ဒီပင်္ကရ ရံသိဇောတိ
ဒီပင်္ကရရံသိဇောတိ(ထိုင်း: ทีปังกรรัศมีโชติ; ရောမ: Dipangkorn Rasmijoti, ပါဠိ: Dīpaṅkara Raṃsijoti)သည် ထိုင်းနိုင်ငံ၏ နန်းမွေနန်းလျာ၊ ထီးရန်နန်းရန် မင်းသားတစ်ပါး ဖြစ်သည်။ ဘုရင်ဝဇိရာလင်္ကရဏ၏ ငါးယောက်မြောက်သား၊ ခုနစ်ယောက်မြောက်နှင့် အငယ်ဆုံးကလေးဖြစ်သည်။ မယ်တော်မှာ ဘုရင်၏ တတိယမြောက်လက်ထပ်ခဲ့သောမိဖုရား ဆရီရမ်ဆမီ ဆုဝဒီဖြစ်သည်။ ဘဝအစနှင့် ပညာရေးမင်းသားကို ၂၀၀၅ခုနှစ် ဧပြီလ၂၉ရက်နေ့က ဘန်ကောက်မြို့ရှိ သီရိရာဇ်ဆေးရုံတွင် ဖွားမြင်ခဲ့သည်။၂၀၀၅ ခုနှစ် ဇွန်လ၁၅ရက်နေ့တွင် ဘိုးတော် ဘူမိဗလအတုလျတေဇက မင်းသားဘွဲ့ ပေးသနားခဲ့သည်။ [၁] ![]() ![]() နိုင်ငံခြားရှိ ဘာဗေးရီးယန်းနိုင်ငံတကာကျောင်းတွင် ပညာမသင်မီသူ၏ ပညာရေးကို ချသရာလဒါကျောင်းတွင် စတင်ခဲ့သည်။ [၂] နန်းမွေနန်းလျာအဆင့်သူသည် ခမည်းတော် ဝဇိရာလင်္ကရဏကိုဆက်ခံမည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သို့သော် ၂၀၁၄ ဒီဇင်ဘာလတွင် ဝဇိရာလင်္ကရဏနှင့် ဆရီရမ်ဆမီ ဆုဝဒီတို့ ကွာရှင်းခဲ့၍ သူ၏ နန်းမွေနန်းလျာမှာ သိပ်မသေချာပေ။၁၉၂၄ ဆက်ခံခြင်းဥပဒေအရ အကြီးမှစ၍ နန်းမွေနန်းလျာဆက်ခံရမည်ဖြစ်သော်လည်း ဝဇိရာလင်္ကရဏသည် သူ၏ ဒုတိယမြောက်အိမ်ထောင်နှင့် ၁၉၉၆ခုနှစ်တွင် ကွာရှင်းကာ သားလေးယောက်ကိုပါ စွန့်လွှတ်ခဲ့သည်။[၃] ဘွဲ့တံဆိပ်နာမံတော်
ခမည်းတော်ဝဇိရာလင်္ကရဏမင်း နန်းတက်သည့်အခါ ဘွဲ့တံဆိပ်နာမံတော်အသစ်ကို ပေးသနာခဲ့သည်။ ဆွေစဉ်မျိုးဆက်
ကိုးကား
|
Portal di Ensiklopedia Dunia