ထုံးကြီးဘူတာ

ထုံးကြီးဘူတာ

ထုံးကြီးဘူတာ သည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ ဘူတာတစ်ခု ဖြစ်သည်။ ကော့ချဲဘူတာနှင့် ကျောက်တန်းဘူတာအကြားတွင် တည်ရှိသည်။ ကဝမြို့နယ်နှင့် ထုံးကြီးရွာအနီးတစ်ဝိုက်ရှိ ပြည်သူများခရီးသွားရန် အသုံးပြုလျက်ရှိသည်။

ဆက်သွယ်သွားလာမှုများ

ပဲခူးအိပ်

ထုံးကြီးဘူတာမှ ရန်ကုန်-ပဲခူးကိုဆက်သွယ်ပေးသည့် ပဲခူး-ရန်ကုန် လော်ကယ်ရထား (ပဲခူးအိပ် ဟုလည်းဒေသအခေါ်ခေါ်သည်။)နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။ ထိုလော်ကယ်ရထားသည် မနက်ပိုင်းတွင် ပဲခူးမှ ရန်ကုန်သို့လည်းကောင်း၊ ညနေပိုင်းတွင် ရန်ကုန်မှ ပဲခူးသို့ ပြေးဆွဲပေးလျက် ရှိသည်။

စာပို့ရထား

ရန်ကုန်-မန္တလေးစာပို့ရထားသည် မနက်ခင်းပိုင်းတွင် အစုန်၊ အဆန် ထုံးကြီးဘူတာကို ဖြတ်သန်းသွားလာလျက် ရှိသည်။ ထုံးကြီးဘူတာတွင် ရပ်နားဆိုက်ကပ်ပြီး ရန်ကုန် (သို့) မန္တလေးသို့ ခရီဝေးသွားမည့်သူများသည်လည်း ထိုရထားများကို စောင်းဆိုင်းကာ စီးနင်းလိုက်ပါကြသည်။

ကိုးကား


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya