ဆွေးနွေးချက်:အယုဒ္ဓယအမည်မြန်မာ့စကားအသုံးအနှုန်းဖြင့် အစဉ်အဆက် ခေါ်သော "အယုဒ္ဓယ" အမည်ကို ပြောင်းရန်အကြံပြုပါသည်။ မူရင်းတရားဝင်အမည်ကတော့ "พระนครศรีอยุธยา (Phra Nakhon Si Ayutthaya)" ဖြစ်ပါတယ်။ အသံထွက်အရ နောက်ဆုံးနှစ်သံက ထ+ယာ(း) သီးခြားသံရှိပါတယ်။ မြန်မာ့အသံ ဓ+ယ နဲ့ပိုနီးစပ်တယ် ထင်ပါတယ်။ ရှေးဟောင်းအိန္ဒိယမြို့ "Ayodhya (Hindustani: [əˈjoːdʱːjaː]) ကိုအစွဲပြုပေးထားတယ်လို့ဆိုပါတယ်။ အဲဒီရှေးမြို့ကိုလည်း မြန်မာစာပေတွေမှာ အထူးသဖြင့် ရာမာယဏမှာ အယုဒ္ဓယမြို့လို့ပဲ ဖော်ပြပါတယ်။ လက်ရှိမြို့ကို Ayudhya လို့လည်းရေးပါတယ်။ ဒါပေမယ့် မူရင်းအမည် (သို့) တရားဝင်မဟုတ်ပါ။ second option ပုံစံမျိုးပါ။ ပါဠိအရ "အယုဒ္ဓ" ဆိုသည်မှာ စစ်မတိုက်အပ်၊ စစ်မထိုးအပ်သောမြေလို့ အနက်ရပြီး မြန်မာတို့က ထိုအတိုင်းခေါ်ဆိုတယ်ထင်ပါတယ်။ စဉ်ဆက်သဘောအရ ဗြိတိသျှ သည် အသံအရမှားသော်လည်း ဘရစ်တစ်ရှ် မဖြစ်နိုင်တော့ပါ။ ရေးထုံးအတည်တကျဖြစ်လို့ ထိုသို့ ဖြစ်စရာလည်းမလိုအပ်တော့ပါ။ Aungookingofcelestials (ဆွေးနွေး) ၁၂:၃၈၊ ၂၈ နိုဝင်ဘာ ၂၀၂၀ (UTC)
စကားမစပ် enwiki မှာ အဲလိုရေးပေမယ် ယောနကတိုင်းက ရှေးဟောင်း ဗုဒ္ဓဘာသာ သာသနာပြုမြေပုံတွေမှာ အာဖဂန်ဘက်လောက်က နယ်မြေကိုဆိုလိုပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၇:၂၄၊ ၂၈ နိုဝင်ဘာ ၂၀၂၀ (UTC) မဟာဝတ်ကျောင်းတော်အတွင်းရှိညောင်မြစ်များငုံလျက်ရှိသောဦးခေါင်းတော် |
Portal di Ensiklopedia Dunia