့် ပင်လယ်နီကမ်းခြေပေါ်ရှိ ဆူးအက်မြို့တို့ကို ဆက်သွယ်ထားသည်။ ၎င်းသည် အာရှတိုက်နှင့် အာဖရိကတိုက်ကြီးနှစ်တိုက်ကို ဆက်စပ်လျက်ရှိသော ဆူးအက်ကျွန်းဆက်ကို ဖြတ်၍ ဖောက်လုပ်ထားသည်။
ဤတူးမြောင်းကြောင့် လန်ဒန်မြို့မှ ဘုံဘိုင်မြို့သို့ သွားရာတွင် မိုင်ပေါင်း ၁၁,၀၀၀ ကျော်မှ ၆,၀၀၀ ကျော်သို့ လျော့ကျသွားပြီး မိုင် ၅,၀၀၀ ခန့် ခရီးပိုနီးလာသည်။ သင်္ဘောများသည် တူးမြောင်းတစ်ဖက်မှ အခြားတစ်ဖက်သို့ရောက်ရန် ၁၁ နာရီခွဲနီးပါး ခုတ်မောင်းရသည်။ သမိုင်းကြောင်းနှင့် ဖောက်လုပ်ခြင်းဆူးအက်တူးမြောင်းဖောက်လုပ်ရန် စိတ်ကူးသည် ရှေးအခါကတည်းက ရှိခဲ့သော်လည်း ၁၈၅၄ ခုနှစ်တွင် ပြင်သစ်လူမျိုး အင်ဂျင်နီယာ ဖာဒီနန် မားရီး ဒလက်ဆက်သည် အီဂျစ်နိုင်ငံဘုရင်ခံချုပ် ဆာအိပါးရှားထံမှ တူးမြောင်းဖောက်လုပ်ရန် ခွင့်ပြုချက် ရရှိခဲ့သည်။
အုပ်ချုပ်မှုနှင့်ပိုင်ဆိုင်မှုဆူးအက်တူးမြောင်းကို စတင်ဖောက်လုပ်စဉ်က အီဂျစ်နှင့် ပြင်သစ်အစိုးရတို့က ငွေကြေးရင်းနှီးမြှုပ်နှံခဲ့သည်။
၁၈၈၈ ခုနှစ် သဘောတူစာချုပ်: ၁၈၈၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တူရကီနိုင်ငံ၊ ကွန်စတန်တီနိုပယ်မြို့၌ ချုပ်ဆိုခဲ့သော သဘောတူစာချုပ်အရ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးသည် တူးမြောင်းကို လွတ်လပ်စွာ ဖြတ်သန်းခွင့်ရှိသည်။ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုဆူးအက်တူးမြောင်း မဖောက်လုပ်မီက မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချသည့် လုပ်ငန်းမှာ မပြောပလောက်ခဲ့ပေ။ သို့သော် တူးမြောင်းဖောက်လုပ်ပြီးနောက် အရှေ့နှင့်အနောက် ဆက်သွယ်ရေး ပိုမိုလွယ်ကူလာသည့်အတွက် မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချမှုသည် များစွာတိုးတက်ခဲ့သည်။ မြန်မာ့ဆန်သည် ကမ္ဘာ့ဈေးကွက်တွင် မျက်နှာပန်းပွင့်လာပြီး မြန်မာတောင်သူ လယ်သမားတို့လည်း စီးပွားဖြစ်ထွန်းလာခဲ့သည်။ ပြည်သူပိုင်သိမ်းခြင်း၁၉၅၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဆူးအက်ဒေသရှိ ဗြိတိသျှစစ်တပ်အားလုံးကို လပေါင်း ၂၀ အတွင်း ပြန်လည်ရုပ်သိမ်းရန် သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်အရ ဗြိတိသျှစစ်တပ်အားလုံးကို ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ရုပ်သိမ်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဖာရော့ဘုရင်အား နန်းချ၍ အီဂျစ်ကို သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် ကာနယ် နက်ဆာသည် အီဂျစ်နိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အမေရိကန်နှင့် ဗြိတိသျှနိုင်ငံတို့သည် အီဂျစ်နိုင်ငံ ဆူးအက်ဝန်ဆည်ရိုး တူးဖော်နိုင်ရေးအတွက် ငွေချေးမည်ဟု ကတိပြုခဲ့သော်လည်း အီဂျစ်နိုင်ငံ၏ စီးပွားရေး မခိုင်မြဲဟု အကြောင်းပြကာ ကတိကို ရုပ်သိမ်းခဲ့သည်။ ဤအချက်ကို တုံ့ပြန်သောအားဖြင့် သမ္မတနက်ဆာသည် ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ညတွင် အီဂျစ်နိုင်ငံ၊ အယ်လက်ဇန္ဒြီးယားမြို့၌ ဆူးအက်တူးမြောင်းကို အီဂျစ်အစိုးရက ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤကြေညာချက်ကြောင့် ကမ္ဘာတစ်ဝန်းတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် စစ်ရေးနှင့် စီးပွားရေးအရ အရေးကြီးသော ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် များစွာ လှုပ်ရှားခဲ့သည်။ သို့သော် ဆူးအက်တူးမြောင်းကိစ္စနှင့် ပတ်သက်၍ ဗြိတိန်နှင့် ပြင်သစ်တို့၏ ကန့်ကွက်ချက်မှာ မအောင်မြင်ခဲ့ပေ။[၁] ကိုးကား
|
Portal di Ensiklopedia Dunia