ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အင်္ဂလိပ် အမည်Chin National League for Democracy
အလှည့်ကျ ဥက္ကဋ္ဌ ပူးဇိုဇမ်
တည်ထောင်ခြင်း၂၀၁၉ ခုနှစ် ဇူလိုင် ၁၁
ဖျက်သိမ်းခြင်း၂၉ မတ် ၂၀၂၃
ယခင်
  • ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)
  • ချင်းတိုးတက်ရေးပါတီ (CPP)
  • ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)
ဌာနချုပ်၁၀၉၇၊ ပြည်ထောင်စုလမ်းမ၊ ၄၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်
နိုင်ငံရေး သဘောတရားချင်းလူမျိုး အခွင့်အရေး
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Chin National League for Democracy Party; အတိုကောက် CNLD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ဟောင်း တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချင်းပြည်နယ်တွင် နှစ်နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် နဝတအစိုးရမှ အာဏာမလွှဲပဲ အမျိုးသားညီလာခံ ကျင်းပရန် စီစဉ်မှုအပေါ် ကန့်ကွက်ခဲ့သည့် ပါတီများအား ဖျက်သိမ်းရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖျက်သိမ်းခံခဲ့ရသည်။[]

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့သည်။[][][]

ပါတီမှတ်ပုံတင်ခြင်း

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၁၁၈/၂၀၁၉ အရ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ မှတ်ပုံတင်အမှတ်မှာ ၁၁၆ ဖြစ်သည်။[]

ရွေးကောက်ပွဲ၊ ၂၀၂၀ ခုနှစ်

၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် CNLD သည် ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၆ နေရာအတွက် ယှဉ်ပြိုင်ခဲ့သည်။ [] သို့ရာတွင် မဲဆန္ဒနယ်တစ်ခုတွင်သာ အောင်မြင်နိုင်ခဲ့ပြီး၊ ဟားခါးမြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးရှန်မန်းသာ ချင်းပြည်နယ်လွှတ်တော်အတွင်း ဝင်ရောက်နိုင်ခဲ့သည်။[]

ပယ်ဖျက်ခြင်း

CNLD ပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်ကြောင်း ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းက ပြောကြားခဲ့သည်။[]

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[]

ကိုးကား

  1. ၁.၀ ၁.၁ Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  4. ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(Chin National League For Democracy Party)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ Myanmar Digital News။ 2025-6-28 တွင် ပြန်စစ်ပြီး။
  5. ချင်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) ဝင်ရောက်ယှဉ်ပြိုင်မည်။ Myanmar Digital News။ 2025-6-27 တွင် ပြန်စစ်ပြီး။
  6. ဟားခါးမြို့ CNLD လွတ်တော် ကိုယ်စားလှယ် ဦးရှန်မန်း နေအိမ် ချိတ်ပိတ်ခံရ။ BNI။ 2025-6-28 တွင် ပြန်စစ်ပြီး။
  7. CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်။ Khonumthung News။ 2025-6-28 တွင် ပြန်စစ်ပြီး။
  8. နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ 2025-6-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-11 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya