တောင်မြင့်ရွာ၊ ပေါက်မြို့နယ်
တောင်မြင့်ရွာ (အင်္ဂလိပ်: Taungmyint)သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၁၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်မြင့်ကျေးရွာအုပ်စုတွင် ကျား ၂၁၅၅ ဦး၊ မ ၂၆၅၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၈၀၅ ဦးနေထိုင်သည်။[၁] ကျေးရွာသည် တောင်မြင့်ကျေးရွာအုပ်စု၏ ပင်မရွာ ဖြစ်သည်။[၂] သမိုင်း၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော ပြည်သူ့ခုခံတော်လှန်စစ်ကာလတွင် စာသင်ကျောင်းများ ပိတ်ထားခဲ့သည်။ ကျေးရွာသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တပ်မတော် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ရာ နေရာ ဖြစ်လာခဲ့သည်။ စစ်ကောင်စီတပ်သားများက အနီးနားရှိ သစ်ညီနောင်ရွာမှ ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ဦးခေါင်းအား စာသင်ကျောင်းဝင်ပေါက်တွင် ချိတ်ဆွဲထားခဲ့သလို စာသင်ကျောင်းအား မီးရှို့ခဲ့သည်။[၃][၄] ပြည်တွင်းစစ်မတိုင်မီ ၂၀၁၉ ခုနှစ်က ကျေးရွာတွင် အလယ်တန်းကျောင်းတစ်ကျောင်ရှိကာ ဆရာဆရာမ ၉ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၂၃ ဦး တက်ရောက်ခဲ့သည်။[၂]
ကိုးကား
|
Portal di Ensiklopedia Dunia