ဇော်ဝင်းရှိန် (စီးပွားရေးလုပ်ငန်းရှင်)
ဇော်ဝင်းရှိန်(၁၅ နိုဝင်ဘာ ၁၉၇၈ ဖွား)သည် [၁] မြန်မာလူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ [၂]အသက် ၁၉ နှစ် အရွယ် နှင့် မိဘများ၏ လက်ငုတ်လက်ရင်းဆန်စပါးရောင်းဝယ်တင်ပို့မှုမှတဆင့် စီးပွားရေးလောကထဲ သို့ ခြေချလာသူဖြစ်သည်။သူသည်လယ်ယာထွက်ကုန်ကူးသန်းရောင်းဝယ်တင်ပို့မှု အပါအဝင် ဆောက်လုပ်ရေး၊ငွေကြေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍ နှင့် စက်မှုမြို့တော် အစရှိသည်တို့ ပါဝင်သော Ayeyar Hinthar Holdings Group ၏ တည်ထောင်သူလည်းဖြစ်သည်။ ငယ်ဘဝနှင့်ပညာရေးတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် နိုင်ငံခြားဘာသာတက္ကသိုလ် ဒီပလိုမာသင်တန်း၊ပထမနှစ်(တရုတ်ဘာသာ) နှင့် ကျောင်းထွက်ခဲ့ကာ ဖခင်ဖြစ်သူ၏ မိသားစုစီးပွားရေးလုပ်ငန်းဖြစ်သော ဆန်စပါးကဏ္ဍသို့ ဝင်ရောက်သည်။[၃] စီးပွားရေးနယ်ပယ်သို့ဝင်ရောက်လာခြင်း၂၀၀၂ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အလူမီနီယမ် လုပ်ငန်းအား လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်အတူ စပ်တူလုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း အား စတင်သည်။ယင်းနောက် Ayeyar Hinthar Trading Co., Ltd [၄]ကို ရင်းနှီးသော သူငယ်ချင်းတစ်ဦးနှင့် တည်ထောင်သည်။ နှစ်အနည်းငယ်အတွင်း ထိုကုမ္ပဏီသည် မြန်မာပြည်၏ အကြီးမားဆုံးဆန်တင်ပို့နိုင်သည့် ကုမ္ပဏီစာရင်းဝင် ဖြစ်လာခဲ့ပြီး[၅][၆][၇][၈] နောက်ပိုင်းတွင် ၎င်း၏စီးပွားရေး လုပ်ငန်းများအားလုံးကို စုစည်း၍ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီအဖြစ် ပြောင်းလဲ တည်ထောင်ခဲ့သည်။ ဝိတိုရိယဆေးရုံ[၉] အား လုပ်ငန်းရှင်တစ်ဦး အပါအဝင် ဆရာဝန်များ နှင့် ပူးပေါင်း၍ ၂၀၁၁ ခုနှစ်ဇွန်လ ၂၅ရက်တွင်ရန်ကုန်မြို့၌တည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အများပိုင်ကုမ္ပဏီဖွဲ့စည်း၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပုသိမ်စက်မှုမြို့တော်အား[၁၀] တည်ထောင်ခဲ့သည့်အပြင်[၁၁][၁၂][၁၃]၂၀၁၄ ခုနှစ်တွင် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အား မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် စတင် တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်းအား ဆောင်ရွက်သည်။ ယင်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီရေအားလျှပ်စစ် ရေကာတာ စီမံကိန်း အပိုင်း ၃ ကိုလည်း ပြင်သစ်နိုင်ငံ Electricite De France S.A (EDF)၊ ဂျပန်နိုင်ငံ Marubeni Corporation တို့နှင့်အတူ လုပ်ပိုင်ခွင့်ရရှိခဲ့သူလည်းဖြစ်သည်။ ဇော်ဝင်းရှိန်သည်[၁၄] ရန်ကုန်စစ်သမိုင်းပြတိုက်နေရာဟောင်းတွင် ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y Complex စီမံကိန်းကို လုပ်ကိုင်နေသူလည်းဖြစ်သည်။[၁၅] [၁၆][၁၇] [၁၈] မိသားစုဘဝဇော်ဝင်းရှိန်သည် ဇနီးဖြစ်သူ ဒေါ်ရွှေယင်းမာနှင့် လက်ထပ်ခဲ့ပြီး သမီး ၃ဦးထွန်းကားခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များနေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမအတွင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြုလုပ်သော မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တွေ့ဆုံပွဲသို့ ဇော်ဝင်းရှိန် တက်ရောက်ခဲ့သည်။ထိုသို့ တက်ရောက်ခဲ့ပြီးနောက်ပိုင်း သူသည် အာဏာပိုင်များ၏ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံရသည်။ [၁၉][၂၀] ရရှိခဲ့သောဆု၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၂၁၅/ ၂၀၂၂) ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် သီရိပျံချီဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံရသည်။ [၂၁] ကိုးကား
|
Portal di Ensiklopedia Dunia