ဇိုဇမ် (ကာတွန်း)ကာတွန်းဇိုဇမ် ခေါ် ပူးဇိုဇမ်သည် ချင်းအမျိုးသား ကာတွန်းဆရာ တစ်ယောက်ဖြစ်သည်။ ချင်းဝိသေသတိုင်း၊ ထုတ်လိုင်ရွာတွင် ၁၉၅၆-ခု၊ ဇွန်လ၊ ၂၄-ရက်တွင် အဖ ဦးစီမန်ထောင်းနှင့် အမိဒေါ်ကျင်းခိုမန်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း - ၁၁ ယောက်ရှိပြီး အမည်ရင်းမှာ ဇမ်ကျင်ပေါ် ဖြစ်သည်။ ငယ်ဘဝဦးဇိုဇမ်သည် ငယ်စဉ်က ထုတ်လိုင်ရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ဗန်းတဲ့ အလယ်တန်းကျောင်း၌ ဆက်လက် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်းရွှေ့ကာ လမ်းမတော် အထက်တန်းကျောင်း (၁) မှ ဆယ်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် သင်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးရေးမဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ စက်မှုသိပ္ပံ (ချောက်) ၌လည်း ပညာသင်ယူခဲ့ဖူးပြီး အနောက်ဂျာမနီနိုင်ငံရှိ S.L.V (Mannheim) တွင် ပညာဆက်လက် ဆည်းပူးခဲ့သည်။ ကာတွန်းပညာနှင့် စာပေလုပ်ငန်းကာတွန်းဇိုဇမ်သည် ကာတွန်းဆွဲခြင်းအပြင် ကာတွန်းနှင့် ပတ်သက်သော စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ စာပေလောကသို့ ဝင်ရောက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ရွက်နုဝေ ကာတွန်းဆုကို ရရှိခဲ့သည်။ အလုပ်အကိုင်နှင့် နိုင်ငံရေး၁၉၈၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကာတွန်းဆရာဘဝဖြင့် ၁၀ နှစ်နီးပါး ရပ်တည်ခဲ့သည်။ ထို့နောက် အေအိုင်ဒီအက်စ် ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်း (PSI) တွင် Communication Officer ရာထူးဖြင့် ဒီဇိုင်နာတစ်ပိုင်း၊ Officer တစ်ပိုင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် ၎င်းသည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ထုတ်ဝေခဲ့သော စာအုပ်များ
|
Portal di Ensiklopedia Dunia