တိုက်လေယာဉ်![]() တိုက်လေယာဉ်ပျံများ သည် စစ်ဘက်သုံး လေယာဉ်ပျံများ ဖြစ်ကြပြီး အခြား လေယာဉ်များကို တိုက်ခိုက်ရန်နှင့် မြေပြင် ၊ ရေပြင်များသို့ တိုက်ခိုက် ဗုံးကြဲ ရန်အတွက် လက်နက်မျိုးစုံ တပ်ဆင်ထားသည့် လေယာဉ်အမျိုးအစားများ ပါဝင်ကြသည်။ အဓိကအားဖြင့် ကြားဖြတ်တိုက်လေယာဉ်များ ၊ လေကြောင်းစိုးမိုးရေး လေယာဉ်များ ၊ ဘက်စုံသုံး တိုက်လေယာဉ်များ ပါဝင်ကြသည်။ သမိုင်းကြောင်းပထမ ကမ္ဘာစစ် ကတည်းက လေယာဉ်များကို စစ်ပွဲတွင် အကဲကြည့်ရန် အသုံးပြုခဲ့ကြသော်လည်း လက်နက် တပ်ဆင်ထားသော တိုက်လေယာဉ်များကိုမူ ဒုတိယ ကမ္ဘာစစ်မှ စတင် အသုံးပြုခဲ့ကြသည်။ ပထမ ကမ္ဘာစစ်
ဒုတိယ ကမ္ဘာစစ်
ဒုတိယ မျိုးဆက် တိုက်လေယာဉ်များဒုတိယမျိုးဆက် တိုက်လေယာဉ်များတွင် ဒုတိယ ကမ္ဘာစစ်သုံး တိုက်လေယာဉ်များထက် အဆင့်ပိုမြင့်သော နည်းပညာများ အသုံးပြုထားပြီး ဂျက်အင်ဂျင်များ တပ်ဆင်လာကြသည်။ ပဲ့ထိန်း ဒုံးကျည်များ တပ်ဆင်လာကြပြီး မျက်မြင်လွန် အကွာအဝေးရှိ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်ရန် ရေဒါကို အသုံးပြုလာကြသည်။ ဤမျိုးဆက် တိုက်လေယာဉ်များသည် လှုပ်ရှား စစ်ကစားနိုင်စွမ်း မြင့်မားကြပြီး အဖျက်စွမ်းပကားလည်း ကြီးမားလာကြသည်။ ![]() ![]() ဤမျိုးဆက်အတွင်း ထင်ရှားသော တိုက်လေယာဉ်များမှာ
တတိယမျိုးဆက် တိုက်လေယာဉ်များလေကြောင်းနှင့် အာကာသ နည်းပညာများ အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ဒုတိယ မျိုးဆက် တိုက်လေယာဉ်များကို အဆင့်မြှင့်ကာ တတိယ မျိုးဆက် တိုက်လေယာဉ်များ ပေါ်ထွန်းလာကြသည်။ အလိုအလျောက် ပဲထိန်း လက်နက်များ ၊ ပြောင်းမျိုးစုံ ပါဝင်သည့် စက်သေနတ်များ ၊ အဆင့်မြင့် ရေဒါနှင့် လေကြောင်းထိန်း စနစ်များ တပ်ဆင်လာကြသည်။ တိုက်လေယာဉ် တစ်စီး၏ သယ်ဆောင်နိုင်သော လက်နက်ပမာဏသည်လည်း ဒုတိယ ကမ္ဘာစစ်က အကြီးစား ဗုံးကြဲလေယာဉ် တစ်စီး သယ်ဆောင်နိုင်သည့် ပမာဏထက်ပင် ပိုမိုလာကြသည်။ တန်ဖိုးမြင့် အဖျက်စွမ်းအားကြီး လက်နက်များ သယ်ဆောင်နိုင်လာကြသည်။ အဏုမြူ လက်နက်များလည်း သယ်ဆောင် ပစ်ခတ်နိုင်လာကြသည်။ ![]() ![]() ဤမျိုးဆက်၏ ထင်ရှားသော တိုက်လေယာဉ်များမှာ စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ
၁၉၇ဝ မှ ၂၀၀ဝ ပြည့်နှစ်များအတွင်း တတိယ မျိုးဆက် တိုက်လေယာဉ်များထက် အစွမ်းထက်မြက်သော တိုက်လေယာဉ်များကို ထုတ်လုပ်လာကြပြီး လေကြောင်း အရေးသာမှု ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလာကြသည်။ လေယာဉ်များ လေထဲတက်နိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်ချိန်ကို လျှော့ချနိုင်လာ၍ ဝေဟင်ဆီဖြည့်စနစ်ကိုလည်း ဆောင်ရွက်နိုင်လာကြသည်။ ထို့ကြောင့် လေထဲတွင် နေနိုင်ချိန် (Endurance) ပိုမိုလာကြပြီး လေကြောင်း အကဲသာမှု ပိုမိုလာကြသည်။ နေ့ညမရွေး / ရာသီမရွေး တိုက်ပွဲဝင်နိုင်လာကြသည်။ ဤမျိုးဆက်၏ ထင်ရှားသော တိုက်လေယာဉ်များမှာ -
ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ![]() ပဉ္စမ မျိုးဆက် တိုက်လေယာဉ်များတွင် thrust vectoring နည်းပညာ ဖွံ့ဖြိုးလာ၍ လေယာဉ်များအနေဖြင့် ရဟတ်ယာဉ် များကဲ့သို့ တည့်တည့် တက်/ဆင်း လာနိုင်ကြသည်။ After Burner မလိုအပ်တော့ပဲ သာမန် ပျံသန်းနေချိန်တွင်ပင် အသံထက်မြန်သော နှုန်းဖြင့် ပျံသန်းနိုင်လာကြသည်။ လေယာဉ်ကိုယ်ထည်ကို သတ္တုစပ်အမျိုးမျိုး အသုံးပြု၍ ရေဒါ ဖြင့် မမြင်နိုင်သော ကိုယ်ပျောက် နည်းပညာ ပေါ်ထွန်းလာခဲ့သည်။ အဆင့်မြင့် လေကြောင်း နည်းပညာများ အသုံးပြုလာ၍ တိုက်ပွဲဝင်နေစဉ်အတွင်း လေယာဉ်မောင်း (ပိုင်းလော့) အား တိုက်ပွဲတွင်သာ ပိုမိုအာရုံစူးစိုက်လာစေနိုင်သည်။ လေယာဉ်မောင်း ဦးထုတ်တွင် ချိန်ခွက် တပ်ဆင်အသုံးပြုနိုင်လာ၍ ပစ်မှတ် ချိန်ရွယ်မှုစနစ် ပိုမိုကောင်းမွန်လာသည်။ ဤမျိုးဆက်တွင် သိသာထင်ရှားသော ပြောင်းလဲမှုမှာ ကိုယ်ပျောက် နည်းပညာပင် ဖြစ်သည်။ ထင်ရှားသော တိုက်လေယာဉ်များမှာ - ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia