သီရိပျံချီဘွဲ့
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။ ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည် -
ပုံပန်းသဏ္ဌာန်လက်ယာရစ်ရွှေခရုသင်းကို သပြေခက်နှစ်ခက်ဝန်းရံထားသောအမှန်တံဆိပ်ပုံဖြစ်ပြီး နိုင်ငံတာဝန်ကိုထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့သော နယ်ဘက်ဆိုင်ရာ အစိုးရအမှု့ထမ်း၊ ယောက်ျား၊ မိန်းမ၊ အရပ်သားများကို ချီးမြှင့်ခဲ့သည်။ သီရိပျံချီဘွဲ့ ရရှိခဲ့သူများသီရိပျံချီဘွဲ့ရရှိခဲ့သော မြန်မာနိုင်ငံသားများ-
အခြားကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia