တက္ကသိုလ် မြတ်စိုး
တက္ကသိုလ် မြတ်စိုး (၁၂ နိုဝင်ဘာ ၁၉၃၁-၂၃ ဩဂုတ် ၂၀၂၄) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ တက္ကသိုလ်ဆရာ၊ သီချင်းရေးဆရာတစ်ဦးဖြစ်ကာ မြန်မာစာအဖွဲ့တွင် စာတည်းမှူးချုပ် နှင့် ညွှန်ကြားရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဘဝဖြတ်သန်းမှုတက္ကသိုလ် မြတ်စိုးသည် အဖ ဦးဘိုးချစ် (အငြိမ်းစား တိုင်းပညာဝန်)၊ မိခင် ဒေါ်သန်းတို့မှ ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြည်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးမြင့်ကြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ် ဥပစာတန်းအား ၁၉၅၀ ပြည့်နှစ်တွင် အောင်မြင်သည်။၁၉၅၃ ခုနှစ်တွင် မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်း အောင်ကာ ၁၉၆၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိသည်။ ထမ်းဆောင်ခဲ့သောတာဝန်များ
စာပေနှင့်ဂီတနယ်ပယ်တက္ကသိုလ်မရောက်မီ စစ်ပြီးစ ဂျာနယ်၊ စာစောင်အချို့တွင် မောင်သာယာ အမည်ဖြင့် စတင်ကလောင်သွေးခဲ့သည်။ တက္ကသိုလ်ရောက်ပြီးနောက် တက္ကသိုလ် မြတ်စိုး အမည်ဖြင့်လည်းကောင်း၊ အမည်ရင်းဖြင့်လည်းကောင်း ချိုတေးသံ၊ ဂီတ ပဒေသာ၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ ယဉ်ကျေးမှု စသည့်မဂ္ဂဇင်းများတွင် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ ရသစာတမ်းများ ရေးသားခဲ့သည်။အောင်စွာ ကလောင်ဖြင့် ကဗျာ များ လည်းရေးခဲ့သည်။သူသည် စာပေနှင့်ယှဉ်လျက် ဂီတကို ဝါသနာအလျောက် လေ့လာခဲ့သည်။၁၉၅၂ ခုနှစ် မှစ၍ စန္ဒရားနီနီ အပျော်တမ်းတူရိယာအဖွဲ့အတွက် သီချင်းများကို ပင်တိုင် ရေးသားခဲ့ရာ သံလွင်ဦး၊ သပြေညို၊ မိုးနဲ့စစ်သား၊ မေတ္တာကန်မွန်၊ အသည်းလမ်းကလေးမှာ လျှောက်လာပါ၊ ကြင်စဦး စသည့်သီချင်းများမှာ လူသိများခဲ့ သည်။သုတေသနစာတမ်းများအဖြစ် ကုန်းဘောင်ခေတ် မဟာဂီတ(၁၉၆၈)၊ မြန်မာဂီတ ၁၉၂၀-၇၀(၁၉၇၀)၊ မြန်မာဂီတကို နိုင်ငံခြားဂီတ ထိုးဖောက်ဝင်ရောက်လာပုံ (၁၉၇၃)၊ Three Yodaya Songs Representing Thai Element In Myanmar Classical Music(၁၉၉၆) တို့ကို ဖတ်ကြားခဲ့သည်။ထို့အပြင် မြန်မာစာညွန့်ပေါင်းကျမ်း (ပ၊ ဒု) (၁၉၉၂)၊ မြန်မာ့နိုင်ငံရေး စနစ်ပြောင်းကာလ ၁၉၆၂-၁၉၇၄ (ပ၊ ဒု၊ တ) (၁၉၉၃)၊ သဗ္ဗဂီတက္ကမ ပကာသနီကျမ်း (၁၉၉၃)၊ ဦးဂုဏ်ဘဏ်၏ မြန်မာ့ဂီတ အခြေခံ အတွဲ (၁၊ ၂) (၁၉၉၉-၂၀ဝ၁)၊ တေးရေး ပညာရှင်ကြီးများ၏ ခေတ်ဟောင်း တေးသီချင်းများ (အတွဲ ၁ မှ ၈) (၁၉၉၅-၂၀ဝ၆) တို့ကို တည်းဖြတ်ခဲ့သည်။ နိုင်ငံတော်မူ မဟာဂီတ (၂၀ဝ၅ ပုံနှိပ်မူ) ကိုလည်း ဦးဆောင်တည်းဖြတ်ခဲ့သည်။[၁] ဂုဏ်ပြုမှုနှင့် ဆုတံဆိပ်များမဟာဝိဇ္ဇာဘွဲ့ အတွက်ပြုစုတင်သွင်းခဲ့သော မြန်မာ့တေးဂီတ အနုစာပေသမိုင်း စာအုပ် အား ၂၀၀၁ ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ ထိုစာအုပ်ဖြင့် ၂၀၀၂ ခုနှစ် အတွက် အမျိုးသား စာပေဆု ရရှိခဲ့သည်။၂၀၀၄ ခုနှစ် တွင် နိုင်ငံတော်က ဝိဇ္ဇာပညာ ထူးချွန်ဆု (ဒုတိယအဆင့်) ဆု၊ ၂၀၁၂ ခုနှစ်တွင် စာပေနှင့် ဂီတ၊ ဂီတနှင့်စာပေ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆု နှင့် ၂၀၁၃ ခုနှစ် တွင် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ အပ်နှင်းသည်။[၂]၂၀၂၀ ခုနှစ်လွတ်လပ်ရေးနေ့တွင်ဝိဇ္ဇာပညာထူးချွန်ဆု(ပထမအဆင့်)ကိုရရှိခဲ့သည်။(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် နိုင်ငံတော်က အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်အပ်နှင်းသည်။ ဘဝနိဂုံးသူသည် ၂၀၂၄ ခုနှစ် ဩဂုတ် လ ၂၃ ရက် တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia