မိတ္ထီလာမြို့
မိတ္ထီလာမြို့သည် မြန်မာပြည်အလည်ပိုင်း တွင်တည်ရှိ၍ မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သောမြို့ဖြစ်ပြီး မိတ္ထီလာကန်၏နံဘေးတွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် မိတ္ထီလာမြို့အနီးမှ ဖြတ်သန်းဖောက်လုပ်ထားပြီး ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီး၊ ပုဂံ-တောင်ကြီးလမ်းနှင့် မိတ္ထီလာ-မြင်းခြံလမ်းတို့ ဆုံရာလမ်းဆုံလမ်းခွတွင်ဖြစ်သောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စည်ကားသော မြို့တစ်မြို့ဖြစ်သည်။ မိတ္ထီလာမြို့သည် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ သမိုင်းမိတ္ထီလာမြို့သည် ရှေးအခါက သျှိသျှားမြို့ဟု တွင်ခဲ့သည်။ ကန်တော်ကို အစွဲပြု၍ တွင်သော အမည်ဖြစ်ရကား ကန်တော်အမည် ပြောင်းသည်နှင့်အမျှ မြို့၏ အမည်လည်း ပြောင်းလဲခဲ့ပေသည်။ ယခု တွင်လျက်ရှိသော မိတ္ထီလာဟူသော အမည်ကား ပုဂံ အနော်ရထာမင်း၏ လက်ထက်တော်မှ စ၍ မထိလာ ဟူသော အမည်မှ ကာလ ရွေ့လျောသည့် အလျောက် ပြောင်းလဲလာသောအမည်ဖြစ်သည်ဟု ဆိုလေသည်။ မိတ္ထီလာကန်တော်သည် မြို့ကျက်သရေဆောင်ဖြစ်သကဲ့သို့၊ မြန်မာ့သမိုင်းနှင့်လည်း ဆက်စပ်နေသည်။ အနော်ရထာမင်းကြီးမှ စတင်ဆည်ဖို့ခဲ့ပြီး အလောင်းစည်သူမင်းပြုပြင်တည်ဆောက်ခဲ့သည်။ ကန်တော်အတွင်းရှိ အန္တကူ ရေလည်ဘုရားမှာလည်း ထင်ရှားသည်။ ကန်တော်ကမ်းပါးရှိ ဖောင်တော်ဦးစေတီတော်သည်လည်း ထင်ရှားသော စေတီတစ်ဆူဖြစ်သည်။ နှစ်စဉ် တော်သလင်းလတွင် စည်ကားသိုက်မြိုက်စွာ ဖောင်တော်ဦးစေတီတော်၏ ဘုရားပွဲတော်ကျင်းပလေ့ရှိသည်။ လှေပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသည်။ မိတ္ထီလာမြို့၏ သမိုင်းနောက်ခံသည် ဗမာလူမျိုးတို့၏မူရင်းဒေသဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းလွင်ပြင်ဒေသနှင့် ဆက်နွယ်လျက်ရှိသည်။ ပထမမြန်မာနိုင်ငံတော် စတင်ပေါ်ပေါက်လာသည့် ခရစ် (၁၁) ရာစုနှစ်မှစ၍ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှအင်ပါယာလက်အောက်ကျရောက်ခဲ့သည့် ခရစ် (၁၉) ရာစုနှစ်မတိုင်မီအထိ မိတ္ထီလာဒေသသည် ဗမာမင်းအဆက်ဆက်တို့၏ အာဏာစက်အောက်တွင် အစဉ်သဖြင့်တည်ရှိခဲ့လေသည်။ ၁၉၄၅ ခုနှစ်တွင် ဝီလီယံ စလင်း၏ လက်အောက်ခံ မဟာမိတ်တပ်များသည် ဖက်ဆစ်ဂျပန်တို့ကို မိတ္ထီလာစစ်မြေပြင်တွင် တိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရရှိပြီး မကြာမီမှာပင် ကရင်လက်နက်ကိုင်များလက်အောက်သို့ တဒင်္ဂကျရောက်ခဲ့သေးသည်။ ပထဝီဝင် အနေအထားမင်းဝံကုန်းတန်းထက်တွင် အမြင့်ပေ ၈ဝဝ ၌တည်ရှိသည်။ ရန်ကုန်မြို့မှ မော်တော်ကားလမ်းအတိုင်း ၃၃၈ မိုင်ဝေး၍၊ မန္တလေးမြို့မှ ၉၅ မိုင် ဝေးသည်။ သာစည်မြို့မှ မီးရထားလမ်းအတိုင်း ၁၄ မိုင် ကွာဝေးသည်။ ရန်ကုန် - မန္တလေး မော်တော်ကားလမ်း၊ ရှမ်းပြည်နယ် - ရေနံချောင်း မော်တော်ကားလမ်း၊ မြင်းခြံမှ မော်တော်ကားလမ်းတို့ ဆုံရာဖြစ်သည့်ပြင် သာစည် - မြင်းခြံ မီးရထားလမ်းပေါ်တွင် တည်ရှိပေရာ၊ လမ်းဆုံလမ်းခွတွင်ဖြစ်သောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စည်ကားသော မြို့တစ်မြို့ဖြစ်၏။ မြို့ပြလူဦးရေမိတ္ထီလာမြို့မတွင် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက် အိမ်ခြေပေါင်း ၃,၇၃ဝ ရှိပြီးလျှင် လူပေါင်း ၂၅,၈၉၁(၁၉၆၃)ယောက်နေထိုင်လျက်ရှိလေသည်။ မိတ္ထီလာမြို့တွင် ခရိုင်အုပ်ချုပ်ရေးရုံးများ၊ လယ်ယာစိုက်ပျိုးရေး၊ ကြေးတိုင်နှင့် မြေစာရင်း၊ အမြတ်တော်ခွန်၊ ယစ်မျိုး၊ သစ်တော၊ သမဝါယမ၊ ရဲ၊ လမ်းလုပ်ငန်းနှင့် ဆည်မြောင်းဌာနစသည်တို့နှင့် ခရိုင်စက်ရှင်နှင့် တရားမရာဇဝတ်တရားသူကြီးစသည်တို့ ရုံးစိုက်ပေရာ၊ အစိုးရရုံးများသည် မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ မိတ္ထီလာတွင် တပ်မတော်လေယာဉ်ကွင်းရှိ၍ တပ်မတော်တပ်ပေါင်းစုများ၊ တပ်မတော်ဌာနချုပ် ရုံးများလည်းတည်ရှိသည်။ မိတ္ထီလာမြို့တွင် ထင်ရှားသော မိတ္ထီလာကန်သည် မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ စီးပွားရေးမိတ္ထီလာမြို့သည် ပတ်ဝန်းကျင် ခရိုင်များ၊ မြို့များသို့ပေါက်ရောက်သော ခရီးလမ်းဆုံလမ်းခွတွင် ရှိသောကြောင့်လည်း စီးပွားရေးတွင် ကောင်းမွန် ဖွံ့ဖြိုးကာ လူသိများသည်။ မိတ္ထီလာ ချည်မျှင်နှင့်အထည်စက်ရုံ (ယခုတပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ) တို့လည်းရှိသည်။ ![]() ယဉ်ကျေးမှုရဟန်းတော်များ စာသင်တိုက်များအပြင် ထင်ရှားသော ဘုရားစေတီများ ရှိသည်။ ယင်းတို့ကား ပုဂံပြည် အနော်ရထာမင်းစော တည်ထားကိုးကွယ်ခဲ့သည့် ရှင်ပင်ဂူစေတီ၊ ရွှေဂူလှစေတီ၊ ရွှေဂူကြီးစေတီ၊ ရွှေစောလူးစေတီ၊ ရှင်ပင်ဇယစ်စေတီများ၊ ထို့ပြင် အလောင်းစည်သူမင်းတည်တော်မူခဲ့သော ရွှေမြင်တင် ၊ မြို့တွင်း ဆုတောင်းပြည့်၊ ဖောင်တော်ဦး၊ အတွင်းရွှေကျောင်း၊ အပြင်ရွှေကျောင်း၊ ရွှေမြင်မိ၊လောကထိပ်ပန်၊ ရွှေလက်လှစသည့် များစွာသော ဘုရားစေတီ အဆူဆူတို့ဖြစ်၏။ ရွှေမင်းဝံတောင်ထိပ်ထက်၌ တည်ရှိသော ရွှေမြင်တင်စေတီသည် ယခုအခါ ထင်ရှား၍ ကဆုန်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့များတွင် နှစ်စဉ် ပွဲတော်များကျင်းပသည်။ ယခုအခါဘုရားပရဝုဏ်အနီးတစ်ဝိုက်တွင် တပ်မတော်မှ အဆောက်အအုံများ တည်ဆောက်ပြီး စစ်တပ်ချထားသည်ဖြစ်သောကြောင့် ရွှေမြင်တင်စေတီကို မြေပြင်မှာ တည်ထားသကဲ့သို့ တွေ့မြင်ရပေသည်။ အထင်ကရများ
ကျန်းမာရေးမိတ္ထီလာမြို့တွင် အထွေထွေပြည်သူ့ဆေးရုံကြီးတစ်ခုနှင့် တပ်မတော်စစ်ဆေးရုံ (မိတ္ထီလာ)တို့ တည်ရှိကြသည်။ ကန်တော်ကို အမှီပြုရ၍ ရာသီဥတု ဆီလျော်သင့်မြတ်၏။ မြေမျက်နှာပြင် အနေအထားမှာလည်း ကောင်းမွန်၏။ ခြောက်သွေ့သော်လည်း လေကောင်းလေသန့်ရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည်။ အထူးသဖြင့် အဆုတ်နာရောဂါ၊ နှလုံးရောဂါ ဝေဒနာရှင်များအတွက် သင့်မြတ်သောကြောင့် ဆိုခဲ့သည့် ရောဂါများ စွဲကပ်နေသော ဝေဒနာရှင်တို့သည် မိတ္ထီလာမြို့သို့ သွားရောက်ကုသယင်း အနားယူကြပေသည်။[၁] ပညာရေးအခြေခံပညာမိတ္ထီလာမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း အမှတ်(၁)မှ အမှတ်(၆)အထိ တည်ရှိကြသည်။ အဆင့်မြင့်ပညာမိတ္ထီလာမြို့တွင်
}} စေတီပုထိုးများ{{columns-list|
ကိုးကား
|
Portal di Ensiklopedia Dunia