ဒါရီယံ အမျိုးသားဥယျာဉ်

ဒါရီယံ အမျိုးသားဥယျာဉ်
တည်နေရာဒါရီယံပြည်နယ် ၊ ပနားမားနိုင်ငံ
ကိုဩဒိနိတ်7°44′10″N 77°32′50″W / 7.73611°N 77.54722°W / 7.73611; -77.54722ကိုဩဒိနိတ်: 7°44′10″N 77°32′50″W / 7.73611°N 77.54722°W / 7.73611; -77.54722
ဧရိယာ၅,၇၉၀ km2 (၂,၂၄၀ sq mi)
ဖွဲ့စည်းစက်တင်ဘာ ၂၇၊ ၁၉၈၀
အမျိုးအစားသဘာဝ
ရွေးချယ်သည့်စံနှုန်းix, x
ရွေးချယ်ခြင်း၁၉၈၁ ပဉ္စမအကြိမ်
ရည်ညွှန်းနံပါတ်159
နိုင်ငံပနားမားနိုင်ငံ
ဒေသလက်တင်အမေရိက နှင့် ကာရစ်ဘီယံ

ဒါရီယံ အမျိုးသားဥယျာဉ် သည် ပနားမားနိုင်ငံတွင် တည်ရှိသော ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ ပနားမားစီးတီး မှ ၃၂၅ ကီလိုမီတာခန့် အကွာတွင် တည်ရှိပြီး ပနားမားနိုင်ငံရှိ အမျိုးသား ဥယျာဉ်များတွင် အကျယ်ပြန့်ဆုံး ဖြစ်ကာ အလယ်အမေရိကရှိ ကမ္ဘာ့အမွေအနှစ် နေရာများထဲမှ အရေးပါဆုံး နေရာတစ်ခု ဖြစ်သည်။

ဒါရီယံ အမျိုးသား ဥယျာဉ်သည် မြောက်အမေရိက နှင့် တောင်အမေရိက ကို ဆက်သွယ်ပေးထားသော သဘာဝ တံတားလည်း ဖြစ်သည်။ []

၁၉၇၂ ခုနှစ်တွင် ဟက်တာ ၇၀၀,၀၀၀ (၇,၀၀၀ စတုရန်း ကီလိုမီတာ) သည် အော်လ်တို ဒါရီယံ ကာကွယ်တော့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ၁၉၈၀ ခုနှစ်သို့ ရောက်သော အခါ ထိုဧရိယာအား အမျိုးသား ဥယျာဉ် အဖြစ် ကြေညာခဲ့သည်။ ၁၉၈၃ ခုနှစ်သို့ ရောက်သော အခါ ဧရိယာ ၈၅၉,၃၃၃ ဟက်တာ (၈၅၉၃.၃၃ စတုရန်း ကီလိုမီတာ) သည် ယူနက်စကို၏ ဇီဝရပ်ဝန်း ထိန်းသိမ်းရေး ဒေသ ဖြစ်လာခဲ့သည်။ [] The park covers ၅,၇၉၀ km2 (၅၇၉,၀၀၀ ha).[]

ထိုဒေသသည် ပနားမားနိုင်ငံ၏ တောင်ဘက်စွန်း ဒါရီယံ ပြည်နယ်တွင် တည်ရှိပြီး တောင်ဘက်နယ်နိမိတ်မှာ ပနားမား-ကိုလံဘီယာ နယ်စပ်တွင် ၉၀% မျှ ဆန့်တန်းလျက် ရှိသည်။ အရှေ့မြောက်ဘက်တွင် ကာရစ်ဘီယံ ပင်လယ် ၁၆ ကီလိုမီတာခန့် ပြိုင်လျက် ရှိပြီး ပစိဖိတ် ကမ်းရိုးတန်းနှင့်လည်း ပြိုင်လျက်ရှိသော ဆာရန်းနီးယား ဒဲလ် ဒါရီရံ တောင်တန်း နှင့် ပင်လယ်ကြား တွင် တည်ရှိသည်။ ကိုလံဘီယာရှိ လော့စ် ကာတီယို အမျိုးသားဥယျာဉ် နှင့် ကပ်လျက် ရှိသည်။


ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya