ထောက်ကြံ့ စစ်သင်္ချိုင်း
ထောက်ကြံ့စစ်သင်္ချိုင်း သည် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှဓနသဟာယနိုင်ငံများမှ မြန်မာပြည်စစ်ပွဲများအတွင်း သေဆုံးခဲ့သော မဟာမိတ်စစ်သားများကို မြုပ်နှံထားသော စစ်သင်္ချိုင်း ဖြစ်သည်။ ထိုစစ်သင်္ချိုင်းသည် ထောက်ကြံ့မြို့အနီးတွင် တည်ရှိပြီး ရန်ကုန်မြို့မြောက်ဘက် ၂၅ ကီလိုမီတာအကွာ ပြည်လမ်းမပေါ်တွင် တည်ရှိသည်။ ဓနသယာယနိုင်ငံစစ်သင်္ချိုင်းကော်မရှင် (Commonwealth War Graves Commission)မှ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သည်။
သမိုင်းကြောင်းထောက်ကြံ့စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ မန္တလေးမြို့၊ စစ်တွေမြို့၊ မိတ္ထီလာမြို့ နှင့် ဆားမှော် (Shamaw) တိုက်ပွဲများတွင် ကျဆုံးခဲ့သော စစ်သားများ ကျန်ရှိနေသာ ရုပ်အလောင်းများကို မြုပ်နှံထားပြီး ဂူများကို တိုက်ပွဲများအလိုက် စီထားသည်။ ၂၇၀၀၀ သော နာမည်များစွာရေးထိုးသော ဓနသဟာယစစ်သားများထဲတွင် မြန်မာပြည်တွင် တိုက်ပွဲဝင် သေဆုံးခဲ့သော အိန္ဒိယစစ်သားများနှင့် အာဖရိကစစ်သားများလည်း ပါဝင်သည်။ အိန္ဒိယစစ်သားများအရေအတွက်သည် ၁၈၁၉ ဂူ ရှိသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းစစ်သင်္ချိုင်းကို ထိန်းသိမ်းသည့်လုပ်ငန်းအတွက် နိုင်ငံ ၁၃၅ နိုင်ငံမှ ထည့်ဝင်သော ငွေကြေးဖြင့် လည်ပတ်နေခြင်းဖြစ်ကာ ဗြိတိသျှနိုင်ငံသည် ၇ဝ% ဖြင့်အများဆုံးပါဝင်ပြီး ကျန်နိုင်ငံများမှာ အုတ်ဂူအရေအတွက်ဖြင့် အချိုးကျထည့်ဝင်သည်။ ကျန်ရစ်သူ ဆွေမျိုးသားချင်းများ လာရောက်ဂါရဝပြုနိုင်စေရန်နှင့် ဥယျာဉ်၊ သင်္ချိုင်းတစ်ခုထက် သာလွန်သောနေရာတစ်ခုဖြစ်စေရန် ပြုပြင်ထားသည်။[၃] ဗစ်တိုးရီးယားခရော့စ်ဆုတံဆိပ်ရရှိသူများထောက်ကြံ့စစ်သင်္ချိုင်းတွင် မြုပ်နှံထားသော စစ်သားများထဲတွင် ဗစ်တိုးရီးယားခရော့စ်ဆုတံဆိပ်ရရှိသူ ခုနှစ်ဦးပါဝင်သည်။ Rangoon Memorial တွင် ဗစ်တိုးရီးယားခရော့စ်ဆုတံဆိပ် ရရှိသူ အိန္ဒိယစစ်သားများအပါဝင် နာမည်များစွာကို မှတ်တမ်းတင်ထားသည်။[၄] မြုပ်နှံထားသော စစ်သားများမှာ[၅]
They died for all free men ဟုသော စာသားကို အင်္ဂလိပ်၊ ဟင်ဒီ၊ Urdu၊ Gurmukhi ဘာသာများဖြင့် Rangoon Memorial တွင်ရေးထိုးထားသည်။[၆] ထောက်ကြံ့အောက်မေ့ဖွယ်စစ်သင်္ချိုင်းသည် သူတို့၏ ယုံကြည်ချက်အရ စစ်သား ၁၀၀၀ ကျော်ကို မြုပ်နှံခဲ့သော နေရာလည်းဖြစ်သည်။ [၇] ဆက်လက်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia