ပင်လယ်နီ

ပင်လယ်နီ
ကိုဩဒိနိတ်22°N 38°E / 22°N 38°E / 22; 38
အကျယ်ဆုံး အလျား၂,၂၅၀ km (၁,၄၀၀ mi)
အကျယ်ဆုံး အနံ၃၅၅ km (၂၂၁ mi)
မျက်နှာပြင် ဧရိယာ၄၃၈,၀၀၀ km2 (၁၆၉,၀၀၀ sq mi)
ပျမ်းမျှအနက်၄၉၀ m (၁,၆၁၀ ft)
အနက်ဆုံး အနက်အရှိုင်း၂,၂၁၁ m (၇,၂၅၄ ft)
ရေထုထည်၂၃၃,၀၀၀ km3 (၅၆,၀၀၀ cu mi)
အာဖရိကနှင့် အာရပ်ကျွန်းဆွယ်ကြားရှိ ပင်လယ်နီ
အီဂျစ်နိုင်ငံ မာဆာအလန် အနီးရှိ သန္တာကျောက်တန်း

ပင်လယ်နီသည် အရှေ့မြောက်ဘက် အာရှဘက်ခြမ်း အာရပ်ကျွန်းဆွယ်နှင့် အနောက်တောင်ဘက် အာဖရိကတို့ကြားတွင် တည်ရှိသော ပင်လယ်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၏ တစိတ်တဒေသ ဖြစ်သည်။ ပင်လယ်နီသည် ၂၂၀၀ ကီလိုမီတာခန့် ရှည်လျားသော်လည်း အကျယ်မှာ ၃၃၀ ကီလိုမီတာခန့်သာ ဖြစ်သည်။ သင်္ဘောအများအပြားသည် ပင်လယ်နီကို ဖြတ်သန်း သွားလာကြသည်။ အကြောင်းမှာ စူးအက်တူးမြောင်းသည် ပင်လယ်နီကို မြေထဲပင်လယ်နှင့် ဆက်ထားပေးပြီး အခြားတစ်ဖက်မှာ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သည်။

ပင်လယ်နီရှိ ရေများတွင် ဆား ပိုများပြီး အခြား ပင်လယ်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုကြည်လင်သည်။ အကြောင်းမှာ ပင်လယ်နီ အတွင်းသို့ စီးဝင်သော မြစ် မရှိသလောက် နီးပါးဖြစ်၍ ဖြစ်သည်။ ပင်လယ်နီ အနီးပတ်ဝန်းကျင်၏ ရာသီဥတုမှာ ခြောက်သွေ့ပြီး ပူနွေးသည်။ ထို့အတွက်ကြောင့် ဥရောပနှင့် ကမ္ဘာ့အခြားအရပ်မှ လူတို့သည် ပင်လယ်နီသို့ အပန်းဖြေရန် လာရောက်ကြလေ့ ရှိသည်။ ပင်လယ်နီနှင့် ကပ်နေသော တိုင်းပြည်များမှာ အီဂျစ်နိုင်ငံဆူဒန်နိုင်ငံအီရီထရီးယားနိုင်ငံယီမင်နိုင်ငံဆော်ဒီအာရေဗျနိုင်ငံဂျော်ဒန်နိုင်ငံ နှင့် အစ္စရေးနိုင်ငံတို့ ဖြစ်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya